Union Minister Dr. Myint Htwe accepts donation of Myanmar Pharmaceutical and Medical Equipment Entrepreneurs’ Association and Myanmar Pharmaceutical and Medical Device Manufacturer Association for healthcare activities in the flood affected area

Union Minister Dr. Myint Htwe accepts donation of Myanmar Pharmaceutical and Medical Equipment Entrepreneurs’ Association and Myanmar Pharmaceutical and Medical Device Manufacturer Association for healthcare activities in the flood affected area


Ministry of Health & Sports/ Mandalay / August 19, 2019


မန္တလေး၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆေးဝါးနှင့်ဆေးပစ္စည်းထုတ်လုပ်သူများအသင်းတို့မှ ရေဘေးသင့်ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန် အလှူငွေများပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

 ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားရာတွင် -

• ယခုကဲ့သို့ ရေဘေးအန္တရာယ်ခံစားနေရသည့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် စေတနာထက်သန်စွာဖြင့်လှူဒါန်းမှုအပေါ် ကျေးဇူးတင်ရှိ ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် အလှူငွေများကို စနစ်တကျထိရောက်စွာအသုံးပြုသွားမည်ဖြစ်ပြီး မည်ကဲ့သို့ အသုံးပြုမည်ဆိုသည်ကို အလှူရှင်များထံအသိပေး အကြောင်းကြားသွားမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းများဝယ်ယူရာတွင် ဘဏ္ဍာငွေများကို စနစ်တကျထိရောက်စွာအသုံးချလျက်ရှိပါကြောင်း၊

• ပြည်တွင်းမှ ထုတ်လုပ်သည့် ဆေးဝါးများကိုလည်း အရည်အသွေးပြည့်ဝမှုအပေါ်မူတည်၍ ဦးစားပေးဝယ်ယူလျက်ရှိပါကြောင်း၊

• ဆေးနှင့်ဆေးပစ္စည်းများ မှတ်ပုံတင်ခြင်း ဆိုင်ရာကိစ္စရပ်များကိုလည်း လွယ်ကူလျင်မြန်စွာဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

• မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆေးဝါးနှင့်ဆေးပစ္စည်းထုတ်လုပ်သူများအသင်းနှင့် ဝန်ကြီးဌာနတို့အကြား ဆက်သွယ်ဆောင်ရွက်မှုလမ်းကြောင်းတစ်ခု ထားရှိကာ အကြံပြုချက်များပေးပို့ရယူခြင်းကို ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• အသင်းများအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းများ မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များအပါအဝင် ဆေးနှင့်ဆေးပစ္စည်းဆိုင်ရာ ကိစ္စရပ်များ ပိုမိုကောင်းမွန်စေရေးအတွက် အကြံပြုချက်များပေးအပ်စေလိုပါကြောင်း၊

• ဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆေးဝါးနှင့်ဆေးပစ္စည်းထုတ်လုပ်သူများအသင်းတို့မှ တာဝန်ရှိသူများပါဝင်သည့် အစည်းအဝေးတစ်ရပ် ကိုလည်း ကျင်းပ၍ ဆေးနှင့်ဆေးပစ္စည်းဆိုင်ရာကိစ္စရပ်များ ပိုမိုကောင်းမွန်စေရေးဆွေးနွေးသွားကြမည်ဖြစ်ပါကြောင်း၊

• ပြည်သူများ အရည်အသွေးပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် ဆေးဝါးများကို စနစ်တကျ အသုံးပြုနိုင်ရေးမှာ အရေးကြီးပါကြောင်း၊

• ကာလတိုနှင့် ကာလရှည်ကျန်းမာရေးထိခိုက်စေနိုင်သည့် စပ်ဆေးအန္တရာယ်ကိုလည်း ပြည်သူများ သိရှိရှောင်ရှားနိုင်ရန်လိုအပ်ပါကြောင်း၊

• ဆေးဆိုင်များအားလုံး မှတ်ပုံတင်ရှိရေး၊ မှတ်ပုံတင်ထားရှိပြီးသော ဆေးဝါးများသာရောင်းချရေးနှင့် ဆရာဝန်၏ ညွှန်ကြားချက်ပါမှသာ ရောင်းချနိုင်သော ဆေး (prescription drug) နှင့် ဆရာဝန်၏ ညွှန်ကြားချက်မလိုအပ်ဘဲ ရောင်းချနိုင်သော ဆေး (over-the-counter drug) များကို သတ်မှတ်ချက်များအတိုင်း စနစ်တကျ ရောင်းချရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆေးဝါးနှင့်ဆေးပစ္စည်းထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးဇော်မိုးခိုင်က အလှူရှင်များကိုယ်စား လှူဒါန်းမှု အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆေးဝါးနှင့်ဆေးပစ္စည်းထုတ်လုပ်သူများအသင်းနှင့် အသင်းဝင် ကုမ္ပဏီ (၂၉) ခု တို့က ရေးဘေးအန္တရာယ်သင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန် (၃၅,၄၃၀,၈၅၀) ကျပ် လှူဒါန်းမှုကို လက်ခံခဲ့ပါသည်။

HOT NEWS
January 4,