News

Latest News - 33497 items

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်

Ministry of Information / Posted on August 02, 2019

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်မြေ(၇) ရေှ့တန်း အမှတ်(၁၀)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ၊ မကျီးချောင်း ချောင်း၀ရဲကင်းစခန်းမှ ဒုရဲမှူး နိုင်အောင်သူ ဦးစီးသည့် ရေယာဉ်တပ်ဖွဲ့စု (မောင် တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေးရေယာဉ် အမှတ် (၀၀၂) ပါ နှစ်စင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အမှတ်(၂) နယ်ခြားစောင့်တပ် Shahparirdip BOP ကင်းစခန်းမှ Subedar MD, Nure Alam ဦးဆောင်သည့် စက်တပ်ရေယာဉ်နှစ်စင်း စုစုပေါင်း လေးစင်းတို့သည်

မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံ ဗာရာဏသီမြို့အနီး မိဂဒါဝုန် ဥယျာဉ်ရှိ အထင်ကရ ဗုဒ္ဓဝင်နေရာများအား ဖူးမြော်ကြည်ညို

Ministry of Information / Posted on August 02, 2019

အိန္ဒိယသမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ဗာရာဏသီ မြို့အနီးရှိ မြတ်စွာဘုရားရှင်အား ပဉ္စဝဂ္ဂီ ငါးဦးတို့မှ ခရီးဦးကြိုသည့် နေရာတွင် အထိမ်းအမှတ်အဖြစ်တည်ထားသည့် ချောက်ခဏ္ဍီ စေတီတော်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုသည်။

မကွေးခရိုင်အတွင်းရှိ ပုဂံခေတ်လက်ရာ စေတီပုထိုးများတည်ရှိရာ မြင်ကွန်းဒေသအား ခရီးစဉ် ဒေသ သစ်အဖြစ် လာမည့်ခရီးသွားရာသီအမီ ဖော်ဆောင်သွားမည်

Ministry of Information / Posted on August 02, 2019

မကွေးခရိုင်အတွင်းရှိ ပုဂံခေတ်လက်ရာ စေတီပုထိုးများနှင့် နံရံဆေးရေးပန်းချီများတည်ရှိရာ မြင်ကွန်းဒေသအား ပြည်တွင်း၊ ပြည်ပခရီးသွားများ လည်ပတ်လေ့လာစရာ ခရီးစဉ်ဒေသအဖြစ် လာမည့်ခရီးသွားရာသီအမီ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

စုံညီခုံရုံးက အယူခံမှုအမှတ် (၂/၂၀၁၉) ကို အပြီးသတ်အမိန့်ချမှတ်

Ministry of Information / Posted on August 02, 2019

မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် ရှမ်းတိုင်းရင်းသား လူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူ ဒေါ်နန်းထွေးမှုံက ယင်းမဲဆန္ဒနယ် တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသူ ဦးစိုင်းပန်းဆိုင်(ခ) ဦးစိုင်း ထွန်းစိန်(ခ) ဦးကျော်စိန်အပေါ် ကန့်ကွက်လွှာတင်သွင်းခဲ့သဖြင့်ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့(၂)ဖြင့် ကြားနာစစ်ဆေးခဲ့ရာ ဦးစိုင်းပန်းဆိုင် (ခ) ဦးစိုင်းထွန်းစိန်(ခ) ဦးကျော်စိန်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည် ဖြစ်ကြောင်းနှင့်လျှောက်ထားသူဒေါ်နန်းထွေးမှုံ၏ ကန့်ကွက်လွှာကို ပယ်ကြောင်း ဆုံးဖြတ်ချက် ချ မှတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်အပေါ် မူလလျှောက်ထားသူ ဒေါ်နန်းထွေးမှုံက အယူခံမှု လျှောက် ထားတင်ပြလာရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ အယူခံမှုအမှတ် (၂/၂၀၁၉) ဖြင့် လက်ခံခဲ့သည်။

နိုင်ငံတစ်ဝန်းရာသီတုပ်ကွေးရောဂါ A H1N1 pdm09 ကြောင့် ဩဂုတ် ၁ ရက်အထိ သေဆုံးသူ ၈၃ ဦးရှိ

Ministry of Information / Posted on August 02, 2019

နိုင်ငံတစ်ဝန်းရာသီတုပ်ကွေးရောဂါ A H1N1 pdm09 ဖြစ်မှုကြောင့် ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၁ ရက်အထိ ဓာတ်ခွဲအတည်ပြုပြီးနောက် ရောဂါပိုးတွေ့ရှိသူ ၄၃၉ ဦး ရှိကာ မကွေးတိုင်း ဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် သေဆုံးသူတစ်ဦးစီ တိုးလာသည့်အတွက် စုစုပေါင်း သေဆုံးသူ ၈၃ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီး ဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။

ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ဖြူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကြည့်ရှုစစ်ဆေး

Ministry of Information / Posted on August 01, 2019

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူးမြို့၏ အနောက်တောင်ဘက် (၇)မိုင်ခန့် အကွာ ဖြူးချောင်း ပေါ်တွင် တည်ဆောက်ထားသည့် ဖြူးချောင်းရေအားလျှပ်စစ် ဓာတ်အား ပေးစက်ရုံ၌ ဓာတ်အားပေး စက်များ ပြန်လည်မောင်းနှင်လည်ပတ်ရန် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများက ဓာတ်အားပေးစက်အား တစ်ဆင့် ချင်း စမ်းသပ်စစ်ဆေးနေပုံများကို ရှင်းလင်းတင်ပြကြသည်။

၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲများ ဒုတိယနေ့ ဆက်လက် ကျင်းပ၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တက် ရာက်ကြည့်ရှုအားပေး

Ministry of Information / Posted on August 01, 2019

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီး ဌာနနှင့် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသော ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒို ပြိုင်ပွဲ ဒုတိယနေ့ ပွဲစဉ်များကို ယနေ့နံနက် (၉)နာရီအချိန်တွင် နေပြည်တော် လယ်ဝေးအားကစားကွင်း ဂျူဒိုခန်းမ၌ ကျင်းပသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်း အဝေး သတ္တမနေ့ကျင်းပ

Ministry of Information / Posted on August 01, 2019

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးကြသည်။

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်အခွင့်အရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ UK House of Commons မှ Clerk of Legislation, Mr.Liam Laurence Smyth အားလက်ခံတွေ့ဆုံ

Ministry of Information / Posted on August 01, 2019

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်အခွင့်အရေးကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ကော်မတီဝင်များသည် UK House of Commons မှ Clerk of Legislation, Mr.Liam Laurence Smyth အား ယနေ့မွန်းလွဲ(၁)နာရီတွင် အမျိုးသား လွှတ်တော်(J)ဆောင်၌ လက်ခံတွေ့ဆုံသည်။