အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး မြဝတီမြို့၌ကျင်းပသည့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ တက်ရောက်ပြီး လှူဖွယ်ဝတ္ထုများလှူဒါန်း

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး မြဝတီမြို့၌ကျင်းပသည့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ တက်ရောက်ပြီး လှူဖွယ်ဝတ္ထုများလှူဒါန်း


Amyotha Hluttaw/ မြဝတီ / October 16, 2019


အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်မိသားစုတို့သည် (၁၃.၁၀.၂၀၁၉)ရက်နေ့ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန်စေတီ တော်မြတ်ကြီးအတွင်း ကျင်းပပြုလုပ်သည့် ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ လောင်းလှူခဲ့သည်။

ရှေးဦးစွာ မြဝတီခရိုင်အတွင်းရှိ ကျောင်းတိုက်များမှ ဆရာတော်၊သံဃာတော်များနှင့် သီလရှင် များအား ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သာသနာ့ဟိတကာရီ ဗိမာန်တော်၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။ထို့နောက် ဘုရားကြီးကျောင်း ၌ ခဏ္ဍသိမ်တော်၌ ဂိုဏ်ပေါင်းစုံ သံဃမဟာ ပဝါရဏာ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်မိသားစု တို့က မြဝတီခရိုင်အတွင်းရှိ ကျောင်းတိုက်၃၄၂ ကျောင်းမှ ဝါဆိုရဟန်း၊ သာမဏေနှင့် သီလရှင် စုစုပေါင်း အပါး သုံးထောင်ကျော်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ကြသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များ၊ ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာမိသားစုများ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့တို့မှ အရာရှိကြီးများနှင့်မိသားစုများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးနှင့်ဘာသာရေး အသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ဆွမ်းဆန် တော်နှင့်လှူဖွယ်ပစ္စည်းများကို စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြောင်း သိရသည်။

HOT NEWS
January 4,