ရန်ကုန် - ကူမင်း ခရီးစဉ် စတင်ပြေးဆွဲ

ရန်ကုန် - ကူမင်း ခရီးစဉ် စတင်ပြေးဆွဲ


Ministry of Information/ ​နေပြည်တော် / October 16, 2019
image_latest


ရန်ကုန် အောက်တိုဘာ ၁၅

 

တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော် ကူမင်းမြို့နှင့် ရန်ကုန်မြို့သို့ ပျံသန်းမည့် ရန်ကုန်-ကူမင်း ခရီးစဉ်၏ ပထမဆုံးပြေးဆွဲပျံသန်းမှုကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ယနေ့နံနက်က စတင်ခဲ့သည်။

အဆိုပါ လေကြောင်းခရီးစဉ်တွင် ပြေးဆွဲမည့်လေယာဉ် မှာ ဘိုးရင်း-၇၃၈ အမျိုးအစားလေယာဉ် ဖြစ်ပြီး ခရီးသည် ၁၆၀ လိုက်ပါနိုင်ကာ တစ်ပတ်လျှင် လေးကြိမ် ပျံသန်း ပြေးဆွဲ သွားမည်ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၌ တရုတ်လေကြောင်းလိုင်း ၁၁ လိုင်းမှ တရုတ်နိုင် ငံမှ မြို့ပေါင်း ၁၆ မြို့နှင့် ရန်ကုန်မြို့သို့ ချိတ်ဆက်ပြေးဆွဲလျက် ရှိပြီး အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၃၅ လိုင်းမှ အပြည်ပြည်ဆိုင်ရာခရီးစဉ် ၃၃ ခုကို ချိတ်ဆက်ပျံသန်း လျက်ရှိ ကြောင်း သိရသည်။

ယခုနှစ်ပထမကိုးလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ဝင်ရောက်လာသော တရုတ်ခရီးသွား အရေအတွက်မှာ ၂၁၉၂၄၂ ဦးဖြစ်ပြီး ယခင်နှစ် ကာလတူ ကာလတွင် ဝင်ရောက် ခဲ့သော ၁၂၀၉၇၈ ဦးနှင့် နှိုင်းယှဉ်လျှင် ၈၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။

ယခုကဲ့ သို့ လေကြောင်းလိုင်းသစ် တိုးချဲ့ပျံသန်း ပြေးဆွဲခြင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနေဖြင့် မြန်မာနိုင်ငံသို့လေကြောင်းမှတစ်ဆင့် လာရောက် လည်ပတ်သော တရုတ်ခရီး သွား ဈေးကွက်၏ ပိုမို အားကောင်း လာမှုကို တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ပေးသွားနိုင်မည်ဖြစ် ကြောင်းသိရသည်။

မြန်မာ့အလင်း