CREDIT GUARANTEE INSURANCE (CGI) စနစ်ဖြင့် ချေးငွေလျှောက် ထားနိုင်ရန်အတွက် အသေးစားနှင့်အလတ်စားလုပ်ငန်းများအား SME RECOMMENDATION LETTER များ ထုတ်ပေးခြင်း

CREDIT GUARANTEE INSURANCE (CGI) စနစ်ဖြင့် ချေးငွေလျှောက် ထားနိုင်ရန်အတွက် အသေးစားနှင့်အလတ်စားလုပ်ငန်းများအား SME RECOMMENDATION LETTER များ ထုတ်ပေးခြင်း


Ministry of Industry / March 14, 2022

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ    

-    လုပ်ငန်းအမျိုးအစားအလိုက်သက်ဆိုင်ရာဌာနများတွင် မှတ်ပုံတင်ထားရှိပြီးဖြစ်ခြင်း၊

-    လုပ်ငန်းမှတ်ပုံတင်သက်တမ်းအနည်းဆုံး(၂)နှစ်ရှိ၍ (အချို့ဒေသ များတွင် လုပ်ငန်း၏ အခြေအနေပေါ်မူတည်၍ ဖြေလျှော့ ဆောင်ရွက်ပေးပါသည်။)

-    အမှန်တကယ် လုပ်ငန်းလည်ပတ်လျက်ရှိခြင်း၊

-    SME Member ဝင်ရောက်ပြီးဖြစ်ခြင်း၊

 

လိုအပ်သောစာရွက် စာတမ်းများ  

-    SME Member Card မိတ္တူ၊

-    CGI စနစ်ဖြင့်ချေးငွေလျှောက်ထားလိုသည့် SME များ၏ လုပ်ငန်းဆိုင်ရာအချက် အလက်များပုံစံ၊

-    အိမ်ထောင်စုစာရင်းမိတ္တူ၊ 

-    သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လိုင်စင်/ ခွင့်ပြုချက်၊ 

-    မှတ်ပုံတင်လက်မှတ်မိတ္တူ၊ 

 

လျှောက်ထားရန်အဆင့်များ

အဆင့် (၁)    - SME Recommendation Letter လျှောက်ထားခြင်

လုပ်ငန်းရှင်မှ လျှောက်လွှာ၊ လိုအပ်သောစာရွက်စာတမ်းများနှင့်အတူ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်/ခရိုင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံးများတွင် လျှောက်ထားရပါမည်။

အဆင့်  (၂)   - ကွင်းဆင်းကြည့်ရှုခြင်း

သက်ဆိုင်ရာစက်မှုကြီးကြပ်ရုံးများသည် လျှောက်လွှာတွင်ဖော်ပြထားချက်များနှင့် ညီညွတ်မှု ရှိ/ မရှိကို သက်ဆိုင်ရာ လုပ်ငန်းများသို့ ကွင်းဆင်းကြည့်ရှုပါမည်။ သက်ဆိုင်ရာစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံးများသည် ပြည်စုံမှန်ကန်မှုရှိသော လျှောက်လွှာများကို တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ ဦးစီးဌာနမှူးထံသို့ တင်ပြဆောင်ရွက်၍ Recommendation Letter ရရှိပါက လုပ်ငန်းရှင်များသို့ ဆက်သွယ်အကြောင်းကြားပေးပို့မည် ဖြစ်ပါသည်။

 

ဝန်ဆောင်မှုပေးသည့် ဌာနအားဆက်သွယ်ရမည့်လိပ်စာ    

တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံးများ

 

ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာများ    

တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးများ



FAQs

Services (Online) - 2 items

SME အသင်းဝင်ကတ်များ အွန်လိုင်းမှစတင်လျှောက်ထားခြင်း

Mandalay Region Government / September 30, 2021

 အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းရှင်များအနေနှင့် (SME) အသင်းဝင်ကတ်များကို မိမိတို့ဒေသရှိ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့်...

Rating
HOT NEWS
January 4,