ရေယာဉ်များဆိပ်ကမ်း နယ်နိမိတ်အတွင်း သွားလာခွင့်ပြုမိန့် (Permit to Ply) ထုတ်ပေးခြင်း

ရေယာဉ်များဆိပ်ကမ်း နယ်နိမိတ်အတွင်း သွားလာခွင့်ပြုမိန့် (Permit to Ply) ထုတ်ပေးခြင်း

ဆိပ်ကမ်းနယ်နိမိတ်အတွင်း သွားလာသောရေယာဉ်များ ကြပ်တည်းမှုမရှိစေရေး၊ စနစ်တကျသွားလာနိုင်ရေးနှင့် ရေကြောင်းအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် ဆိပ်ကမ်း နယ်နိမိတ်အတွင်း သွားလာခွင့်ပြုမိန့် (Permit to Ply) ကို စိစစ်ထုတ်ပေးရမည်၊ မည်သည့်ရေယာဉ်မဆို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပေးသည့် ဆိပ်ကမ်း နယ်နိမိတ်အတွင်းသွားလာခွင့်ပြုမိန့် (Permit to Ply) ရှိမှသာ ဆိပ်ကမ်းတွင်း သွားလာရမည်။

 

  • လျှောက်ထားပုံ
  • တွဲရေယာဉ်စက်မဲ့နှင့် ကမ်းရိုးတန်းသွား ရေယာဉ်

-ဦးစွာရေယာဉ်များ ဆိပ်ကမ်းနယ်နမိတ်အတွင်း သွားလာခွင့် ပြုမိန့်လျှောက်ထားသူသည်

-ယာယီခွင့်ပြုမိန့်လျှောက်ထားရန်လိုအပ်ပါသည်။

-ယာယီခွင့်ပြုမိန့်ပြည့်ပြီးမှသာလျှင် ဆိပ်ကမ်းနယ်နမိတ်အတွင်းသွားလာခွင့်ပြုမိန့်

 (တစ်နှစ်)ထုတ်ပေးမည်၊

 

  • မြင်းကောင်ရေ(၂၀)အောက် စက်ရှိရေယာဉ်

-ဦးစွာသက်ဆိုင်ရာမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မှထုတ်ပေးသော  ရေယာဉ်မှတ်ပုံတင်ရယူပြီးမှသာ ဆိပ်ကမ်းအတွင်းသွားလာခွင့်ပြုမိန့်ထုတ်ပေးမည်၊

 

  • ဝန်ဆောင်ခ

-တွဲရေယာဉ်စက်မဲ့နှင့်ကမ်းရိုးတန်းသွားရေယာဉ်     - ၈၅၀၀.၀၀ ကျပ်

-မြင်းကောင်ရေ(၂၀)အောက်စက်ရှိ(၁)တန်လျှင်       -      ၃၄.၀၀ ကျပ်

 

  • လိုအပ်သော စာရွက်စာတမ်းများ

ပိုင်ရှင်နှင့်ကိုယ်စားလှယ်

-မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း မူရင်း/ မိတ္တူ     - (၁) စုံ

-Passport ဓါတ်ပုံ - (၃) ပုံ

-ရေယာဉ်ဓါတ်ပုံ (ရှေ့၊ နောက်၊ဘေး(ဘယ်/ညာ)၊ နောက်)  - (၄) ပုံ

-ရေယာဉ်တည်ဆောက်ပုံ (Drawing Plan)      - (၁) ပုံ

-ကျင်းထောက်ခံစာ - (၁) စုံ

-မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း ကြီးကြပ်ရေး ဗဟိုအဖွဲ့မှ ထုတ်ပေးထားသည့် လုပ်ငန်း လိုင်စင် မိတ္တူ- (၁) စုံ

 

  • ဝန်ဆောင်မှုပေးသည့် ဌာနအား ဆက်သွယ် ရမည့်လိပ်စာ

ရေကြောင်းဌာန၊  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

အမှတ်(၁၀) ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့

ဖုန်းနံပါတ်      - 01 387911,  01 387177 (Ex: 241), 01 387116

 

  • ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ

ရေကြောင်းဌာန၊  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

အမှတ်(၁၀) ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့

 

  • ဝဘ်ဆိုက်လိပ်စာ

http://www.mpa.gov.mm



အထူးသတင်း
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံ တွေ့ဆုံ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေဆွေးနွေး
  •           
  • ကုန်းလမ်းသယ်ယူပို့ဆောင်မှု လျင်မြန်ချောမွေ့စေရေး အမျိုးသားကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ
  •           
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ အန်ရွှမ်းမြို့သို့ ရောက်ရှိလေ့လာ
  •           
  • ဒုတိယမြို့တော်ဝန် နေရာအတွက် မဲဆန္ဒနယ်(၃)မှ မြို့တော်ကော်မတီဝင်အဖြစ် ရွေးကောက် တင်မြှောက် ခံရသည့် ဦးစိုးလွင်အား ရွေးချယ်တင်မြှောက်
  •           
  • တပ်မတော်စစ်ကြောင်းက AA အဖွဲ့ သိုဝှက်ထားသော ရိက္ခာပစ္စည်းများ ရှာဖွေတွေ့ရှိ
  •           
  • မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက ၂၀၁၉ ခုနှစ် သင်္ကြန်ကြိုဆိုပွဲ ကျင်းပ
  •           
  • ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ
  •           
  • သင်္ကြန်ကာလအကြိုနေရပ်ပြန်ပြည်သူများ၊ အန္တရာယ်ကင်းစွာသွားလာနိုင်ရေးပညာပေး ဆောင်ရွက်
  •           
  • GAVI ဘုတ်အဖွဲ့ဝင်များ အစည်းအဝေးနှင့် (၅၂) ကြိမ်မြောက် လူဦးရေနှင့် ဖွံ့ဖြိုး တိုးတက်မှု ကော်မရှင် အစည်းအဝေးတို့သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်
  •           
  • မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် မြောက်ဦးမြို့ရှိ အမှတ်(၃၁) လုံခြုံရေးရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်နှင့် မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး
  •