ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘော်လီဘောနည်းပြနှင့်ဒိုင်သင်တန်းဆင်းပွဲနှင့် ဩဝါဒစရိယနာယက ဆရာတော်ကြီးများအား ကရင်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ ဝါကျွတ်ကန်တော့သည့်အခမ်းအနားသို့ တက်ရောက်

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘော်လီဘောနည်းပြနှင့်ဒိုင်သင်တန်းဆင်းပွဲနှင့် ဩဝါဒစရိယနာယက ဆရာတော်ကြီးများအား ကရင်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ ဝါကျွတ်ကန်တော့သည့်အခမ်းအနားသို့ တက်ရောက်


Kayin State Government/ location / October 25, 2021


ဘားအံ  -   အောက်တိုဘာ  (၂၄)

            ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ် ဘော်လီဘောဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ဘော်လီဘောနည်းပြနှင့်ဒိုင်သင်တန်း သင်တန်းဆင်းပွဲကို အောက်တိုဘာလ (၂၃) ရက်နေ့ နံနက် ၈ နာရီခန့်က လှာကမြင်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

            သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ဘော်လီဘောနည်းပြနှင့်ဒိုင် သင်တန်းသား/သူ စုစုပေါင်း ၂၅ ဦးကို အောက်တိုဘာ (၁၉) ရက်နေ့မှ (၂၃)ရက်နေ့ထိ (၅)ရက်တာကာလအတွင်း ဘော်လီဘောအားကစားနည်းနှင့် ပတ်သက်ဆက်နွယ်သည့် နည်းစနစ်ပိုင်း၊ နည်းပရိယာယ်ပိုင်းနှင့် နည်းဥပဒေပိုင်းတို့ကို သင်ကြားပို့ချပေးခဲ့ပြီဖြစ်ကြောင်း၊ သက်ဆိုင်ရာနယ်ပယ်ဒေသများတွင် ပြန်လည်မျှဝေဖြန့်ဖြူးပေးသွားကြဖို့ တိုက်တွန်းလိုကြောင်း၊ မကြာမီကျင်းပပြုလုပ်မည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် မိမိတို့မြို့နယ်အသင်းများ အနေဖြင့် အရည်အသွေးအဆင့်အတန်း ပြည့်မှီစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြ စေလိုကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးခဲ့ပြီး တစ်ဦးချင်း ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် ဇော်မင်းအောင်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဘားအံမြို့၊ မဲဘောင်ကျောင်းတိုက် လောကုတ္တရာ ပညာပါရမီ ကျောင်းတော်ကြီး၌ ဆင်ယင်ကျင်းပသည့် ဩဝါဒစရိယနာယကဆရာတော်ကြီးများအား ကရင်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ ဝါကျွတ်ကန်တော့သည့်အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ငါးပါးသီလခံယူ ဆောက်တည်ကြကာ ဇွဲကပင်တောင်ဆရာတော်ဘုရားကြီးအမှူးပြုသော နာယကဆရာတော်ကြီးများ ချီးမြှင့်တော် မူသည့် အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

            ယင်းနောက် နာယကဆရာတော်ကြီးများအား ပူဇော်ကန်တော့ကြပြီး ဆရာတော်ကြီးများမှ ဩဝါဒကထာ များ ပြန်လည်မြွတ်ကြားကာ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ကရင်ပြည်နယ်ဗုဒ္ဓကလျာဏယုဝအသင်း(YMBA) ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေခဲ့ကြပြီး နာယကဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဘားမဲတောင်သဘာဝဥယျာဉ် ဖော်ဆောင်နေမှုအား သွားရောက်ကြည့်ရှု့စစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူနှင့်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။

            ထို့နောက် ပြည်နယ်မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏(၂/၂၀၂၁)ကြိမ်မြောက်နှင့် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏(၃/၂၀၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွန်းလွဲ(၁)နာရီ အချိန် ခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ(၂)၌ ဆက်လက်ကျင်းပရာ ပြည်နယ်မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ၏ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ၏ အတွင်းရေးမှူး ဦးမင်းမင်းက မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကိစ္စရပ်များနှင့် လယ်ယာမြေစီမံခန့်ခွဲရေးကိစ္စရပ်များအား ရှင်းလင်းတင်ပြသည်။

            ယင်းနောက် ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်ကော်မတီဝင်များက ဖြည့်စွက်ဆွေးနွေးအကြံပြုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

 

 

 

 

 

HOT NEWS
January 4,