ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း NDI အဖွဲ့၏ ဥက္ကဋ္ဌ အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း NDI အဖွဲ့၏ ဥက္ကဋ္ဌ အား လက်ခံတွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / November 22, 2019
image_latest


နေပြည်တော် နိုဝင်ဘာ ၂၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် National Democratic Institute (NDI) အဖွဲ့၏ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ် ကြီးဟောင်း မစ္စတာ ဒဲရစ်မစ်ချယ် နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကိုစံ(၅) ချက်နှင့်အညီအောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှဥက္ကဋ္ဌ၊ အဖွဲ့ဝင်နှင့် ဝန်ထမ်းများအတွက် စွမ်းရည်မြှင့် သင်တန်းများ ကျင်းပပေးနေမှု၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် Code of Conduct (CoC) ကို လက်ရှိအခြေအနေနှင့်ကိုက်ညီမှုရှိစေရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီအဆင့်ဆင့်နှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီအဆင့်ဆင့် ဖွဲ့စည်း ဆောင်ရွက်မည့်အခြေအနေ၊ ဆိုရှယ်မီဒီယာပေါ်တွင် အမုန်းစကားများ၊ သတင်းအမှားများ ဖြန့်ဝေမှု မရှိစေရေး ကာကွယ်သွားမည့် အစီအစဉ်၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး ဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက် ပွဲ ဆိုင်ရာသတင်းမှန်ပြန်ကြားရေးအတွက် သတင်းထုတ်ပြန် ရေးအဖွဲ့ ဖွဲ့စည်းပြီး ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့် လင်းစွာဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

( သတင်းစဉ် )

 

HOT NEWS
January 4,