သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့တွင် မန္တလေးတက္ကသိုလ် ပင်မဆောင်ရှေ့၌ ကျောင်းသား ကျောင်းသူဟောင်းများ စုပေါင်း၍ ဆီမီးတစ်သောင်း ထွန်းညှိပူဇော်

သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့တွင် မန္တလေးတက္ကသိုလ် ပင်မဆောင်ရှေ့၌ ကျောင်းသား ကျောင်းသူဟောင်းများ စုပေါင်း၍ ဆီမီးတစ်သောင်း ထွန်းညှိပူဇော်


Ministry of Information/ မန္တလေးမြို့ / October 15, 2019
image_latest


မန္တလေး အောက်တိုဘာ ၁၄

မန္တလေးတက္ကသိုလ် ပင်မဆောင်ရှေ့တွင် ကျောင်းသား ကျောင်းသူဟောင်းများ စုပေါင်းကာ ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ပွဲကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ ညနေ ၅ နာရီမှ စတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။

“မန္တလေးတက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူဟောင်း တွေ ပြန်လည်တွေ့ဆုံခြင်း အထိမ်းအမှတ်အပြင် ကျောင်းတော်ကြီးနဲ့အတူ ကျွန်တော်တို့ကို ပညာသင်ကြားပေးခဲ့တဲ့ ဆရာကြီး ဆရာမကြီးတွေရဲ့ ဂုဏ်ကျေးဇူးကို ရည်မှန်းပြီးတော့ အခုလို ဆီမီးထွန်းညှိ ပူဇော်တာဖြစ်ပါတယ်။ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ကြီးရဲ့ ခွင့်ပြုချက်နဲ့ အခုလို ကျင်းပခြင်းဖြစ်ပါတယ်”ဟု မန္တလေးတက္ကသိုလ် ကျောင်းသားဟောင်းများအဖွဲ့မှ တာဝန်ခံ ဦးအောင်စိုးသန်းက ပြောသည်။

အဆိုပါ ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ပွဲကို မန္တလေးတက္ကသိုလ် ကျောင်းသားဟောင်းများက ဦးဆောင်ပြု လုပ်ခြင်းဖြစ်ပြီး ရတနာကျောက်စိမ်း ဆီမီးခွက်များဖြင့် မန္တလေးတက္ကသိုလ် ပင်မဆောင် လှေကားများတွင် ဆီမီးများထွန်းညှိပူဇော်ပြီး လှေကားလက်ရန်းများတွင် LED မီးများ အလှဆင်ထားရှိကာ ရွှေမန်းဆောင်နှင့် မန္တလာဆောင်ဘက်သို့ သွားရာလမ်း တစ်လျှောက်နှင့် ဓမ္မာရုံသို့သွားသော လမ်းဘေးဝဲယာများ၊ ဓမ္မာရုံအတွင်းနှင့် အပြင်ရှိ ဘုရားအချို့နှင့် ပင်မဆောင်လမ်းမကြီး အဝင်တစ်လျှောက်တွင် ဆီမီးများထွန်းညှိ ပူဇော်ခဲ့ ကြသည့်အပြင် စတုဒိသာကျွေးမွေးလှူဒါန်းသည့်အစီအစဉ်များ ထည့်သွင်းကာ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဆီမီးတစ်သောင်းထွန်းညှိပူဇော်ပွဲတွင် မန္တလေးမြို့အပါအဝင် နယ်မြို့များရှိ ကျောင်းသား ကျောင်းသူဟောင်းများ နှင့်အတူ လက်ရှိပညာသင်ကြားနေကြသည့် ကျောင်းသား ကျောင်းသူ များလည်း ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

HOT NEWS
January 4,