ရေယာဉ်ကိုယ်ထည်အာမခံ


Ministry of Planning and Finance / July 24, 2024

ရယူနိုင်သောအာမခံအကာအကွယ် (၂)မျိုး

(က) လုံးဝဆုံးရှုံးမှုအကာအကွယ်

(ခ) အလုံးစုံအန္တရာယ်အကာအကွယ်

(က) လုံးဝဆုံးရှုံးမှုအကာအကွယ်

  • ပရီမီယံနှုန်း ၁% မှ ၂% ထိရှိ
  • ရေကြောင်းသဘာဝဘေးအန္တရာယ်ကြောင့် (သို့) မတော်တဆထိခိုက်မှုကြောင့် လုံးဝ ပျက်စီးဆုံးရှုံးပါက ပေးလျော်သောအကာအကွယ်
  • Actual Total Loss
  • Constructive Total Loss
  • Presumed Total Loss
  • Compromised Total Loss

Actual Total Loss

အာမခံထားရှိသော ရေယာဉ်ကိုယ်ထည်နစ်မြုပ်ပြီးနောက် ပြန်လည်ဆယ်ယူ၍မရတော့သည့် အခြေအနေအား - Actual Total Loss ဟုသတ်မှတ်ပါသည်။

Constructive Total Loss

နစ်မြုပ်သွားသောရေယာဉ်အား ပြန်လည်ဆယ်ယူရာတွင် ဆယ်ယူသည့်စရိတ်သည် အာမခံ ထားရှိသည့်တန်ဖိုးထက် များနေခြင်း (သို့) ပြန်လည်ဆယ်ယူပြီးနောက် ပြင်ဆင်စရိတ်သည် အာမခံ ထားရှိသည့်တန်ဖိုးထက် များနေခြင်း (သို့) ဆယ်ယူစရိတ်နှင့်ပြင်ဆင်စရိတ်သည် အာမခံထားရှိသည့် တန်ဖိုးထက်များနေခြင်းအား Constructive Total Loss ဟု သတ်မှတ်ပါသည်။

Presumed Total Loss

အာမခံထားရှိသောရေယာဉ်သည် အာခံထားရှိပြီးနောက် သတ်မှတ်ထားသော ကာလအတွင်း သက်ဆိုင်ရာဆိပ်ကမ်းသို့ ပြန်လည်မရောက်ရှိခြင်း (သို့) သတင်းတစုံတရာရရှိခြင်းမရှိပါက Presumed Total Loss ဟု သတ်မှတ်ပါသည်။

Compromised Total Loss

အာမခံထားရှိသည့်ရေယာဉ်နစ်မြုပ်ပြီးနောက် ဆယ်ယူစရိတ်နှင့် ပြင်ဆင်စရိတ်သည် အာမခံ ထားရှိသည့်တန်ဖိုးနီးပါးဖြစ်နေလျှင် အာမခံကုမ္ပဏီသည် အာမခံထားသူနှင့်ညှိနှိုင်း၍ Compromised Total Loss အဖြစ် သတ်မှတ်ပြီး ပေးလျော်ပါသည်။

(ခ) အလုံးစုံအန္တရာယ်အကာအကွယ်

  • ပရီမီယံ နှုန်း၂% မှ၃% ထိရှိ

လျော်််ကြေးအတွက် လိုအပ်သောအထောက်အထားများ

(က) လျော်ကြေးတောင်းခံလွှာ

(ခ) ပျက်စီးမှုအစီရင်ခံစာ

(ဂ) ရေယာဉ်မှူး၏အစီရင်ခံစာ

(ဃ) စစ်ဆေးချက်အစီရင်ခံစာ

(င) သင်္ဘောနေ့စဉ်မှတ်တမ်း

(စ) ပြင်ဆင်စရိတ်စာရင်းများ

(ဆ) စစ်ဆေးခအတွက်တောင်းခံလွှာ

ရေယာဉ်ကိုယ်ထည်လက်ခံဆောင်ရွက်ခြင်း

  • အဆိုလွှာ
  • ရေယာဉ်လိုင်စင်မိတ္တူ
  • ရေယာဉ်၏ရှေ့/နောက်/ဝဲ/ယာ ဓါတ်ပုံ (၄)ပုံနှင့် စက်ခန်းဓါတ်ပုံ(၁)ပုံ
  • ရေယာဉ်မှူး၏အောင်လက်မှတ်မိတ္တူ
  • ရေယာဉ်မှူး၏ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်
  • စစ်ဆေးချက်အစီရင်ခံစာ (အခါအားလျော်စွာ)
  • ရေယာဉ်တန်ဖိုးအထောက်အထား
  • အင်ဂျင်ခန်း ဓာတ်ပုံ(၁)ပုံ/ ရာဖြတ်အစီရင်ခံစာ

 

ပရီမီယံနှုန်းများ

သံကိုယ်ထည်/(ပင်လယ်ရပ်ခြား၊ ပြည်တွင်း)

Institute Time Clauses-Hulls 1.10.83, Institute Voyage Clauses-Hulls 1.10.83, and special conditions mentioned in policy

အပိုအကာအကွယ် ပရီမီယံနှုန်း

စစ်မက်၊ သပိတ်၊ အန္တရာယ်ရှိသည့်အပြုအမူ နှင့် နျူကလီးယား

၀.၅%

 

ရေယာဉ်သက်တမ်းအနှစ်(၂၀)ကျော်ပါက ကျသင့်ပရီမီယံအပေါ် ၁၀% ထပ်ဆောင်းကောက်ခံ ပါသည်။

သစ်သားကိုယ်ထည်

Institute Time Clauses-Hulls 1.10.83,Institute Voyage Clauses-Hulls 1.10.83

သစ်သားကိုယ်ထည် ပရီမီယံနှုန်း

    TLO

All Risk

မြစ်တွင်းကုန်တင်ယာဉ်

၁.၄%

 

          All Risk မပေးပါ။

ကမ်းရိုးတန်းကုန်တင်

၁.၈%

ကမ်းရိုးတန်းငါးဖမ်း

၂.၀%

 

သံကိုယ်ထည် ပရီမီယံနှုန်း

      TLO         

All Risk

(က) မြစ်တွင်းသွား-အထွေထွေကုန်တင်

၁.၀%

၂.၀%

       မြစ်တွင်းသွား-လောင်စာဆီတင်

၁.၂%

၂.၆%

(ခ) ကမ်းရိုးတန်းသွား-အထွေထွေကုန်တင်

၁.၄%

၂.၄%

      ကမ်းရိုးတန်းသွား-လောင်စာဆီတင်/ 

      ငါးဖမ်း

၁.၆%

၃.၀%