ဘုန်းတော်ကြီးသင်ပညာရေးမူလတန်းလွန်ကျောင်းအဖြစ် လျှောက်ထားခြင်း


Ministry of Religious Affairs & Culture / April 10, 2018

ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ

(၁) ဘုန်းတော်ကြီးကျောင်းပညာသင်ကြားရေးလုပ်ငန်းကို အနည်းဆုံး (၃)နှစ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ခြင်း။

(၂) မူလွန်တန်းပညာသင်ယူမှု(စတုတ္တတန်းအောင်) ကျောင်းသား အရေအတွက် အနည်းဆုံး (၂၅)ဦး ရှိခြင်း။

(၃) ဘုန်းတော်ကြီးကျောင်းပညာရေးလုပ်ငန်းကို စည်းမျဉ်းသတ်မှတ် ချက်များနှင့်အညီ အောင်မြင်စွာဆောင်ရွက်နိုင်သော ကျောင်း ဖြစ်ခြင်း။

(၄) ဒေသအခြေအနေနှင့် လူမှုစီးပွားရေးအခြေအနေသည် မူလတန်း လွန်အဆင့် ဖွင့်လှစ် သင်ကြားခွင့်ပြုသင့်သည့်အခြေအနေ ဖြစ်ခြင်း။

လိုအပ်သောစာရွက်စာတမ်းများ

(၁) မြို့နယ်အဆင့်ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ ထောက်ခံ ချက်။

(၂) တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေး အဖွဲ့နှင့် သာသနာရေးမှူးတို့မှ ထောက်ခံချက်။

ဝန်ဆောင်ခ

မရှိပါ။

လျှောက်ထားရန်အဆင့်များ

အဆင့်(၁)

မြို့နယ်ဘုန်းတော်ကြီးကျောင်းပညာသင်ကြားရေး ကြီးကြပ်ရေးအဖွဲ့သို့ လျှောက်ထားခြင်း။

အဆင့်(၂)

မြို့နယ်ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားရေး ကြီးကြပ်ရေးအဖွဲ့မှတစ်ဆင့် တိုင်းဒေသကြီး/ပြည်နယ် ဘုန်းတော်ကြီးကျောင်းပညာသင်ကြားရေးကြီးကြပ်ရေး အဖွဲ့သို့ လျှောက်ထားခြင်း။

အဆင့်(၃)

တိုင်းဒေသကြီး/ပြည်နယ် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားရေးကြီးကြပ်ရေးအဖွဲ့ မှတစ်ဆင့် သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနသို့ လျှောက်ထားခြင်း။

ဆက်သွယ်ရမည့်လိပ်စာ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊

ရုံးအမှတ်(၃၁)၊ နေပြည်တော်။

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊

ရုံးအမှတ်(၃၁)၊ နေပြည်တော်။

ဖြည့်စွက်ချက်

- အမျိုးသားပညာရေးမူဝါဒကော်မရှင်မှချမှတ်သောမူဝါဒနှင့်အညီ ဆောင်ရွက်ပါသည်။

- ခွင့်ပြုသောကျောင်းများအား တစ်နှစ်လျှင် တစ်တန်းသာ တိုးမြှင့် သင်ကြားခွင့်ပြုသည်။

Website လိပ်စာ

မရှိပါ။



FAQs