အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ ဘောလုံးပြိုင်ပွဲ အိမ်ရှင်မြန်မာအသင်း ပထမဆုံး နိုင်ပွဲရရှိ - အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ ဘောလုံးပြိုင်ပွဲ အိမ်ရှင်မြန်မာအသင်း ပထမဆုံး နိုင်ပွဲရရှိ

အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ ဘောလုံးပြိုင်ပွဲ အိမ်ရှင်မြန်မာအသင်း ပထမဆုံး နိုင်ပွဲရရှိ


Ministry of Information/ နေပြည်တော် / December 11, 2018
image_latest


 
ရန်ကုန် ဒီဇင်ဘာ ၁ဝ
 
(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ ဘောလုံးပြိုင်ပွဲအုပ်စု ဒုတိယနေ့ကို ယနေ့ ညနေပိုင်းက ဝဏ္ဏသိဒ္ဓိကွင်း၌ ကျင်းပရာ မြန်မာအသင်းက စင်ကာပူအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
 
အိမ်ရှင် မြန်မာအသင်း နိုင်ပွဲစရခဲ့ပြီး ဗိုလ်လုပွဲ တက်ရောက်ခွင့် မျှော်လင့်ချက် ရှင်သန်ခဲ့ရသည်။ စင်ကာပူအသင်း၏ ဦးဆောင် ဂိုးကြောင့် မြန်မာအသင်းမှာ နောက်မှ လိုက်ကစားခဲ့ရသော်လည်း ပွဲပြီး ခါနီးတွင် သွင်းယူခဲ့သည့်ဂိုးဖြင့် နိုင်ပွဲစတင် ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပထမဆုံးနိုင်ပွဲရခဲ့သော်လည်း အကောင်း ဆုံးပုံစံရရန် ရုန်းကန်ရဦးမည်ဖြစ်သည်။
 
အဖွင့်ပွဲတွင် သရေကျခဲ့သည့် မြန်မာအသင်းသည် ပွဲထွက်လူစာရင်း ကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့သည်။ မြန်မာအသင်းသည် ပိုဖိကစားနိုင်သော်လည်း အဆုံးသတ်အားနည်းသည့် တိုက်စစ်နှင့် အမှားများသည့် ခံစစ်ပိုင်းကို အပြောင်းအလဲပြုလုပ်နိုင်ခြင်း မရှိသော ကြောင့် တိုက်စစ်ဆင်မှုများမှာ မထိရောက် ဖြစ်ခဲ့သည်။
 
ပထမပိုင်းတွင် မြန်မာအသင်းက ဂိုးရနိုင်သည့် အခွင့်အရေး ပိုရသော် လည်း အသုံးမချနိုင်၍ ပထမပိုင်းတွင် ဂိုးမရှိ သရေကျနေသည်။ ၅၅ မိနစ်တွင် စင်ကာပူအသင်းခေါင်းဆောင် ချန်ဝေဇီ နှစ်ဝါ တစ်နီဖြင့် အထုတ်ခံရ၍ မြန်မာ အသင်း တစ်ယောက်အသာ ရသွားသော် လည်း ပွဲကို ဦးဆောင်နိုင်ခြင်းမရှိခဲ့ပေ။ ၆၂ မိနစ်တွင် စင်ကာပူ အသင်း မထင် မှတ်ဘဲ ဂိုးရသွားပြီး ဖာဇလီက ခေါင်းတိုက် သွင်းခဲ့ခြင်းဖြစ်သည်။
 
ဂိုးပေးလိုက်ရသောကြောင့် မြန်မာအသင်း ချေပဂိုးရရန် တောက်လျှောက်ကြိုးစားခဲ့သော်လည်း ၈၄ မိနစ်မှ ဂိုးပြန်ရခဲ့ပြီး တာရာတင်သိန်းက သွင်းယူခဲ့ခြင်းဖြစ်သည်။ သရေကျပြီး နောက်ပိုင်း မြန်မာအသင်း စိတ်ဓာတ်တက်သွားပြီး ပွဲပြီးခါနီး နာကျင်အချိန်ပို တွင် အနိုင်ဂိုးရခဲ့ကာ အသင်းခေါင်းဆောင် နေမျိုးထွေးက ပိတ်သွင်းယူခဲ့ သည်။
 
ပထမပွဲတွင် ထိုင်းအသင်းက မလေးရှားအသင်းကို သုံးဂိုး - တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဒုတိယနေ့အပြီးတွင် ထိုင်းအသင်းက နှစ်ပွဲကစား ခြောက်မှတ်၊ မြန်မာအသင်းက နှစ်ပွဲကစား လေးမှတ်၊ လာအိုအသင်းက တစ်ပွဲကစား တစ်မှတ်ရထားပြီး တစ်ပွဲကစား ထားသည့် မလေးရှားအသင်းနှင့် နှစ်ပွဲကစားထားသည့် စင်ကာပူအသင်းမှာ အမှတ်မရသေးပေ။
 
ညီမြတ်သော်တာ

HOT NEWS
January 4,