ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အသိပေးကြေညာချက်


Yangon City Development Committee/ location / November 20, 2019


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အသိပေးကြေညာချက်

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၈)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း ဘေးရှိ မြေနေရာ၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် Myanmar V-Pile Co., Ltd မှဆောင်ရွက်သော ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်း (ဒုတိယအဆင့်) တွင် ၄ခန်းတွဲ ၈ထပ်တိုက် (၂၇)လုံး ( ၈၆၄ ခန်း ) ဆောင်ရွက်လျက်ရှိရာ U-600 တိုက်ခန်းများမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်နှင့် U-900 တိုက်ခန်းများမှာ ၂၀၂၀ ခုနှစ် ဇူလိုင်လကုန်တွင် အပ်နှံနိုင်မည် ဖြစ်ကြောင်း၊ U-600 တိုက်ခန်းဝယ်ယူခွင့်ရရှိသူများသည် ပဉ္စမအရစ်ထိ ကျသင့်ငွေပေးသွင်းပါရန်နှင့် U-900 တိုက်ခန်းဝယ်ယူခွင့်ရရှိသူများသည် ဒုတိယအရစ်ထိ ကျသင့်ငွေများအား အမြန်လာရောက် ပေးသွင်းပါရန် (၁၇-၁၀-၂၀၁၉) ရက်နေ့နှင့် (၁၉-၁၀-၂၀၁၉) ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းကြေညာပြီးဖြစ်ပါသည်။

၂။ ယခုအခါ (၁-၁၁-၂၀၁၉) ရက်နေ့အထိ U-600 အဆောက်အဦများနှင့် U-900 အဆောက်အဦ များမှ တိုက်ခန်းဖိုးပေးသွင်းရန် အောက်ပါအတိုင်းကျန်ရှိပါသည် -

  • U-600 ဒုတိယအရစ်- ၁၁ ခန်း
  • U-600 တတိယအရစ်- ၁၈ ခန်း
  • U-600 စတုတ္ထအရစ်- ၂၇ ခန်း
  • U-600 ပဉ္စမအရစ်- ၆၀ ခန်း
  • U-900 ဒုတိယအရစ်- ၂၈၄ ခန်း

 

၃။ သို့ဖြစ်ပါ၍ အပိုဒ်(၂) ပါ တိုက်ခန်းဖိုးပေးသွင်းရန် ကျန်ရှိသူများမှ တိုက်ခန်းဖိုးကျသင့်ငွေများ အမြန်လာရောက်ပေးသွင်းပါရန် ထပ်မံနှိုးဆော်အကြောင်းကြား အပ်ပါသည်။

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ