Latest News - 74883 items

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၁ ဦး တွေ့ရှိ

Ministry of Information / Posted on April 23, 2024

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၁၄-၄-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၁-၄-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၅,၈၂၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂) ရာခိုင်နှုန်း ဖြစ်ပါသည်။ အစီရင်ခံ ကာလအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိပါ။

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

Ministry of Information / Posted on April 23, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၂ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးနှင့် ဘားအံမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးတို့ပေါ်မှ တရားဝင်စာရွက် စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Lactasoy ပဲနို့ဘူး ၆၀၀၀၊ Carib-bean နှင့် Sun Smile စားပွဲတင်လျှပ်စစ်ပန်ကာ ၇၅ လုံးအပါအဝင် ကုန်ပစ္စည်း ခုနစ်မျိုး (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၂၈၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၀၀၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း။

ဗိုလ်မြတ်ထွန်းတံတားရေလမ်း ပြောင်းလဲသတ်မှတ်

Ministry of Information / Posted on April 23, 2024

ဗိုလ်မြတ်ထွန်းတံတားရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်းသွားလာရန် အစုန်ရေလမ်းကို ရေလယ် တိုင်အမှတ် (၁၄) နှင့် (၁၅) အကြားမှလည်းကောင်း၊ အဆန်ရေလမ်းကို ရေလယ်တိုင်အမှတ် (၁၃) နှင့် (၁၄) အကြားမှလည်းကောင်း သတ်မှတ်ပေးထားသည်။ ယခုအခါ ရေလမ်းကြောင်း အခြေအနေအရ တံတားရေလမ်းကြောင်းကို ဧပြီ ၂၅ ရက်မှစ၍ အစုန်ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ် (၁၁) နှင့် (၁၂) အကြားမှလည်းကောင်း၊ အဆန်ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ် (၁၀) နှင့် (၁၁) အကြားမှလည်းကောင်း ပြောင်းလဲသတ်မှတ်မည်ဖြစ်သည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

Ministry of Information / Posted on April 23, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဧရာဝတီတံတား (ညောင်တုန်း) ရေလမ်း ပြောင်းလဲသတ်မှတ်

Ministry of Information / Posted on April 23, 2024

ဧရာဝတီတံတား (ညောင်တုန်း) ရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်းသွားလာရန် အစုန်ရေလမ်းကို ရေလယ်တိုင်အမှတ် (၁၅) နှင့် (၁၆) အကြားမှလည်းကောင်း၊ အဆန်ရေလမ်းကို ရေလယ်တိုင်အမှတ် (၁၄) နှင့် (၁၅) အကြားမှလည်းကောင်း သတ်မှတ်ပေးထားသည်။ ယခုအခါ ရေကြောင်းရေလမ်း အခြေ အနေအရ တံတားရေလမ်းကြောင်းကို ဧပြီ ၂၅ ရက်မှစ၍ အစုန်ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ် (၁၆) နှင့် (၁၇) အကြားမှလည်းကောင်း၊ အဆန်ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ် (၁၅) နှင့် (၁၆) အကြားမှလည်းကောင်း ပြောင်းလဲသတ်မှတ်မည်ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန ရာထူးတိုးမြှင့်တာဝန်ပေးအပ်ခြင်းခံရသော အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုချီးမြှင့်

Ministry of Information / Posted on April 23, 2024

ကျန်းမာရေးဝန်ကြီးဌာန ရာထူးတိုးမြှင့် တာဝန်ပေးအပ်ခြင်းခံရသော အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တိုင်းစစ်ဌာနချုပ်အသီးသီးနှင့် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များ၌ ကျောင်းသား ကျောင်းသူများအတွက် နွေရာသီသင်တန်းများဖွင့်လှစ်

Ministry of Information / Posted on April 23, 2024

ကျောင်းသား ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ် ရက်ကာလများတွင် အားလပ်ချိန် များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဘာသာ၊ သာသနာကို တန်ဖိုးထားတတ်စေရန်၊ မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့် ကျင့်စဉ်များကို ပိုမိုနက်ရှိုင်းစွာ နားလည်စေရန်နှင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ပညာထူးချွန်သူများ ဖြစ်လာစေရန်၊ လက်တွေ့အသုံးချ ဘာသာရပ်များနှင့်အတူ ဗဟုသုတရစေပြီး အတတ်ပညာများတိုးပွားစေရန်ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ် အသီးသီးနှင့် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များ၌ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်း၊ မြန်မာ့သိုင်းသင်တန်း၊ အခြေခံအင်္ဂလိပ်သဒ္ဒါနှင့် စကားပြော သင်တန်းများစသဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

Newspaper - 2734 items

Vol. VII, No. 77, Thursday, 2 July 2020


Publisher: New Light/ July 02, 2020

Publication Date: 2020

Page: 15

Language: English

Download

Vol. VII, No.76, Wednesday, 1 July 2020


Publisher: New Light/ July 01, 2020

Publication Date: 2020

Page: 16

Language: English

Download

Vol. VII, No. 75, Tuesday, 30 June 2020


Publisher: New Light/ June 30, 2020

Publication Date: 2020

Page: 15

Language: English

Download

Vol.VII, No. 74, Monday, 29 June 2020


Publisher: New Light/ June 29, 2020

Publication Date: 2020

Page: 16

Language: English

Download

Volume VII, Number 73, 28 Sunday, June 2020


Publisher: New Light/ June 28, 2020

Publication Date: 2020

Page: 16

Language: English

Download

Vol.VII, No. 72, Saturday, 27 June 2020


Publisher: New Light/ June 27, 2020

Publication Date: 2020

Page: 16

Language: English

Download

Vol. VII, No. 71, Friday, 26 June 2020


Publisher: New Light/ June 26, 2020

Publication Date: 2020

Page: 16

Language: English

Download

Vol. VII, No. 70, Thursday, 25 June 2020


Publisher: New Light/ June 25, 2020

Publication Date: 2020

Page: 16

Language: English

Download

Vol.VII, No. 48, Tuesday, 23 June 2020


Publisher: New Light/ June 23, 2020

Publication Date: 2020

Page: 16

Language: English

Download

Vol. VII, No. 67, Monday, 22 June 2020


Publisher: New Light/ June 22, 2020

Publication Date: 2020

Page: 16

Language: English

Download