မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဘဏ္ဍာရေးဌာနမှ ဝန်ဆောင်မှုလုပ်ငန်းများ





မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဘဏ္ဍာရေးဌာနမှ ဝန်ဆောင်မှုလုပ်ငန်းများ


Mandalay City Development Committee / January 29, 2021

ဌာနမှ ပြည်သူလူထုသို့ ပေးဆောင်မှုပြုနေသည့်ဝန်ဆောင်မှုလုပ်ငန်းများ

  • မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၏ထောက်ခံချက်ဖြင့်ပေးပို့သည့် မြို့ကွက်သစ် ဖော်ထုတ်ရေး အဖွဲ့မှချထားပေးသော မြေကွက်များအတွက် မြေကွက်ဖိုး၊ လမ်းဖိုးပေးသွင်းငွေများအား လက်ခံ ဆောင်ရွက်ခြင်း။
  • ပယ်ဖျက်ပြီးဖြစ်သည့်အစိုးရအကူးအပြောင်းကာလ ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ် အတွင်းချ ထားပေးခဲ့သည့်မြေပေးမိန့်များနှင့်ဂရန်မြေကွက်များအား ပြန်လည် ချထားခြင်းမှ ပေးသွင်းမည့် ငွေများလက်ခံဆောင်ရွက်ခြင်းနှင့် မြေပေးမိန့်များနှင့် မြေငှားဂရန်များအား ပယ်ဖျက်ပြီးဖြစ်၍ ပေးသွင်းထားသောမြေကွက်ဖိုးငွေနှင့် ဝန်ဆောင်ခငွေများ ပြန်လည်ထုတ်ပေးခြင်းအား ဆောင်ရွက်ခြင်း။

ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ၊ ပိုင်ဆိုင်မှုအထောက် အထားများ -

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၏ထောက်ခံချက်ဖြင့်ပေးပို့သည့် မြို့ကွက်သစ် ဖော်ထုတ်ရေး အဖွဲ့မှချ ထားပေးသော မြေကွက်များအတွက် မြေကွက်ဖိုး၊ လမ်းဖိုးပေးသွင်းငွေများအား လက်ခံဆောင်ရွက်ခြင်း -

  • မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၏ထောက်ခံချက်ဖြင့်ပေးပို့လာသည့် အမှုတွဲ။
  • မြို့ကွက်သစ်ဖော်ထုတ်ရေးအဖွဲ့မှ မြေကွက်ချထားပေးသည့် အကြောင်းကြား စာမူရင်း/မိတ္တူ။
  • မှတ်ပုံတင်မူရင်း/မိတ္တူ။
  • အိမ်ထောင်စုဇယား မူရင်း/မိတ္တူ။

၁။ ပယ်ဖျက်ပြီးဖြစ်သည့်အစိုးရအကူးအပြောင်းကာလ ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ် အတွင်းချ ထားပေးခဲ့သည့်မြေပေးမိန့်များနှင့်ဂရန်မြေကွက်များအား ပြန်လည်ချထားခြင်းမှ ပေးသွင်းမည့် ငွေများလက်ခံဆောင်ရွက်ခြင်းအတွက်-

  • မန္တလေးမြို့တော် မြို့မြေယာစီမံခန့်ခွဲရေးကော်မတီ၏ မြေနေရာချထားပေးမှု အကြောင်းကြားစာမူရင်း/မိတ္တူ။
  • မှတ်ပုံတင်မူရင်း/မိတ္တူ။
  • အိမ်ထောင်စုဇယား မူရင်း/မိတ္တူ။

၂။ ပယ်ဖျက်ပြီးဖြစ်သည့်အစိုးရအကူးအပြောင်းကာလ ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ် အတွင်းချ ထားပေးခဲ့သည့်မြေပေးမိန့်များနှင့် မြေငှား ဂရန်များအား ပယ်ဖျက်ပြီး ဖြစ်၍ ပေးသွင်းထားသော မြေကွက်ဖိုးငွေနှင့် ဝန်ဆောင်ခငွေများ ပြန်လည်ထုတ်ပေးခြင်းအတွက်-

  • မြေကွက်ဖိုးငွေနှင့် ဝန်ဆောင်ခငွေများပြန်လည်ထုတ်ယူခွင့်ပြုပါရန်တင်ပြ လျှောက်ထားစာ။
  • မန္တလေးမြို့တော် မြို့မြေယာစီမံခန့်ခွဲရေးကော်မတီ၏ မြေနေရာချထားပေးမှု အကြောင်းကြားစာမူရင်း။
  • မြေကွက်တန်ဖိုးပေးသွင်းငွေ ချလံ/ပြေစာ မူရင်း။
  • မြေငှားဂရန် မူရင်း။
  • မြေဝန်ဆောင်စရိတ် ချလံ/ပြေစာ မူရင်း။
  • မန္တလေးမြို့တော်မြို့မြေယာစီမံခန့်ခွဲရေးကော်မတီ၏မြေနေရာချထားပေးမှုအား ပယ်ဖျက်ခြင်းမူရင်း။
  • မြေငှားဂရန် ပယ်ဖျက်မိန့်မူရင်း။
  • မှတ်ပုံတင်မူရင်း/မိတ္တူ
  • အိမ်ထောင်စုဇယား မူရင်း/မိတ္တူ

ရုံးလိပ်စာ             -  ဘဏ္ဍာရေးဌာန

                            မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ၊ (၂၆ x ၂၇)လမ်းကြား၊ (၇၁ x ၇၂ )လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

                                                                                          

 ဆက်သွယ်ရန်ဖုန်းနံပါတ်               ၀၂-၃၆၁၆၅



FAQs

HOT NEWS
January 4,