သာသနာ့မြေလျှောက်ထားမှုအပေါ်သဘောထားမှတ်ချက်ပေးခြင်း

သာသနာ့မြေလျှောက်ထားမှုအပေါ်သဘောထားမှတ်ချက်ပေးခြင်း


Ministry of Religious Affairs & Culture / April 09, 2018

ဝန်ဆောင်မှုရယူရန်အခြေခံ လိုအပ်ချက်များ

(က)  ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ၊ ထိန်းသိမ်းစောင့်ရှောက်မှု၊ လွှဲအပ်မှု အထောက်အထားများ။

(ခ)    ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထောက်ခံချက်။

(ဂ)   ရပ်ကွက်/မြို့နယ်/ပြည်နယ်/တိုင်းဒေသကြီးသံဃနာယက အဖွဲ့တို့၏ ထောက်ခံချက်များ။

(ဃ)  မြေစာရင်းဦးစီးဌာန၏မြေပုံမြေရာဇဝင်၊ သဘောထားမှတ်ချက်များ၊ လယ/၃၀ (လန/ ၃၉) ချထားမှုမိတ္တူ။

(င)   ဂေါပကအဖွဲ့အနေဖြင့် လျှောက်ထားပါက ဂေါပကအဖွဲ့အစည်းအဝေး မှတ်တမ်းများ။

(စ)   မြို့နယ်/ခရိုင်သာသနာရေးမှူးတို့၏ထောက်ခံချက်များဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့တင်ပြ၍ အမှုတွဲစတင် ဖွင့်လှစ် ရမည်။

(ဆ)  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လိုအပ်သလိုစိစစ်ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ဆက်လက်တင်ပြရမည်။

(ဇ)   ခရိုင်မှတင်ပြလာသော အမှုတွဲအရ ပြည်နယ်/တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနက ပြည်နယ်/တိုင်းဒေသကြီး သာသနာရေးမှူးသို့ သဘောထားမှတ်ချက်တောင်းယူပြီး တိုင်း ဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြရမည်။

(ဈ)  လိုအပ်သည့်အထောက်အထားများပြည့်စုံပါ က ပြည်နယ်/တိုင်း ဒေသကြီးအစိုးရအဖွဲ့က ပြည်ထဲရေးဝန်ကြီးဌာနသို့ အမှုတွဲ ပေးပို့ တင်ပြရမည်။

လိုအပ်သောစာရွက်စာတမ်းများ

(က)   ကျောင်းဒါယကာ/ ကျောင်းထိုင်ဘုန်းကြီး/ ဂေါပကအဖွဲ့၏ လျှောက်ထားလွှာ

(ခ)     မြေစာရင်းပုံစံ ၁၀၅/ ၁၀၆(မြို့နယ်/ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်းဦးစီးဌာနမှူးများ၏ ရာထူးတံဆိပ်ပါရှိသော လက်မှတ် များ ပါရှိရမည်။)

(ဂ) မြေပိုင်ဆိုင်မှု အထောက်အထား/ မြေအမျိုးအစား လယ်ယာမြေ လယ ၃၀ ရရှိပြီး ဖြစ်ရမည်။ဥယျာဉ်ခြံမြေ ၃/ခ ရရှိပြီး ဖြစ်ရမည်။ မြေလွတ်/မြေလပ် အစိုးရစီမံခန့်ခွဲနိုင်သော မြေဖြစ်ရမည်။

(ဃ)   ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ် ရေးမှူးတို့၏ သဘောထားထောက်ခံချက်

(င)     အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအဆင့်ဆင့်တို့၏ သဘောထား ထောက်ခံချက်

(စ)     ရပ်ကွက်/ ကျေးရွာ၊ မြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့ အဆင့်ဆင့် ၏ထောက်ခံချက်

(ဇ)     သာသနာရေးဦးစီးဌာန၏ ကန့်ကွက်ရန်မရှိကြောင်း သဘောတူ ခွင့်ပြုစာ

(ဈ)     မြေခွန်အဆ ၂၀ ဆောင်ပြီးကြောင်း ဖြတ်ပိုင်းစာရွက်

ဝန်ဆောင်ခ

အခမဲ့

ဆက်သွယ်ရမည့်လိပ်စာ

တိုင်းဒေသကြီး/ပြည်နယ်သာသနာရေးမှူးရုံးများ၊ ခရိုင်နှင့် မြို့နယ် သာသနာရေးမှူးရုံးများ

ဝန်ဆောင်မှုရရှိုနိုင်မည့် တည်နေရာများ

တိုင်းဒေသကြီး/ပြည်နယ်သာသနာရေးမှူးရုံးများ၊ ခရိုင်နှင့် မြို့နယ် သာသနာရေးမှူးရုံးများ

Website လိပ်စာ

မရှိပါ။



Services (Online) - 2 items

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) တို့အား ဝင်ရောက်လေ့လာနိုင်ပါကြောင်းသတင်း

Ministry of Religious Affairs & Culture / July 06, 2022

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) တို့၌ (၁၉.၇.၂၀၂၂) ရက်နေ့မှ (၂၁.၇.၂၀၂၂) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၇၅) နှစ်မြောက်...

Rating

မော်ကွန်းမှတ်တမ်းများအား ရည်ညွှန်းကိုးကား ဖတ်ရှုရန်အတွက် https://www.nam.gov.mm Website Home page ၊ Discover Archives ရှိ Archives Online တွင် Register ပြုလုပ်၍ Online ဝန်ဆောင်မှုပေးခြင်း

Ministry of Planning and Finance / June 24, 2020

https://www.nam.gov.mm Website Home page ၊ Discover Archives ရှိ Archives Online တွင် Register ပြုလုပ်၍ Online ဝန်ဆောင်မှုပေးခြင်းအား အများပြည်သူများအနေဖြင့်...

Rating
HOT NEWS
January 4,