ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီညှိနှိုင်း အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီညှိနှိုင်း အစည်းအဝေးကျင်းပ

Ministry of Information/ ​နေပြည်တော် / October 09, 2019
image_latest


နေပြည်တော် အောက်တိုဘာ ၉

 

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သည့် ကော်မတီ၏ အပြီးသတ်အစီရင်ခံစာ ရေးသားနိုင်ရေးအတွက် အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် အမျိုးသားလွှတ်တော်ရေးရာဆောင် (I-20) ၌  ကျင်းပသည်။

 

အစည်းအဝေးတွင် ကော်မတီ၏ အပြီးသတ်အစီရင်ခံစာ ရေးသားနိုင်ရေးအတွက် အချက်အလက်များကို ကြိုတင် ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ(၁) ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်နှင့် အတွင်းရေးမှူး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးတင်မြင့်တို့ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)