ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ Sever Co-location ဝန်ဆောင်မှု ရယူအသုံးပြုနိုင်ရန် လျှောက်ထားခြင်း (အစိုးရအဖွဲ့အစည်းများသာ)

နည်းပညာ





ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ Sever Co-location ဝန်ဆောင်မှု ရယူအသုံးပြုနိုင်ရန် လျှောက်ထားခြင်း (အစိုးရအဖွဲ့အစည်းများသာ)

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

  • Sever Co-location ဝန်ဆောင်မှုရယူလိုသည့် အစိုးရဗဟိုရုံးများနှင့် ဝန်ကြီးဌာနများအနေဖြင့်  ညွှန်ကြားရေးမှူး၊ e-Government ဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနသို့ လိပ်မူ၍ လူကိုယ်တိုင် (သို့) On-line မှ လျှောက်ထားနိုင်ပါသည်။
  • လျှောက်လွှာနှင့်အတူ Sever Co-location Request Form အား ဖြည့်စွက်ပေးပို့ရပါမည်။
  • Public IP Address  အသုံးပြုလိုပါက Public IPv4 Address Service Request Form အား ဖြည့်စွက်ပေးပို့ရပါမည်။
  • လျှောက်ထားသည့် ဝန်ဆောင်မှုအား ပေးအပ်နိုင်ခြင်း (Feasible) ရှိ/မရှိ အကြောင်းပြန်ကြားပါမည်။
  • Feasible ရှိပါက သတ်မှတ်ဝန်ဆောင်ခနှုန်းထားများအတိုင်း စီမံ/ ဘဏ္ဍာ ဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်တွင် ကျသင့်ငွေ ပေးသွင်းပြီး AN(Advice Note) အား ထုတ်ပေးပါမည်။
  • AN နှင့် Service Request Form များအား တစ်ပါတည်းယူဆောင်၍ Co-location Data Center e-Government ဌာန၊ ဆက်သွယ်ရေးရုံး(ဗဟိုမီးသတ်အနီး)၊ နေပြည်တော်သို့ ဆက်သွယ်၍ Server Co-location လာရောက်ထားရှိနိုင်ပါသည်။

ဝန်ဆောင်ခ

စဉ် ဝန်ဆောင်မှုအမျိုးအစား နှုန်းထား(ကျပ်) မှတ်ချက်
၁။ Shared Rack (Up to 6U) 90,000 Monthly Fee
၂။ 1/2 Rack (21U) 300,000 Monthly Fee
၃။ 1 Full Rack (42U) 550,000 Monthly Fee
၄။ Additional Shelf Space (1U) 15,000 Monthly Fee
၅။ Public IP (1 No) Free of Charge Annual Fee

Online Application Form လိပ်စာ

http://service.motc.gov.mm/

 



အထူးသတင်း
  • ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဒီဇင်ဘာလထိ) (ယာယီ) မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု အမေရိကန် ဒေါ်လာ ၈၁၄၃ သန်း ဆောင်ရွက်နိုင်၊ ယခင်ဘဏ္ဍာနှစ်ကာလ တူထက် အမေရိကန်ဒေါ်လာ ၁၂၆ သန်း ပိုမို ဆောင်ရွက်နိုင်ခဲ့
  •           
  • နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)၏ ရေပေးဝေရေးလုပ်ငန်းမှ စီးပွားရေးလုပ်ငန်းသုံးရေမီတာများအား ရေဖိုးရေခပြောင်းလဲကောက်ခံမည်
  •           
  • ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၆ ရက်မှ ၁၂ ရက်အထိ မူးယစ်ဆေးဝါးအမှု ၂၁၉ မှု ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။
  •           
  • လေရှီးမြို့၌ ၂ဝ၁၉ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
  •