UNESCAP မှ ကြီးမှူးကျင်းပသည့်ကမ္ဘောဒီးယား၊ လာအို၊မြန်မာ၊ဗီယက်နမ်နှင့် ထိုင်းနိုင်ငံ(CLMV-T) များအကြား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ပို့ဆောင်ရေးချိတ်ဆက်မှုတိုးတက်ကောင်းမွန်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

UNESCAP မှ ကြီးမှူးကျင်းပသည့်ကမ္ဘောဒီးယား၊ လာအို၊မြန်မာ၊ဗီယက်နမ်နှင့် ထိုင်းနိုင်ငံ(CLMV-T) များအကြား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ပို့ဆောင်ရေးချိတ်ဆက်မှုတိုးတက်ကောင်းမွန်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ ရန်ကုန် / October 11, 2018


မြန်မာနိုင်ငံကအိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့်ထိုင်းနိုင်ငံ(CLMV-T) များအကြား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ​သော ပို့ဆောင်ရေး ချိတ်ဆက်မှုတိုးတက်ကောင်းမွန်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ (Capacity Building Workshop on Strengthening Transport Connectivity among CLMV-T ) ကို UNESCAP ၏စီစဉ်မှု၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၉-၁၀) ရက်နေ့များတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က အဖွင့်အမှာစကားပြောကြားရာတွင် UNESCAP ၏ကနဦးဆောင်ရွက်မှုများအပေါ် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံသည် သယ်ယူပို့ဆောင်ရေး နည်းလမ်းစုံပါဝင်သော National Transport Master Plan နှင့်အညီ  ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်ရေးကိုဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်နယ်စပ်ဖြတ်ကျော်နှင့်တစ်ဆင့် ဖြတ်သန်း သယ်ယူပို့ဆောင်ရေးဆိုင်ရာအတွေ့အကြုံအားနည်းခြင်းကြောင့် ယခုအလုပ်ရုံဆွေးနွေးပွဲသည် များစွာ အကျိုး​ရှိစေကြောင်း ဖြင့်ပြောကြားခဲ့ပါသည်။

UNESCAP Transport Division ၏ ကိုယ်စားလှယ် Mr.Sandeep Raj Jain က CLMV-T နိုင်ငံများအကြား နယ်မြေအနေအထား နီးကပ်စွာတည်ရှိမှုအရ သယ်ယူပို့ဆောင်ရေးချိတ်ဆက်မှုမြှင့်တင်ခြင်းသည် များစွာအကျိုးကျေးဇူးရှိကြောင်း၊ အဆိုပါ လုပ်ငန်းရပ်အပေါ် UNESCAP ၏ကနဦးဆောင်ရွက်ပေးခဲ့မှုများရှိခဲ့သည့်နည်းတူ ဆက်လက် ထောက်ပံ့အကူအညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် CLMV-T နိုင်ငံများအကြား ကမ်းရိုးတန်းသွားသင်္ဘောလုပ်ငန်း(coastal shipping) အပါအဝင် သယ်ယူပို့ဆောင်ရေးချိတ်ဆက်မှု မြှင့်တင် နိုင်ရန်အတွက် ပို့ဆောင်ရေး  စိန်ခေါ်မှု များအားဆွေးနွေးခဲ့ကြပါသည်။ ရုပ်ပိုင်းဆိုင်ရာမဟုတ်သော အတားအဆီးများကြောင့် seamless transport connectivity အတွက် စိန်ခေါ်မှုဖြစ်နေကြောင်း ကိုတက်ရောက်လာသူများက သဘောတူကြပြီး အဆိုပါစိန်ခေါ်မှုများကို လက်တွေ့ကျကျဖြေရှင်းရန်နှင့်် trailer swap  အသုံးပြုခြင်းကဲ့သို့ ချင်းကပ်နည်းလမ်းများလိုအပ်ကြောင်းဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ကမ်းရိုးတန်းသွားသင်္ဘောလုပ်ငန်း(coastal shipping) သည် ကုန်စည်နှင့်ခရီးသည် ပို့ဆောင်ရေးကို စဉ်ဆက်မပြတ်တိုးမြှင့်ရန်နှင့်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် (SDGs) ကို အထောက်အပံ့ပေးရာတွင်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အရေးပါသည့်  ပို့ဆောင်ရေးနည်းလမ်းတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ကြပါသည်။

ဖော်ပြပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဖိတ်ကြားထားသောနိုင်ငံ အသီးသီး၏ ပို့ဆောင်ရေး၊  ရေကြောင်းပို့ဆောင်ရေးနှင့် အကောက်ခွန်ဆိုင်ရာဝန်ကြီးဌာနများမှအဆင့်မြင့်အရာထမ်းများ၊ ပုဂ္ဂလိကကုန်စည်ပို့ဆောင်ရေးအသင်းအဖွဲ့တို့မှတာဝန်ရှိသူများ၊ကိုရီးယား၊ မလေးရှားရေကြောင်းတက္ကသိုလ်တို့မှ ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း  ဦးရေ (၅၀) နီးပါးတက်ရောက်ခဲ့ပါသည်။ 

အထူးသတင်း
  • အစိုးရ၏ ဝန်ဆောင်မှုများ၊ တင်ဒါများနှင့် သတင်းအချက်အလက်များကို တစုတစည်းတည်း ဖော်ပြထားသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသားအဆင့် Myanmar National Portal အား https://myanmar.gov.mm ဖြင့် လွှင့်တင်ထားပြီး ဖြစ်ပါ၍ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပြီ ဖြစ်ပါသည်
  •