တောင်သူလယ်သမားနှင့် သမဝါယမ

Ministry of Cooperatives and Rural Development | Jul 22, 2024

မုတ်သုန်ရာသီကာလရောက်ခဲ့လေပြီ။ ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုသည့် ရှေးစကားကို မစောင့်တော့ဘဲ မုတ်သုန်မိုးကောင်းမှုကြောင့် နယုန်မိုးသေး၊ မြက်သားမမွေးနိုင်တော့ဘဲ လယ်ထဲ ကွင်းထဲတွင် မိုးရေတွေ ဖွေးနေလေပြီ။ ထို့ကြောင့် မိုးကောင်းရေသောက်ဒေသများတွင် တောင်သူ လယ်သမားများ လယ်ယာလုပ်ငန်းခွင် ဝင်နေကြသည့် မြင်ကွင်းကား နေရာအနှံ တွေ့နေရပြီ။ ထွန်စက်ကြီး၊ ထွန်စက်ငယ် တို့ဖြင့်လည်းကောင်း၊ လယ်ယာသုံး စက်ငယ်များဖြင့်လည်းကောင်း ထွန်ယက်စိုက်ပျိုးနေကြသည်မှာ စက်သံများ ပဲ့တင်ထပ်လျှက်ရှိနေတော့၏။ ယခင်ကာလက နွား ငေါက်သံ၊ နွားမောင်းသံများနှင့်အတူ ထယ်ထိုးခြင်း၊ ထွန်မွှေခြင်းလုပ်ငန်း တို့မှာ ဟိုအဝေးတွင် ကျန်ခဲ့လေပြီ။ တောင်သူတစ်ဦးချင်း၊ တစ်ယောက်ချင်းမှသည် မိသားစုလိုက် ရုန်းကန်လှုပ်ရှားရင်း စိုက်ပျိုးရေး၊ မွေးမြူရေးများ ဆောင်ရွက်ခဲ့ကြရာ တောင်သူလယ်သမားများ ဘဝသည် လုံးချာ လည်လျက် ကြွေးဟောင်းဆပ်၊ ကြွေးသစ်ယူ၊ ကြွေးသံသရာထဲမှ ရုန်းမထွက်နိုင် ခဲ့ကြပေ။ ထိုကာလ များတွင် နိုင်ငံတော်တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများသည် ခေတ်အဆက်ဆက်တွင် စနစ်အမျိုးမျိုးဖြင့် တောင်သူလယ်သမားများဘဝကို မြှင့်တင်ခဲ့ကြ၏။ သို့သော် ထင်သလောက် ခရီးမပေါက်ခဲ့ပေ။ ထို့အတူ တောင်သူလယ်သမားများဘဝသည်လည်း လူမှုဘဝ မဖွံ့ဖြိုးခဲ့၊ ထို့အတူ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အိမ်တွင်းမှု၊ လုပ်ငန်းများ မတိုးတက်ခဲ့။ ထို လုပ်ငန်းများ တိုးတက်ရန် အရင်းအနှီး အထူးလိုအပ်လျှက်ရှိနေသည်။ စိုက်ဘဏ်မှချေးသော ငွေဖြင့်လည်း မလည်ပတ်နိုင်တော့။ ထို့ကြောင့် လယ်သမားများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုမရှိသလို၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အရေးပေါ်များစွာကလည်း တောင်သူလယ်သမားများဘဝ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်းနှင့်အတူ အခက်အခဲများစွာ ကြုံတွေ့ရလေပြီ။ ထို့ကြောင့် လယ် သမားအများစုမှာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဖြစ်နိုင်ရေး အထူးကြိုးစား ခဲ့ရသော ကာလများပင်။

          ထိုကာလများကို သောင်မတင်၊ ရေမကျဆိုသကဲ့ ကျော်ဖြတ်လာပြီးနောက် “တိုင်းယက် သည့် ကဗ္ဗာလာ မိုးရွာတာနဲ့ အသင့်”ဆိုသလို ကျေးရွာများတွင် သမဝါယမအသင်းများ ပြန်လည် ပေါ်ထွန်းလာခဲ့သည်။ ထိုအသင်းများ၏ ရည်ရွယ်ချက်မှာ အသင်းသားများ စုပေါင်း၍ ဆောင်ရွက် ခြင်း၊ တစ်ရွာထုတ်ကုန် တစ်မျိုးဆိုသလို ဒေသထွက်ကုန်များ ထုတ်လုပ်ဆောင်ရွက်လာခြင်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လာခြင်း၊ ချေးငေွစနစ်ဖြင့် အသင်းသားများ၏ လယ်ယာ လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းများကို အထောက်အပံ့ဖြစ်လာခြင်း စသည့်ဖြင့် အကောင်အထည်ဖော်လာကြသည်။ အစဉ်အလာကောင်း တစ်ခု၏ ရောင်နီသန်းချိန် ဖြစ်လာခဲ့ သည်။ ယခုအခါ ကျေးရွာသမဝါယမ အသင်းများကို သမဝါယမ၏ တန်ဖိုးနှင့်အညီ ဖွဲ့စည်းပေးခဲ့ သည်။ သမဝါယမ တန်ဖိုးသည် မိမိကိုယ်မိမိ တာဝန်ယူခြင်း၊ ကူညီခြင်း၊ ဒီမိုကရေစီ တန်းတူညီမျှ မှု၊ တရားမျှတမှု စသည့် တန်ဖိုးများအပေါ် အခြေခံထားရှိပြီး ထုံးတမ်းအစဉ်လာအရ ရိုးသားမှု၊ ပွင့်လင်းမှု၊ လူမှုရေးရာ တာဝန်ယူမှုများမှာ သမဝါယမ၏ ကျင့်ဝတ်တန်ဖိုးများ ဖြစ်ပါသည်။ ထို့အတူ သမဝါယမ၏ အခြေခံမူများ၏ အဓိက အချက်များတွင် စုပေါင်းဆောင်ရွက်ခြင်း အခြေခံ ကျပါ၏။ (အာရှပစိဖိတ် အပြည်ပြည်ဆိုင်ရာ သမဝါယမ မဟာမိတ်အသင်း၊ ICA - AP) ၏ အဆို အရ သမဝါယမအသင်းများသည် အများသဘောတူ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်၊ ရည်မှန်းချက် ပြီးမြောက်စေရန် အသင်းဝင်ကိုယ်တိုင် စီမံဆောင်ရွက်ရသည်။ ပြည်သူ့ဗဟိုပြု စီးပွားရေးလုပ်ငန်းများ ဖြစ်သည်ဟု လေ့လာမှတ်သားခဲ့ရပါသည်။ ထို့ကြောင့်

သမဝါယမအသင်းသား တစ်ဦးဖြစ်လာသည်နှင့်အညီ စုပေါင်းဆောင်ရွက်ခြင်း၊ အလေ့အကျင့် သည်လည်း ရရှိပြီးဖြစ်ပါသည်။ ထိုကဲ့သို့ စုပေါင်းဆောင်ရွက်ရာတွင် ကျေးလက်နေပြည်သူများ (ဝါ) သမဝါယမအသင်းသားများဖြစ်သော ဆန်စပါး ထုတ်လုပ်စိုက်ပျိုးသော တောင်သူ လယ် သမားများ၊ မွေးမြူရေးအသင်းသားများအနေဖြင့် အလွန်တန်ဖိုးရှိသော ရလဒ်တစ်ခု ဖြစ်လာ ခဲ့ပါသည်။

          ယခုနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် နိုင်ငံစီးပွားမြှင့်တင်ရေး ရံပုံငွေမှ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကဏ္ဍများကို ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နေသည်မှာ နိုင်ငံနှင့် အလွန်ဝမ်းမြောက်ဘွယ်ရာ ကြားသိနေရပါသည်။ ထို့အတူ ကျွန်တော်တို့ နေထိုင်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင်လည်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရံပုံငွေဖြင့် တောင်သူလယ်သမားများ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်း များ ဆောင်ရွက်ခွင့်ရကြပြီး လူမှုစီးပွားဘဝ တိုးတက်နေသည့်မြင်ကွင်းများ၊ သတင်းစကားများ အားရဖွယ်ရာ ကြားသိနေရသည်။ တောင်သူလယ်သမားအနေဖြင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာ ဝန်ကြီးဌာနများအား အထူးကျေးဇူး တင်ကြောင်း စကားသံများလည်း ကြားသိနေရသည်။

          “ကျွန်တော်တို့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်ကတည်းက လယ်ယာစိုက်ပျိုးရေး လုပ်ငန်းမှာ အရင်းအနှီး၊ အထူးသဖြင့် သွင်းအားစုအတွက် အလွန်လိုအပ်ခဲ့ပါတယ်။ ထိုအဖွဲ့က ချေးမယ်၊ ဒီကုမ္ပဏီကချေးမယ်နဲ့ အသံတွေသာကြားပြီး တကယ်ဖြစ်မလာခဲ့ပါဘူး၊ အခုနိုင်ငံတော်ရဲ့ စေတနာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှု၊ ခရိုင်မြို့နယ်တာဝန်ရှိသူတွေရဲ့ ကူညီဆောင်ရွက် ပေးမှုကြောင့် မနှစ်က ၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီကစပြီး ရာသီအမီ သွင်းအားစုတွေဖြစ်တဲ့ ဓာတ် မြေဩဇာ၊ သဘာဝမြေဩဇာ၊ ပိုးသတ်ဆေးတွေ စတာတွေကို တစ်ဧက နှစ်သိန်းနှုန်း တန်ဖိုးရှိတဲ့ သွင်းအားစုတွေရခဲ့တာကြောင့် တစ်ဧက ပန်းတိုင်အထွက်နှုန်းတွေ ရရှိခဲ့သလို နွေစပါးမှာလည်း ပန်းတိုင်အထွက်နှုန်း ကျော်လွန်တဲ့အထိ အထွက်ကောင်းခဲ့ပါတယ်၊ နောက် ဆောင်းသီးနှံဖြစ်တဲ့ နေကြာ၊ ပဲတီစိမ်း၊ မတ်ပဲတွေလဲ အထွက်ကောင်းခဲ့လို့ ကျွန်တော်တို့ အနေနဲ့ မိဘဘိုးဘွားတွေ ပြောခဲ့သလို ကြွေးကြီးဆပ်တဲ့နှစ်ပါဘဲ၊ လာမည့်နှစ်တော့ စီးပွားဖြစ်ပြီ ပေါ့ဗျာ”ဟု ရေကြည်မြို့နယ်၊ ကြို့ကုန်းရွာ၊ ပန်းတောသမဝါယအသင်းသား တစ်ဦးဖြစ်သူ လယ်သမားကြီးတစ်ဦးမှလည်း အားပါတရ ကျေးဇူးတင်စကားပြောကြားပါသည်။ တကယ်လည်း ကြို့ကုန်းရွာ၊ ပန်းတောသမဝါယမ အသင်းသား၊ လယ်သမားကြီး ပြောသလိုပင် နိုင်ငံတော်အစိုးရမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တောင်သူလယ်သမားများ၏ မိုးစပါး၊ နွေစပါး၊ မတ်ပဲ၊ ပဲတီစိမ်း၊ နေကြာစိုက်ပျိုးရေးအတွက် လိုအပ်သော သွင်းအားစုများဖြစ်သည့် ဓာတ်မြေ၏ဇာ အမျိုးမျိုး၊ ပိုးသတ်ဆေးအမျိုးမျိုးအပြင် သဘာဝမြေဩဇာအမျိုးမျိုးကို တစ်ဧကလျှင် ကျပ် (၂)သိန်းနှင့်ညီမျှသော တန်ဖိုးကို သီးနှံပေါ်ဆပ် စနစ်ဖြင့် ဖြန့်ဝေပေးခဲ့သည်။ ထို့ကြောင့် လယ်သမားများအနေဖြင့် သွင်းအားစုအတွက် မပူပင်ရတော့။ လယ်ထဲတွင် အချိုးကျ အသုံးပြုနိုင်ကြသဖြင့် စပါးအတွက်တိုးသည်ကို လက်တွေ့ခံစားရပြီး ဖြစ်သည်။

          "ကျွန်တော်တို့ ကြို့ကုန်းရွာရှိ၊ ပန်းတောသမအသင်းဝင် လယ်သမားတွေကို မြို့နယ် သမဝါယမကနေ ဓာတ်မြေဩဇာ အမျိုးမျိုးရရှိမည့် ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပေးပါတယ်။ လယ်သမားတွေကိုယ်တိုင် စပါးစိုက်ပျိုးရေးမှာ အသုံးဝင်မည့် ဓာတ်မြေဩဇာကို စိတ်ကြိုက် ရွေးချယ်မှာယူနိုင်ပြီး ဈေးနှုန်းကိုလည်း ဈေးကွက်ထဲတွင် ဈေးနှုန်းထက်မပိုသော နှုန်းထားနဲ့

ညှိနှိုင်းဆောင်ရွက်နိုင်ပြီး လယ်ယာလုပ်ငန်းရှိရာ ရွာကို အရောက်ပို့ စနစ်နဲ့ ဖြန့်တာပါ။ စပါးပေါ် တဲ့အချိန် တစ်ကျပ်တိုးနဲ့ တွက်ပြီးဆပ်ရပါတယ်၊ ပြား(၅၀)အတိုးကတော့ ကျေးရွာ သမဝါယမ အသင်းမှာ ဝင်ပါတယ်၊ အဲဒီအတိုးကို အများဆန္ဒနဲ့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သုံးခွင့် ရပါသေးတယ်၊ ဘယ်လောက်ကောင်းတဲ့ စနစ်လဲဗျာ၊ ဒါကို ကျွန်တော်တို့ လယ်သမားတွေက စနစ်တကျသုံး၊ စနစ်တကျပေးဆပ်ကြရင် နိုင်ငံတော်စေတနာနဲ့ မြေကိုအခြေပြု၊ သမဝါယမကို သမဝါယမကို အခြေခံထားကာ ပဒေသာပင် မြေကပေါက်တဲ့ ကိန်းဆိုက်ပြီပေါ့ဗျာ" ဟု ပန်းတော သမဝါယမအသင်း တာဝန်ရှိသူတစ်ဦးမှ ရှင်းပြပါသည်။

          တကယ်လည်း သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန အနေဖြင့် လည်း ကျေးရွာစိုက်ပျိုးမွေးမြူရေး သမဝါယမအသင်းများကို အခြေခံထားကာ ရိတ်သိမ်းချွေလှေ့ စက်၊ ထွန်စက်နှင့် အင်ဂျင်စက်အမျိုးမျိုးကို အရစ်ကျစန်စဖြင့်လည်း ဖြန့်ဖြူးရောင်းချပေးနေ ကြောင်း သိရသည်။

          "အရင်ကတော့ လယ်ယာလုပ်ငန်းတွေ တိုးတက်ဖို့ ငွေလိုတော့ ငွေချေးချင်တယ်၊ အခု တာဝန်ရှိသူတွေက ငွေမပေးသေးဘူး၊ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသုံးဝင်မဲ့၊ သွင်းအားစုတွေ ဘဲပေးတယ်၊ အဲဒီအစီအစဉ်ကို ကျွန်တော်ကတော့ သိပ်သဘောကျတယ်၊ နို့မို့ရှိရင် ငွေရလိုက် တာနဲ့ ဟိုတုန်းက လယ်သမားတွေဆို ဓနီဖိုး၊ ငပိဖိုး ထဲ ရောက်သွားတက်တယ်၊ အခုခေတ် ကာလဆိုတော့ ဖုန်း၊ ဆိုင်ကယ် ဖိုး ထဲ ရောက်သွားကြတာ များမှာပေါ့ဗျာ၊ အခုတော့ လယ်ထဲ သုံးဖို့ ပစ္စည်းလက်ထဲရောက်တော့ စပါးအထွက်တိုးတာပေါ့ဗျာ၊ ကျွန်တော်တို့ တိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လယ်သမားတွေနဲ့ တွေ့ဆုံတိုင်ပင်တိုင်း အထွက်နှုန်းရောက်ဖို့နဲ့ မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်ဖို့ တိုက်တွန်းလမ်းညွှန်တယ်၊ တကယ်လည်း ကျွန်တော်တို့အနေနဲ့ ဒီလိုပံ့ပိုးတဲ့ သွင်းအားစု ပစ္စည်းအသုံးချလိုက်တော့ ပန်းတိုင်အထွက်နှုန်း ကျော်သွားတယ်ဗျာ" ဟု ကြို့ကုန်း ကျေးရွာမှ မိုးစပါး၊ နွေစပါး၊ မတ်ပဲ၊ ပဲတီစိမ်း၊ သီးနှံများကို သုံးသီးစိုက်ပျိုးသည့် တောင်သူ လယ်သမားတစ်ဦးမှ သူ၏အတွေ့အကြုံကို ရှင်းပြပါသည်။

          တကယ်လည်း ကြို့ကုန်းကျေးရွာမှ တောင်သူလယ်သမားအများစုမှာ၊ သွင်းအားစုများကို မှန်ကန်စွာ ပြည့်ပြည့်ဝဝ အသုံးပြုခဲ့သဖြင့် ယခင်ကာလက အကောင်းဆုံးစပါးအထွက်နှုန်း ၆၀/၇၀တင်းထက် ကျော်လွန်ကာ မိုးစပါး တစ်ဧက တင်း(၁၀၀)ကျော် အထိ ထွက်ရှိလာကြပြီး ဖြစ်သည်။ ထို့ကြောင့် တောင်သူလယ်သမားများအနေဖြင့် နိုင်ငံတော်၏ တောင်သူလယ်သမား များ ဘဝ မြှင့်တင်ရေးအတွက် ထားရှိသည့်စေတနာ၊ ဘဏ္ဍာငွေ စီမံပေးမှု၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှု၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ကြီးကြပ်ဆောင်ရွက်ပေးမှု၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၏ ကွက်ပြည့် အကောင်အထည်ဖော် ဆောင်ရွက်ပေးမှု၊ တောင်သူလယ်သမားအများစုမှ လိုက်နာဆောင်ရွက် ကြိုးစားမှုတို့ကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်မှာ လူမှု့ဘဝ ဖွံ့ဖြိုးတိုးတက်လာခြင်းက မျက်မြင်သက်သေပင် ဖြစ်တော့ ၏။ ထိုသို့ လူမှုဘဝတိုးတက်လာခြင်း၏ အခြေခံအကြောင်းအရာများမှာ ကုန်စည်ပေးသွင်းမှု၊ ဝန်ဆောင်မှုနှင့် ဈေးကွက်ရှာဖွေရေးဆိုင်ရာ လုပ်ငန်းဝယ်/ဖြန့် စနစ်များသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျှက်ရှိပါသည်။ ထိုအကြောင်းအရာ များသည် သမဝါယမ စနစ်တွင် ပါဝင်သော အချက်များပင်၊ စုပေါင်းဆောင်ရွက်ခြင်း၊ ပညာပေး ခြင်း၊ စည်းကမ်းတကျ ဆောင်ရွက်ခြင်း အကျိုးများပင်ဖြစ်၏။ ကွက်ပြည့် အကောင်အထည် ဖော်ပေးမှု၊ တောင်သူလယ်သမားအများစုမှ လိုက်နာ၊ ဆောင်ရွက်၊ ကြိုးစားမှုကြောင့် ဖြစ်ပေါ်

လာသည့် ရလဒ်မှာ လူမှုဘဝဖွံ့ဖြိုးတိုးတက်လာခြင်းက မျက်မြင်သက်သေပင် ဖြစ်တော့၏။ ထိုသို့ လူမှုဘဝ တိုးတက်လာခြင်း၏ အခြေခံအကြောင်းရပ်များမှာ ကုန်စည်ပေးသွင်းမှု၊ ဝန်ဆောင်မှုနှင့် ဈေးကွက်ရှာဖွေရေးဆိုင်ရာ လုပ်ငန်း ဝယ်/ဖြန့် စနစ်များသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှု တွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျှက်ရှိပါသည်။ ထိုအကြောင်းအရာများသည် သမဝါယမ စနစ်တွင် ပါဝင်သော အချက်များပင်။ စုပေါင်းဆောင်ရွက်ခြင်း၊ ပညာပေးခြင်း၊ စည်းကမ်းတကျ ဆောင်ရွက်ခြင်း အကျိုးများပင်ဖြစ်၏။

          ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့(၁၀၂)နှစ်မြောက် အထိမ်းအမှတ် ဆောင်ပုဒ်မှာ Cooperatives Buil a Better Future for All အနာဂတ်ဘဝ ပိုမိုကောင်းမွန်ရေး၊ သမဝါယမက ဆောင်ရွက်ပေး ဆောင်ပုဒ်နှင့် တထပ်တည်းကျနေပြန်သည်။ နိုင်ငံတော်အစိုးရ၏ တောင်သူလယ်သမားနှင့်များစွာ သက်ဆိုင်သော၊ အကျိုးရှိသော၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေသည် တောင်သူလယ်သမား၏ အနာဂတ်ဘဝကို ပိုမိုကောင်းမွန်ရေးအတွက် ပန်းတိုင် ရောက်အောင် ပို့ဆောင်ပေးသည့် လမ်းသစ်ကြီးတစ်ခုသဖွယ် ဖြစ်နေပါတော့၏။ ထိုရန်ပုံငွေများ ကိုလည်း စနစ်တကျ၊ အကျိုးရှိရှိ အကောင်အထည်ဖော်ရန် ဗဟိုလုပ်ငန်းကြီးကြပ်မှု ကော်မတီ၊ တိုင်းဒေသကြီးလုပ်ငန်းကြီးကြပ်မှုကော်မတီ၊ ခရိုင်၊ မြို့နယ် လုပ်ငန်းကြီးကြပ်မှု ကော်မတီများမှ ကြီးကြပ်ဆောင်ရွက်နေကြသည်။ ထိုမှသည် မြို့နယ်များတွင်လည်း ဝယ်ကြိတ် တင်ပို့ ကြိတ်ခွဲသူများ အစုအဖွဲ့၊ သွင်းအားစု ဖြန့်ဖြူးပေးသူ၊ သမဝါယမအသင်းများဖြင့် စာချုပ် ချုပ်ဆိုဆောင်ရွက်ကာ တောင်သူလယ်သမားများနှင့် မိတ်ရင်းဆွေမွန်သဖွယ် ပေါင်းစပ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းကြောင့် ရလဒ်ကောင်းများ ရရှိလျက်ဖြစ်ပါသည်။

          စားရေးသူသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသော လယ်သမားတစ်ဦး ဖြစ်သလို၊ မိမိကျေးရွာ ပန်းတောစိုက်ပျိုးမွေးမြူရေး၊ သမဝါယမအသင်း၏ ဒုဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်နေသူတစ်ဦး ဖြစ်ပါသည်။ ထို့ကြောင့် မိမိမှစ၍ မိမိကျေးရွာ၊ မိမိမြို့နယ်မှသည် တောင်သူလယ်သမား အားလုံးသည် နိုင်ငံတော်မှ မြစ်ဖျားခံသော နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ သမဝါယမ ဦးစီးဌာန၏ ဘက်ဂျက်ဖြစ်သော လူမှုစီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ရန်ပုံငွေများဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အားတက်သရော ဆောင်ရွက် သင့်သည်ဟု ခံယူပါသည်။ ထို့အတူ စာရေးသူနေထိုင်ရာ ရေကြည်မြို့နယ်၊ ကြို့ကုန်းကျေးရွာ အုပ်စုသည် ဧက(၂၀၀၀)ကျော်ရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဧက(၃၀၀) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ပုံငွေဖြင့် ဧက(၂၀၀) သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၏ လူမှုစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဧက (၉၀)၊ စုစုပေါင်း (၅၉၀)ဧကကို လမ်းညွှန်မှုများနှင့် စိုက်ပျိုးထုတ်လုပ်နေကြပါသည်။ စာရေးသူအနေဖြင့် မိမိလုပ်ပိုင်ခွင့် ရရှိထားသော လယ်မြေပေါ်တွင် မိုးစပါး၊ ပဲတီစိမ်း၊ မတ်ပဲ၊ နေကြာနှင့် နွေစပါးများကို မြေအလှည့်ကျ အသုံးပြု၍ သုံးသီးစားစိုက်ပျိုးနိုင်ခဲ့ပါပြီ။ မိသားစုဝင်ငွေလည်း တိုးခဲ့ပါပြီ။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ နိုင်ငံတော်ဝန်ကြီးချုပ်ကြီးနှင့်တကွ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏စေတနာ၊ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ်ကြီး၏ ခရီးစဉ်များတွင် တောင်သူလယ်သမားများနှင့် တွေ့ဆုံတိုင်း၊ လမ်းညွှန် မှာကြားသည့် စေတနာ၊ စနစ်တကျ စီမံဆောင်ရွက်ပေးမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့၏ သက်ဆိုင်သည့်ဘက်က ဆောင်ရွက်ပေးခဲ့သည့် စေတနာများ၏အကျိုးများပင်။

ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများအပြင် အကျုံးဝင်သော အခြားလုပ်ငန်းကဏ္ဍများ တွင်လည်း အကျိုးသက်ရောက်မှုရှိလာသည်ကို မြင်တွေ့နေရတော့၏။ ထို့အတူ စာရေးသူတို့ ကျေးရွာလေးတွင်လည်း ထိုအကျိုးရလဒ်များကို စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများ တွင် အကျိုးရှိစွာ အသုံးချနိုင်ရေး သမဝါယမစနစ်ဖြင့် အကောင်အထည်ဖော်လျှက်ရှိပါသည်။ ထို့အတူ အသင်းသားများ၏ စိုက်ပျိုးရေး၊ အထူးသဖြင့် မိုးစပါး၊ ပဲအမျိုးမျိုး၊ နွေစပါးများကိုလည်း သမဝါယမအသင်းအနေဖြင့် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး စသည့် ပံ့ပိုးပစ္စည်းများ အချိန်မီဆောင်ရွက်ပေးခြင်း၊ ဆွေးနွေးခြင်း၊ ပညာပေးဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တကွ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့်သော တာဝန်ရှိလူကြီးမင်းများ၏ လမ်းညွှန်မှု များကို လိုက်နာဆောင်ရွက်ခြင်းကြောင့် သီးနှံအထွက်တိုး၊ ပန်းတိုင်ရည်မှန်း ချက်ရောက်ရှိနေခြင်း ဖြစ်ပါသည်။ ထို့အတူ ကျေးရွာသမဝါယအသင်းသားများ အနေဖြင့်လည်း သမဝါယမစနစ်ကို အားကိုးယုံကြည်စွာဖြင့် ခိုင်မြဲစွာ လက်တွဲကြလေပြီ။ ထိုရလဒ်များကြောင့် အသင်းသားများ၏ ဘဝအနာဂတ် ပိုမိုလှပလာပြီ။ ထို့အတူ တောင်သူလယ်သမား အားလုံးသည်လည်း ကောင်းမွန်သော နမူနာများကို ယူ၍ အလျှင်အမြန် အနာဂတ်ဘဝ ပိုမိုကောင်းမွန်ပါစေ၊ ကျေးလက်ဒေသများတွင် အခြေခံကျကျ ဆောင်ရွက်ပေးမည့် ကျေးရွာသမဝါယမအသင်းများ ရှင်သန်၊ တိုးတက်၊ ဖွံ့ဖြိုးပါစေ ကြောင်းနှင့် ၂၀၂၄ ခုနှစ်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ (၁၀၂)နှစ်မြောက်၊ အခါသမယတွင် ဆန္ဒပြုတိုက်တွန်း အပ်ပါသည်။

          သိန်းဇော်(ရွှေလီဦး)