မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအား Govinsider Innovation Award နှင့် UNESCAP အဖွဲ့အစည်းများမှ ပူးပေါင်း၍ Rising Star Award ဆု ချီးမြှင့်

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအား Govinsider Innovation Award နှင့် UNESCAP အဖွဲ့အစည်းများမှ ပူးပေါင်း၍ Rising Star Award ဆု ချီးမြှင့်


Ministry of Information/ ​နေပြည်တော် / October 17, 2019
image_latest


မန္တလေး အောက်တိုဘာ ၁၆

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအား နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကြသည့် Govinsider Innovation Award အဖွဲ့အစည်းနှင့် United Nation Economic & Social Commission for Asia Pacific (UNESCAP) အဖွဲ့အစည်းတို့ ပူးပေါင်း၍ Rising Star Award ဆုကို အောက်တိုဘာ ၁၆ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါဆုကို မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၏ မြို့တော်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုးတက်မှုများ ရှိလာပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်လာနိုင်ကြောင်း နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များ၏ စောင့်ကြည့်လေ့လာ အကဲဖြတ် သုံးသပ်ချက် များအပေါ် မူတည်၍ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် အောက်တိုဘာ ၁၆ ရက် ညနေ ၄ နာရီက ကျင်းပခဲ့သည့် အစည်းအဝေး၌ ပေးအပ်ချီးမြှင့်ခဲ့ ခြင်း ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

“ဒီဆုချီးမြှင့်ပေးအပ်ပွဲကို တက်ရောက်ဖို့ မြို့တော်ဝန်ကြီးကို ဖိတ်ကြား ပေမယ့် အလုပ်တာဝန် တွေများပြားလို့ မတက်ရောက်နိုင်တဲ့အတွက် ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ ကျေးဇူးတင်စကားကို ဗီဒီယိုဖိုင်ကနေ တိုက်ရိုက်ပြောကြားခဲ့ပါတယ်။ ဒီဆုက မြို့တော်ဖွံ့ဖြိုးတိုးတက်အောင် အီလက်ထရွန်နစ် နည်းပညာတွေနဲ့ ဆန်းသစ်တီထွင်ပြီး ဆောင်ရွက်မှု တွေအပေါ်မှာ အသိအမှတ်ပြုပြီး အဓိကရွေးချယ်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ မန္တလေးမြို့တော်စည်ပင်အနေနဲ့ လက်ရှိမှာ နိုင်ငံတကာက ချီးမြှင့်တဲ့ဆုတွေ အထိုက်အလျောက်ရရှိနေပါတယ်။ ဒီလိုချီးမြှင့်ခံရတာ ကလည်း မြို့တော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စည်ပင်က ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ ဒေသခံပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုလည်း ပါဝင်ပါတယ်။ ဒီလိုကြိုးစားမှုကြောင့် အသိအမှတ်ပြုခံရတာဖြစ်သလို တစ်ဖက်မှာလည်း အသိအမှတ်ပြုခံရတာနဲ့အမျှ တာဝန်ပိုကြီးပါတယ်။ အသိအမှတ်ပြုတာနဲ့ ထိုက်တန်အောင် ပိုပြီးကြိုးစားရမယ်လို့ ကျွန်တော် တို့ အားလုံး ခံယူထားပါတယ်” ဟု ၎င်းက ပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအား နိုင်ငံတကာမှ အသိအမှတ်ပြု ပေးအပ်ချီးမြှင့်သည့်ဆုများအနေဖြင့် ၂၀၁၈ ခုနှစ်အတွက် Smart City မြို့တော်အဖြစ် အရှေ့တောင်အာရှ ၁၀ နိုင်ငံတွင် အလားအလာ အကောင်းဆုံးအဆင့် ငါးခုမြောက် မြို့တော်အဖြစ် အသိအမှတ်ပြု ဆုချီးမြှင့်ခြင်းခံရပြီး ၂၀၁၉ ခုနှစ် အတွင်း၌လည်း ၎င်းဆု အမျိုးအစားကို ထပ်မံချီးမြှင့်ခြင်းခံရသည့်အပြင် နိုင်ငံတကာအဆင့်မီ အများသုံးသန့်စင်ခန်းများ တည်ဆောက်မှုအတွက် ASEAN Public Toilet Awards ဆုကိုလည်းကောင်း၊ ဂျပန်နိုင်ငံ တိုကျိုအခြေစိုက် Asian - Oceanian Computing Industry Organization (ASOCIO) မှ ASOCIO Smart City Awards ဆုကို လည်းကောင်း၊ အမေရိကန် အခြေစိုက် ပြည်သူ့ဂုဏ်ရည်အသင်းမှလည်း ၁၀ ကြိမ်မြောက်အဖြစ် ပြည်သူ့ဂုဏ်ရည်ဆုကိုလည်းကောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအား အသိအမှတ်ပြု ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

 

HOT NEWS
January 4,