မိလ္လာကားငှား၍ စုပ်ထုတ်ရန် လျှောက်ထားခြင်းဆိုင်ရာ အသိပေးကြေညာချက်


မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ / October 04, 2021

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနသို့ မိလ္လာကားငှား၍ စုပ်ထုတ်ရန် လျှောက်ထားလိုလျှင် အောက်ဖော်ပြပါ အချက်အလက်များ လိုအပ်ကြောင်း အသိပေး ကြေညာအပ်ပါသည်-     

၁။

မိလ္လာကားငှားခ ကော်မတီမှ နှစ်စဉ် သတ်မှတ်နှုန်းထားအတိုင်း ရုံးသို့ လာရောက်ပေးသွင်းရန်

၂။

နေရပ်လိပ်စာ အပြည့်အစုံဖော်ပြရန်

၃။

မိလ္လာကန် အနှစ်ကန်တွင် အပေါက် ပါရှိရမည် ဖြစ်၍ မိလ္လာကား ဝင်ထွက်နိုင်ရမည် ဖြစ်ပြီး မိလ္လာကားနှင့် မိလ္လာကန် အကွာအဝေး (၁၀ဝ ပေ) အတွင်း ဖြစ်ရန်

၄။

မိလ္လာကား တစ်ခေါက်လျှင် ဂါလံ (၁၀ဝ၀)နှုန်း သတ်မှတ်ရန်

၅။

မန္တလေး (၅)မြို့နယ် (​အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်) အတွင်း လုပ်ငန်းခ ကျသင့်ငွေ - ၂၉၀၀၀ ကျပ်

၆။

 အမရပူရမြို့နယ် - ၃၈၀၀၀ ကျပ်၊ ပုသိမ်ကြီးမြို့နယ် - ၃၈၀၀၀ ကျပ်အထက်။

၇။

လျှောက်လွှာခ - ၁၀၀ ကျပ်၊ ကွင်းဆင်းစစ်ဆေးခ - ၅၀၀၀ ကျပ်။

Website လိပ်စာ

http://www.emandalay.gov.mm/

မေးလေ့ရှိသောမေးခွန်းများ