စာပေဗိမာန်စာမူဆုပြိုင်ပွဲဝင်ပုံစံနှင့်တင်သွင်းနိုင်ခြင်း၊ ဆုရွေးချယ်ခြင်း၊ စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင် - စာပေဗိမာန်စာမူဆုပြိုင်ပွဲဝင်ပုံစံနှင့်တင်သွင်းနိုင်ခြင်း၊ ဆုရွေးချယ်ခြင်း၊ စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင်
စာပေဗိမာန်စာမူဆုပြိုင်ပွဲဝင်ပုံစံနှင့်တင်သွင်းနိုင်ခြင်း၊ ဆုရွေးချယ်ခြင်း၊ စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင်
Ministry of Information / April 19, 2018
ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ
(က) စာမူဆုပြိုင်ပွဲဝင်ပုံစံကိုစာပေဗိမာန်တွင်ဝယ်ယူကာစာမူများ တင်သွင်း နိုင်ပါသည်။ ပြိုင်ပွဲဝင်သူသည် ကလောင်အမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင် အမှတ်၊ နေရပ်လိပ်စာနှင့် စာမူဆုရရှိခဲ့ဖူးသည့်မှတ်တမ်းများကို နောက်ဆက်တွဲ ဖြင့် ဖော်ပြရပါမည်။
(ခ) စာပေဗိမာန် စာကြည့်တိုက်ကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိနှင့် စနေနေ့တွင် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားသည်။ စာပေဗိမာန် စာကြည့်တိုက်တွင် အသင်းဝင်လိုပါက အသင်းဝင်နိုင်ပါသည်။
(ဂ) အရောင်းဆိုင်တွင် စာပေဆုရစာအုပ်များ၊ စာပေဗိမာန်ထုတ် စာအုပ်/ စာစောင်များနှင့် အခြားတိုက်ထုတ်စာအုပ်များကို လွတ်လပ်စွာ ဝယ်ယူနိုင် သည်။
လိုအပ်သော စာရွက်စာတမ်းများ
စာကြည့်တိုက်အသင်းဝင်ရန် မှတ်ပုံတင်မူရင်းနှင်မိတ္တူ၊ ဓာတ်ပုံ (Passport size)
ဝန်ဆောင်ခ
(က) စာပေဗိမာန်ပြိုင်ပွဲဝင်ပုံစံမှာ-၁၀၀ ကျပ် ဖြစ်ပြီးနယ်မှမှာယူလိုပါက ၁၀၀၀ ကျပ် ပေးပို့မှာယူရမည်ဖြစ်ပါသည်။
(ခ) စာကြည့်တိုက်အသင်းဝင်လိုပါက သာမန်အသင်းသားအဖြစ် အသင်း ဝင်ကြေး ၁၀၀၀ ကျပ်၊ နှစ်စဉ်ကြေး ၅၀၀ ကျပ် ဖြစ်ပြီး စာအုပ်တစ်အုပ် ခုနစ်ရက် အခမဲ့ ငှားရမ်းခွင့်ရှိသည်။ အထူးအသင်းသားအဖြစ် အသင်းဝင်ကြေး ၂၀၀၀ကျပ်၊နှစ်စဉ်ကြေး၁၀၀၀ကျပ်ပေးသွင်းပြီးစာဖတ်ခွင့်၊မိတ္တူကူးခွင့်အပြင် စာအုပ်နှစ်အုပ်(တစ်အုပ်လျှင် ၁၀ ရက်)အခမဲ့ ငှားခွင့်ရှိသည်။
လျှောက်ထားရန်အဆင့်များ
အဆင့် ၁
စာပေဗိမာန် ပြိုင်ပွဲဝင်စာမူကို စာမူဆုလျှောက်လွှာပုံစံနှင့်အတူ မူရင်းနှင့်မိတ္တူ တွဲဖက်တင်ပြရမည်ဖြစ်ပါသည်။
အဆင့် ၂
ပြည်သူ့စာကြည့်တိုက်အတွက် အသင်းဝင်ပြီးပါက အသင်းဝင်ကတ်နှင့်အတူ စာအုပ်များ ငှားရမ်းနိုင်ပါသည်။
ဆက်သွယ်ရ မည့်လိပ်စာ
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ အမှတ် ၅၂၉၊ ၅၃၁ ကုန်သည်လမ်း၊ စာပေဗိမာန်သို့ ဆက်သွယ်နိုင်ပါသည်။
ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ
ရန်ကုန်
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ အမှတ် ၅၂၉၊ ၅၃၁ ကုန်သည်လမ်း၊ စာပေဗိမာန်သို့ ဆက်သွယ်နိုင်ပါသည်။
Website လိပ်စာ
FAQs
စာပေဗိမာန်စာမူဆုပိတ်ရက်ကို သိလိုပါတယ်။
စာပေဗိမာန်စာမူဆုပိတ်ရက်ကို နှစ်စဉ် ဒီဇင်ဘာလ နောက်ဆုံးပတ် အထိ တင်သွင်းနိုင်ပြီး နောက်ဆုံးတင်သွင်းရက်ကို သတင်းမီဒီယာများမှ တစ်ဆင့် ဖော်ပြပေးပါသည်။
စာပေဗိမာန်က ထုတ်ဝေသည့် စာအုပ်စာစောင်များကို သိလိုပါတယ်။
စာပေဗိမာန်က စာပေဗိမာန်စာမူဆုရ စာအုပ်များ၊ ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆုရစာအုပ်များ၊ စွယ်စုံကျမ်းနှစ်ချုပ်၊ သုတပဒေသာ၊ ရွှေသွေးနှင့် စာတမ်းဖတ်ပွဲစာအုပ်များကို ထုတ်ဝေ ဖြန့်ချိလျက်ရှိပါသည်။
မော်ကွန်းမှတ်တမ်းများအား ရည်ညွှန်းကိုးကား ဖတ်ရှုရန်အတွက် https://www.nam.gov.mm Website Home page ၊ Discover Archives ရှိ Archives Online တွင် Register ပြုလုပ်၍ Online ဝန်ဆောင်မှုပေးခြင်း
Ministry of Planning and Finance / June 24, 2020
https://www.nam.gov.mm Website Home page ၊ Discover Archives ရှိ Archives Online တွင် Register ပြုလုပ်၍ Online ဝန်ဆောင်မှုပေးခြင်းအား အများပြည်သူများအနေဖြင့်...
ပြည်ထောင်စုလွှတ်တော် Website ၏ Mobile Application အသုံးပြုနိုင်ကြောင်း အသိပေးကြေညာခြင်း နေပြည်တော်၊ မေ ၂၉
Pyidaungsu Hluttaw / May 29, 2019
ပြည်ထောင်စုလွှတ်တော် Website ကို Mobile ဖုန်းဖြင့် အလွယ်တကူကြည့်ရှုနိုင်ရန် Mobile Application Version-2 အား Google Play Store ၌ Pyidaungsu Hluttaw အမည်ဖြင့် Upload...
ပြည်ထောင်စုလွှတ်တော် Website ၏ Mobile Application အား စတင်အသုံးပြုနိုင်ကြောင်း အသိပေးခြင်း နေပြည်တော်၊ ဇန်နဝါရီ ၁၆
Pyidaungsu Hluttaw / January 16, 2019
ပြည်ထောင်စုလွှတ်တော်၏ သတင်းအချက်အလက်များအား Mobile ဖုန်းဖြင့် အလွယ်တကူ ကြည့်ရှုနိုင်ရန် ယခုလက်ရှိ ထုတ်လွှင့်လျက်ရှိသော Website အား Mobile Application အဖြစ် Google Play Store ၌...