ပြည်သူများ၏ အနာဂတ်ဘဝ ပိုမိုကောင်းမွန်ဖို့…

Ministry of Cooperatives and Rural Development | Jul 22, 2024

၁၈၄၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ ရော့ခ်ဒေးမြို့ Toad Lane လမ်းတွင် ရက်ကန်းသမား (၂၈)ဦးတို့မှ ရော့ခ်ဒေးသမဝါယမကုန်စုံဆိုင် ဖွင့်လှစ်အောင်မြင်ခဲ့ခြင်းမှ အစပြု၍ သန္ဓေတည် ခဲ့သည့် ကမ္ဘာ့သမဝါယမလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း(၁၈၀) တိုင်ခဲ့ပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ သမဝါယမလုပ်ငန်းများကိုလည်း ၁၉၀၄ ခုနှစ် နှောင်းပိုင်းနှင့် ၁၉၀၅ ခုနှစ် နှစ်ဆန်းပိုင်းတို့မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ခေတ်အဆက်ဆက် သမဝါယမအသင်းများ ရှင်သန်ဖွံ့ဖြိုးရေးအတွက် သမဝါယမဦးစီးဌာန၊ ဝန်ကြီးဌာန ဖွဲ့စည်းထူထောင်ပြီး လမ်းညွှန်ကြီးကြပ်မှုများဖြင့် ဆောင်ရွက်ခဲ့ရာ (၁၇-၆-၂၀၂၁) ရက်နေ့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ဝန်ကြီးဌာနအသစ်အဖြစ် ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ခေတ်နှင့်အညီ မူဝါဒအသစ်များဖြင့် သမဝါယမလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးလာစေရေး ပန်းတိုင်ဆီသို့ လျှောက်လှမ်းလာခဲ့ရာ (၃)နှစ်တာခရီး ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။                  

               သမဝါယမဦးစီးဌာနမှ ပြည်သူတို့၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက် အကျိုးရှိမည့် မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ Action Plan (၉)ရပ် ချမှတ်၍ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးနိုင်ရေးအတွက် သမဝါယမအသင်းများဖွဲ့စည်းခြင်း (Organizing)၊ စည်းရုံးပညာပေးခြင်း (Educating)၊ တည့်မတ်ပြုပြင်ပေးခြင်း (Regulating)တို့ကို သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။ သမဝါယမအသင်းများ ဖောင်းပွမှု မရှိဘဲ ကျစ်လစ်ခိုင်မာစေရေးအတွက် ၂၀၂၁ ခုနှစ် ဇွန်လမှ ၂၀၂၄ ခုနှစ် မေလအထိ အလုပ်မလုပ် သည့်/စာရင်းရှင်းလင်းဖျက်သိမ်းသင့်သည့် သမဝါယမအသင်း(၁၂၆၂)သင်းအား စာရင်းရှင်းလင်း ဖျက်သိမ်းခဲ့ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ဖွဲ့စည်းခဲ့ပြီးသော အသင်းဟောင်းများထဲမှ အမှန်တကယ်လုပ်ကိုင်လိုသူများအား စည်းရုံးပြီး စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း(၁၆၁၇)သင်း၊ မွေးမြူရေးနှင့်အထွေထွေသမဝါယမအသင်းသစ်(၇၉)သင်း၊ ကုန်ထုတ်လုပ်မှုသမဝါယမအသင်း(၄၃၀)သင်း၊ ဝန်ဆောင်မှုသမဝါယမအသင်း(၄၆)သင်း၊ ကုန်သွယ်မှုသမဝါယမအသင်း(၁၀၇)သင်း၊ စုစုပေါင်းအသင်းသစ်(၅၈၃)သင်း ဖွဲ့စည်းမှတ်ပုံတင် ပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကဏ္ဍအလိုက် ထုတ်လုပ်မှုသမဝါယမအသင်း (၃၁၉၆၃)သင်း၊ ဝန်ဆောင်မှုသမဝါယမအသင်း (၃၅၅၆) သင်းနှင့် ကုန်သွယ်မှုသမဝါယမအသင်း (၃၁၄၀) သင်းကို ဖွဲ့စည်းဆောင်ရွက်ထားရှိပါသည်။

               စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း (၁၉၈၄၁) သင်းမှ အသင်းသား(၁၀၄၉၅၀၄) ဦးအတွက် နိုင်ငံတော်ဘတ်ဂျက်ခွင့်ပြုငွေကျပ်(၁၀၄၂.၅၅)သန်းအပါအဝင် သမဝါယမအသင်းပိုင် ငွေကျပ် (၁၂၅၅၁၇.၁၅၃) သန်းဖြင့် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ဝါနှင့် ဟင်းသီးဟင်းရွက် စိုက်ဧကသိန်းပေါင်း (၂၆.၅) ဧကကို စိုက်ပျိုးနိုင်ခဲ့ပြီး ရာသီအလိုက် စဉ်ဆက်မပြတ် စိုက်ပျိုးနိုင်အောင် ဆောင်ရွက်လျက်ရှိပါသည်။ မျိုးစေ့ထုတ်သမဝါယမအသင်း (၂၀၅)သင်း၏ မျိုးစေ့ထုတ်ဧက (၁၂၄၉၅) မှ မျိုးစပါး၊ မြေပဲ၊ နှမ်း၊ ပဲမျိုးစုံ၊ နေကြာစသည့် သီးနှံမျိုးစေ့များ ထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

               သွင်းအားစုပံ့ပိုးမှုအနေဖြင့် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း(၆၂၃)သင်းမှ အသင်းသားတောင်သူ (၁၁၈၆၄)ဦးသို့ နိုင်ငံတော်ဘတ်ဂျက်ခွင့်ပြုငွေကျပ် (၂၇၇.၁၄၁)သန်း အပါအဝင် စုစုပေါင်းကျပ် (၆၂၇၉.၀၄၆)သန်းတန်ဖိုးရှိသော မျိုးကောင်းမျိုးသန့်များနှင့် သဘာဝ မြေသြဇာ (၆၃၃၉၃)အိတ်၊ ဓာတ်မြေဩဇာ(ပုလဲ၊ ကွန်ပေါင်း)(၆၀၈၂၂)အိတ်၊ ပိုးသတ်ဆေး(၁၁၀၈) ပုလင်းမျိုး စသည့် စိုက်ပျိုးရေးသွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးဆောင်ရွက်ပေး နိုင်ခဲ့ပါသည်။               သမဝါယမအသင်း(၁၇၆)သင်းမှ  အသင်းပိုင်လယ်မြေ(၁၄၂၄၀.၅၂)ဧက၊ ယာမြေ (၇၇၂.၃၇)ဧကရှိပြီး အဆိုပါအသင်းပိုင်လယ်ယာမြေများတွင် သမဝါယမစနစ်ဖြင့် BOD အဖွဲ့မှ ဦးဆောင်၍ စုပေါင်းဝယ်ယူ၊ စုပေါင်းဆောင်ရွက်၊ စုပေါင်းရောင်းချခြင်းများကို ဆောင်ရွက်လျက် ရှိပါသည်။ သီးနှံရာသီအလိုက် ရောင်းချခြင်းများ ဆောင်ရွက်ပြီး အကျိုးအမြတ်ခွဲဝေပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

               လယ်ယာအထောက်အကူပြုဝန်ဆောင်မှုသမဝါယမအသင်း(၄၉)သင်း၊ လုပ်ငန်းခွဲ (၁၁၃)သင်း၊ စုစုပေါင်း(၁၆၂)သင်းတို့မှ ထွန်ယက်ပြုပြင်ခြင်းနှင့် စပါးရိတ်သိမ်းခြွေလှေ့ခြင်းတို့ အား ထွန်စက်ကြီး(၅၈၈)စီး၊ ရိတ်သိမ်းခြွေလှေ့စက် (၁၁၄)စီးနှင့် အခြားစက်ကိရိယာ (၆၄)စီး၊ စုစုပေါင်း(၇၆၆)စီးဖြင့် ထွန်ယက်ဧက(၁၃၉၆၃၁)ဧက၊ ရိတ်ခြွေဧက(၂၇၂၁၂)ဧကတို့ကို ဆောင်ရွက် ပေးခဲ့ပြီး လယ်ယာအထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းများကို ရာသီချိန်အလိုက် ဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။

               မျိုးစေ့ထုတ်ကုမ္ပဏီများ၊ သွင်းအားစုကုမ္ပဏီများ၊ လယ်ယာသုံးစက်ကိရိယာရောင်းချ သည့်ကုမ္ပဏီများနှင့်ပူးပေါင်း၍ လယ်ယာသုံးစက်ကိရိယာရောင်းချခြင်း၊ သမဝါယမလယ်ယာ ဝန်ဆောင်မှုသရုပ်ပြပွဲနှင့် မျိုး၊ သွင်းအားစုပေးအပ်ပွဲအခမ်းအနားများကို နေပြည်တော် လယ်ဝေး မြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး တောင်သူလယ်သမားများအား လယ်ယာသုံး စက်ကိရိယာများဝယ်ယူနိုင်ရေးအတွက် ကုမ္ပဏီအစီအစဉ်ဖြင့် အရစ်ကျစနစ်ဖြင့်လည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ Two–Step Loan ချေးငွေဖြင့်လည်းကောင်း ပံ့ပိုးဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။

               နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၊ ရှမ်းပြည်နယ် တောင်ကြီး မြို့နယ် ရပ်စောက်မြို့နယ်၊ ပင်လောင်းမြို့နယ် နောင်တရား အာလူးစိုက်ပျိုးရေးနှင့်အထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်းတို့မှ ဆောင်ရွက်သည့် သဘာဝမြေသြဇာစက်ရုံ စုစုပေါင်း (၇)ရုံတည်ထောင်ဆောင်ရွက်နိုင်ခဲ့ပြီး မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် အောင်ကောင်းမြတ် လယ်ယာကုန်ထုတ်လုပ်မှုနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းတွင်လည်း နှမ်းရိုးမှ သဘာဝမြေသြဇာထုတ်လုပ်ခြင်းလုပ်ငန်းကို  ဆောင်ရွက်နိုင်ခဲ့ပါသည်။

               ၂၀၂၃ ခုနှစ် နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် စိုက်/မွေး/ဆည်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ တိုင်းဒေသကြီး/ပြည်နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ တိုင်းဒေသကြီး/ပြည်နယ် ဘတ်ဂျက်၊ အသင်းပိုင်ငွေကျပ် (၉၁၅၁.၂၉၂) သန်းတို့ဖြင့် သမဝါယမအသင်း (၂၉၆)သင်း၊ အသင်းသားတောင်သူ (၇၂၇၃)ဦး၏ နွေစပါးစိုက်ဧက(၄၅၇၀၈)ဧကအတွက် တစ်ဧကလျှင် ကျပ်(၂)သိန်းနှုန်းဖြင့် မျိုး၊ သွင်းအားစုများကို ထောက်ပံ့ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးနိုင်ရေးအတွက်လည်း ကျပ်(၂၆၆၉၇.၆၀၂) သန်းဖြင့် သမဝါယမအသင်း (၁၀၅၆)သင်း၊ အသင်းသားတောင်သူ (၂၈၅၅၅) ဦး၏ မိုးစပါးစိုက်ဧက (၁၃၆၁၉၂.၇၃) ဧက အတွက် တစ်ဧကလျှင် ကျပ်(၂)သိန်းနှုန်းဖြင့် မျိုး၊ သွင်းအားစုများကို ထောက်ပံ့ဆောင်ရွက်ပေး နိုင်ခဲ့ပါသည်။

               ၂၀၂၄ ခုနှစ်၊ မိုးစပါးစိုက်ပျိုးနိုင်ရေးအတွက် ကျပ်(၂၈၄၃၂.၃၄၁) သန်းဖြင့် သမဝါယမ အသင်း(၁၀၃၁)သင်း၊ အသင်းသားတောင်သူ (၂၇၅၀၇)ဦး၏ မိုးစပါးစိုက်ဧက (၁၄၆၃၁၄) ဧကအတွက် တစ်ဧကလျှင် ကျပ်(၂)သိန်းနှုန်းဖြင့် မျိုး၊ သွင်းအားစုများကို ရယူဆောင်ရွက်ပေး လျက်ရှိပါသည်။

               ဝါအထွက်နှုန်းများတိုးတက်စေရေးနှင့် ဝါကုန်ကြမ်းများမှ အဆင့်မီသည့် ချည်ထည် များ ထုတ်လုပ်နိုင်ရေးအတွက် ဝါသီးနှံစိုက်ပျိုးရေးထုတ်လုပ်မှု ညှိနှိုင်းအစည်းအ‌ဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်ချက်အရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် သမဝါယမကဏ္ဍမှ ဝါစိုက်ပျိုးရေးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် တောင်သူများအား သက်ဆိုင်ရာမြို့နယ်၊ ကျေးရွာ များအလိုက် ရွေးချယ်စည်းရုံး၍ သမဝါယမအသင်းများဖွဲ့စည်းပြီး စုစုပေါင်းဧက(၉၆၀၀၀) စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိပါသည်။ လျာထား(၉၆၀၀၀)ဧကအပေါ် တိုင်းဒေသကြီး/ ပြည်နယ်(၄)ခုတွင် မြို့နယ်(၂၈)မြို့နယ်တွင် အသင်းသား (၁၅၉၀၅)ဦးမှ မိုးကြိုဝါ (၁၉၅၇)ဧက၊ မိုးဝါ(၉၁၈၄)ဧက၊ မိုးနှောင်းဝါ(၄၇၂၈၆)ဧက စုစုပေါင်း (၅၈၄၂၇)ဧကစိုက်ပျိုးမည့် သမဝါယမ အသင်း (၃၇၉)သင်း ဖွဲ့စည်းထားပြီး တစ်ဧကလျှင် နှစ်သိန်းနှုန်းနှင့်ညီမျှသော မျိုး၊ သွင်းအားစု များအား ထောက်ပံ့ပေးပြီးဖြစ်ပါသည်။

               မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသော သမဝါယမအသင်း(၂၉၂၁)သင်းမှ အသင်းသား (၁၈၂၇၇၀)ဦးမှ နိုင်ငံတော်ဘတ်ဂျက်ခွင့်ပြုငွေကျပ်(၁၈၈.၅)သန်းအပါအဝင် သမဝါယမအသင်းပိုင် ကျပ် (၁၄၆၅၄.၀၅၁) သန်းတန်ဖိုးရှိသော မျိုးသားပေါက်နှင့် တိရစ္ဆာန်အစားအစာများကို ပံ့ပိုး ပေး၍ ကြက်ကောင်ရေ (၆၇၂၃၄)ကောင်၊ ဝက်ကောင်ရေ (၁၆၁၇၅၄) ကောင်၊ ဆိတ်ကောင်ရေ (၂၉၈၄) ကောင်၊ နွားကောင်ရေ (၅၁၆၈)ကောင်၊ နွားနောက် (၁၀၀) ကောင်၊ ဘဲကောင်ရေ (၈၂၈)ကောင်၊ ငါး(၁၆၀၅၃၇၃၇)ကောင်၊ စုစုပေါင်း (၁၆၂၉၁၈၀၅) ကောင်နှင့်  ယင်မဲမွေးမြူခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ တိုင်းဒေသကြီး/ပြည်နယ်(၇)ခု၊ မြို့နယ်(၁၆)မြို့နယ်ရှိ မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသော သမဝါယမအသင်း(၂၀)သင်းမှ အသင်းပိုင်/အသင်းသားပိုင် ငါးမွေးကန် (၁၁၇၅) ကန်၊ အကျယ်အဝန်း (၁၈၇၆.၉၈) ဧကတွင်  ငါးမြစ်ချင်း၊ ငါးမုတ်၊ ငါးတန်၊ ငါးကြင်း၊ ငါးခေါင်းပွ၊ ငါးခုံးမ၊ ရွှေဝါငါးနှင့် ငါးသားပေါက်စသည့် ငါးကောင်ရေ စုစုပေါင်း (၁၆၆.၁၅)သိန်းကောင်ရေ မွေးမြူထားပြီး အသင်းသားပြည်သူများ ဈေးနှုန်းချိုသာစွာ စားသုံး နိုင်ရေး ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ပါသည်။

               သမဝါယမအသင်းပိုင်ဆန်စက်များတည်ဆောက်နိုင်မှုအနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် တော်ဝင်မိုင်းယောင်းအထွေထွေရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်ပိုင် တန်(၃၀)ဆန်စက်၊ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ရွှေဇေယျာစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းပိုင်ရွှေဇေယျာဆန်စက်၊ မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် တစ်ရက်တန် ၂၀ ကျ အဆင့်မြင့်ဆန်စက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ရွှေမြိုင်စိုက်ပျိုးရေးနှင့်အထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်းပိုင် တစ်ရက်တန် ၆၀ ကျ ရွှေမြိုင်အဆင့်မြင့်ဆန်စက်ကို တည်ဆောက်ခဲ့ပြီး စက်စွမ်းအားပြည့် လည်ပတ်ဆောင်ရွက်လျက်ရှိကြပါသည်။

               နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်မှုအရ ဆီထွက်သီးနှံမှတစ်ဆင့် စားသုံးဆီဖူလုံရေး နှင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို လျှော့ချပြီး ပြည်တွင်းမှ ထွက်ရှိသော ပဲဆီ၊ နှမ်းဆီတို့ဖြင့် အစားထိုးဆောင်ရွက်နိုင်စေရေး ရည်ရွယ်၍ တိုင်းဒေသကြီး/ပြည်နယ်(၅)ခုရှိ မြို့နယ်(၁၁) မြို့နယ် [ ပုဗ္ဗသီရိ၊ မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ ဗန်းမော်၊ ဇီးကုန်း၊ ရွှေတောင်၊ မကွေး၊ အောင်လံ၊ ပုသိမ်၊ ဟင်္သာတ ] မြို့တို့တွင် နိုင်ငံတော်၏ပံ့ပိုးကူညီမှုအပါအဝင် အသင်းပိုင် ဆီစက်(၁၁)လုံး တည်ထောင်ပေး၍ သမဝါယမကဏ္ဍမှ ဆီစက်လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။

               မန္တလေးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်၊ စမ်းဝတီမွေးမြူရေးနှင့် သဘာဝ မြေဩဇာထုတ်လုပ်ရေးသမဝါယမအသင်းနှင့်  ရွှေကမ္ဘာငွေစုငွေချေးသမဝါယမအသင်းတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မန္တလေးနို့ချက်စက်ရုံအား (၁၄-၁၂-၂၀၂၂)ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး နို့ချက်စက်ရုံမှ (၁) ရက်လျှင် နို့ဆီဘူး (၃၀၀၀)ထုတ်လုပ်လျက်ရှိပြီး (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် အတွင်း နို့ဆီဘူး(၄၄၈၆၀၈)ဘူး၊ တန်ဖိုးငွေကျပ်(၈၃၂၀.၄၀၄) သိန်းအား ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးပေးနိုင်ခဲ့ပါသည်။

               ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP) လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ပေးမှုမှာ ကျေးလက်ဒေသတွင် တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်နေသည့် အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းငယ်များမှတစ်ဆင့် အရည်အသွေးပြည့်မီသော တန်ဖိုးမြှင့်ထုတ်ကုန်များအား တိုးမြှင့်ထုတ်လုပ်နိုင်ရန်နှင့် ဒေသတွင်း/ပြည်ပသို့ ဈေးကွက်ချဲ့ထွင်ရောင်းချပေးနိုင်ရန် သမဝါယမ အသင်းပေါင်း(၅၁)သင်းမှ ရိုးရာလုံချည်၊ ဝါးလက်မှုထည်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံး/အိမ်သုံးပစ္စည်းများ၊ ချည်ထည်ထုတ်လုပ်သည့်လုပ်ငန်းများအား သမဝါယမအသင်းသား များမှ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အတွင်း ထုတ်ကုန်ပစ္စည်းတန်ဖိုး စုစုပေါင်းငွေကျပ် (၂၈၃၁၄.၃၄)သိန်းအား ထုတ်လုပ်နိုင်ခဲ့ပြီး ရောင်းချမှု အနေဖြင့် ငွေကျပ် (၃၂၆၇၈.၆၆) သိန်းအား ရောင်းချဖြန့်ဖြူးနိုင်ခဲ့ပါသည်။

               ဟိုတယ်/မိုတယ်/တည်းခိုခန်းများ လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ တိုင်းဒေသကြီး/ပြည်နယ်(15)ခု၊ မြို့နယ်ပေါင်း (53) မြို့နယ်ရှိ သမဝါယမ အသင်းစုစုပေါင်း (73) သင်းမှ ဟိုတယ် (၇)ခု၊ မိုတယ်(၇)ခု၊ တည်းခိုခန်း(၆၀)နှင့် ဘော်ဒါဆောင် (၄)ခု ဆောင်ရွက်ထားပြီး တစ်နှစ်တာဝင်ငွေကျပ်သိန်းပေါင်း (၈၁၇၁.၁၂) ရရှိခဲ့ပါသည်။

               တိုင်းဒေသကြီး/ပြည်နယ်(၅)ခု၊ မြို့နယ်(၂၀)တွင် Cash Memo အရောင်းဆိုင် (၄၃)ဆိုင် ဖွင့်လှစ်၍ အမှတ်တရပစ္စည်းအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချလျက်ရှိရာ အဆိုပါ ဆိုင်များမှ နိုင်ငံတော်ဝင်ငွေ State Income ပေးသွင်းခဲ့ပါသည်။

               ပြည်သူများစားဝတ်နေရေးအဆင်ပြေချောမွေ့စေရေးအတွက် သမဝါယမကုန်သွယ်မှု ကဏ္ဍမှ အရောင်းဆိုင်များဖွင့်လှစ်လျက်ရှိရာ အရောင်းဆိုင်လုပ်ငန်းအနေဖြင့် သမဝါယမအသင်း အရောင်းဆိုင်(၂၄၆)ဆိုင်မှ ကုန်မျိုးစုံရောင်းချခြင်း၊ ဒေသထွက်ကုန်ရောင်းချခြင်း၊ စိုက်ပျိုးရေး ဆေးနှင့် သွင်းအားစုရောင်းချခြင်း၊ မြေပဲဆီရောင်းချခြင်း၊ လျှပ်စစ်သုံးပစ္စည်းရောင်းချခြင်းနှင့် ပရိဘောဂရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိရာ (၁-၄-၂၀၂၃) မှ (၃၁-၃-၂၀၂၄)ရက်နေ့ထိ စုစုပေါင်းရောင်းရငွေကျပ်သန်း(၈၇၅၅.၄၅၃)၊ (၁)လ ပျမ်းမျှရောင်းရငွေကျပ်သန်း (၇၆၅.၂၀၆) တန်ဖိုးအား ပြည်သူများ လွယ်ကူစွာ ဝယ်ယူနိုင်ရေး သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများတွင် ရောင်းချဆောင်ရွက်နိုင်ခဲ့ပါသည်။

               ပြည်ပပို့ကုန်တင်ပို့မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်ရှိ သီရိစန္ဒာ အထည်ချုပ်လုပ်ငန်းနှင့်အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်းမှ ကျပ်သန်း(၇၉၈၉.၅၇၄) သန်းတန်ဖိုးရှိ အထည်မျိုးစုံကို ဂျပန်နိုင်ငံသို့လည်းကောင်း၊ ရွှေပြည်သာမြို့နယ်ရှိ ကျေးဇူးတော်နှင့် တင့်တယ်ခြင်းအထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ ကျပ်သန်း(၁၁၉.၄၁၀)တန်ဖိုး ရှိ တံမြက်စည်းများကို တောင်ကိုရီးယားနိုင်ငံသို့လည်းကောင်း၊ ရှမ်းပြည်နယ် ဟိုပုန်းမြို့နယ်ရှိ Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ ကျပ်သန်း (၁၃၃၉.၇၂) တန်ဖိုးရှိ ကော်ဖီမျိုးစုံကို ဆွစ်ဇာလန်နိုင်ငံသို့လည်းကောင်း၊ မူဆယ်မြို့နယ်ရှိ စိန့်ဇေယျာအထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ ကျပ်သန်း(၂၀၉၈၀.၄၂၆)တန်ဖိုးရှိ ငါးရှဉ့်များကို တရုတ် နိုင်ငံသို့လည်းကောင်း တင်ပို့ခဲ့ရာ (၁-၄-၂၀၂၃) မှ (၃၁-၃-၂၀၂၄) ရက်နေ့ထိ စုစုပေါင်းကျပ် (၃၀၄၂၈.၆၈၂)သန်း၊ USD (14.446) သန်းဖိုးကို တင်ပို့နိုင်ခဲ့ပါသည်။

               ‘‘နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ’’တိုင်းဒေသကြီး/ပြည်နယ်ဖြင့် မြစိမ်းရောင်(သမဝါယမ) စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ (၃၁-၃-၂၀၂၄)ရက်နေ့ထိ တိုင်းဒေသကြီး/ ပြည်နယ်(၁၂)ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၃)ခုတို့မှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကန်ထရိုက် လယ်ယာ၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု OROP ၊ အရောင်းဆိုင်လုပ်ငန်း၊ သဘာဝဓာတ်မြေဩဇာ စက်ရုံတည်ဆောက်ခြင်း၊ ဆီစက်အဆင့်မြှင့်ခြင်းနှင့် ဆီကြိတ်ခွဲခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် ရာဘာစိုက်ပျိုးရေးလုပ်ငန်းတို့အတွက် စုစုပေါင်းကျပ်သန်း(၈၉၀၇.၃၆)ဖြင့် ပြည်သူများအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိပါသည်။

               ထို့ပြင် ပြည်ထောင်စုနှင့်တိုင်းဒေသကြီး/ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် လူမှုစီးပွား မြှင့်တင်ရေးစီမံကိန်းကို သမဝါယမအသင်းများအား အရင်းမပျောက်လည်ပတ်ရန်ပုံငွေထူထောင် ပေးခြင်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စက်ကိရိယာ၊ စိုက်ပျိုးရေးနှင့် သွင်းအားစုလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဆီစက်လုပ်ငန်း၊ ကုန်သွယ်အဆင့်မြှင့်လုပ်ငန်းတို့ကို လုပ်ကိုင်ဆောင်ရွက် နိုင်ရန်အတွက် စုစုပေါင်းငွေကျပ် (၁၃၀၇.၁၀၂)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင် ခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့် နေပြည်တော်တွင် ကျပ် (၆၅၂)သန်းနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ကျပ်(၂၄၁)သန်းတို့ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

               သမဝါယမဦးစီးဌာနအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေကြသော အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ လုပ်ငန်းခွင်တွင် စွမ်းရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်စေရန်နှင့် စာရင်းရေး စာရင်းကိုင်၊ စာရင်းစစ်ပညာများ ကျွမ်းကျင်တတ်မြောက်လာစေရန် ရည်ရွယ်၍ လုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း၊ အရာထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲ၊ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ၊ အခြေခံစာရင်းကိုင်နှင့်စာရင်းစစ်သင်တန်း များကို ဖွင့်လှစ်ပေးခဲ့ပါသည်။

               သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများကို မန္တလေး၊ မကွေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်မြို့တို့တွင် ဖွင့်လှစ်လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်တွင် ကျောင်းသား/သူစုစုပေါင်း (၂၅၂)ဦး တက်ရောက်အောင်မြင်ခဲ့ပါသည်။ သတ်မှတ် အရည်အချင်းနှင့်ပြည့်မီသည့် ကျောင်းသား/သူ(၃၄)ဦးမှာ သမဝါယမကောလိပ်များသို့ ပေါင်းကူး တက်ရောက်၍ ပညာဆက်လက်သင်ယူခွင့်ရရှိပြီး (၂၁၈)ဦးတို့မှာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ဌာနဆိုင်ရာများ၊ သမဝါယမအသင်းစုချုပ်များ၊ သမဝါယမအသင်းစုများ၊ သမဝါယမအသင်းများ၊ ကုမ္ပဏီများ၊ ဘဏ်များ၊ ပုဂ္ဂလိကလုပ်ငန်းများနှင့် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး  ဆောင်ရွက်လျက်ရှိပါသည်။ သမဝါယမ ကောလိပ်များနှင့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများကိုလည်း လေ့လာရေးခရီးများကိုလည်း ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။

               ဝန်ကြီးဌာနအနေဖြင့်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တောင်သူများကို လိုအပ်သည်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ကိုယ်ကိုယ်တိုင်လုပ်၊ ကိုယ်ကိုယ်တိုင်သိပြီး တောင်သူများသို့  အတွေ့အကြုံများမျှဝေပေးနိုင်အောင် ရုံးပတ်ဝန်းကျင် တွင် ကြက်၊ ဘဲ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်ခြင်း၊ စံပြစက်မှုလယ်ယာဖော်ထုတ်ဆောင်ရွက်ခြင်း၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း၊ နွားမွေးမြူရေး လုပ်ငန်း ဆောင်ရွက်ခြင်းတို့ကို စံနမူနာအဖြစ် စီမံဆောင်ရွက်လျက်ရှိပါသည်။ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဒေသထွက်ကုန်များအား ဝန်ထမ်းများ ဈေးနှုန်းချိုသာစွာဖြင့် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် MCRD (Coop Mart) ဖွင့်လှစ်၍ ရောင်းချဆောင်ရွက်ပေးလျက် ရှိပါသည်။

၂၈။          ကမ္ဘာပေါ်ရှိ အောင်မြင်ပြီး ထိပ်တန်းနေရာကို ရောက်ရှိနေသော သမဝါယမအသင်း မှာ အမေရိကန်နိုင်ငံရှိ နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရောင်းချလျက်ရှိသော Dairy Farmers of America သမဝါယမအသင်းကြီးပဲဖြစ်ပါသည်။ အသင်းဝင်၊ အသင်းပေါင်း (၁၄၅၀၀) ရှိပြီး နှစ်စဉ်ဝင်ငွေပျမ်းမျှ (၂၄.၅)ဘီလီယံဒေါ်လာ ရရှိကာ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်အောင်မြင် လျက်ရှိပါသည်။ အာရှတိုက်၏ အကြီးမားဆုံး သမဝါယမအဖွဲ့အစည်းကတော့ IFFCO (Indian Farmers Fertiliser Co-operative) အသင်းကြီးဖြစ်ပြီး အသင်းဝင်နိုင်ငံ (၄၉) နိုင်ငံမှ အသင်းပေါင်း (၃၅၀၀၀) နှင့် အသင်းသားဦးရေ သန်း(၅၀)ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါတယ်။ ဒီအသင်းကြီးရဲ့ နှစ်စဉ်ဝင်ငွေကတော့ ယူပီးငွေ ၃၂၃၄ ကုဋေခန့် ရရှိလျက်ရှိပါသည်။

               ဗဟိုသမဝါယမအသင်းသည် (၇-၉-၁၉၉၃) ရက်နေ့၌ အပြည်ပြည်ဆိုင်ရာသမဝါယမ အဖွဲ့ချုပ်တွင် အသင်းဝင်အဖြစ် ပါဝင်ခဲ့ပါသည်။ ကုလသမဂ္ဂအထွေထွေညီလာခံကြီးက နှစ်စဉ် ဇူလိုင်လ ပထမပတ်စနေနေ့ကို အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အဖြစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ၁၉၂၃ ခုနှစ်မှ စတင်၍ ကျင်းပဆောင်ရွက်ခဲ့ရာ ယခုနှစ်ဆိုလျှင် ၁၀၂ နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံမှာလည်း နှစ်စဉ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ်အခမ်းအနားကို ကျင်းပခဲ့ရာ ယနေ့ဆိုလျှင် အကြိမ် (၃၀) မြောက် ရှိခဲ့ပြီဖြစ်ပါသည်။

               သို့ပါ၍ မြန်မာ့သမဝါယမများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှု၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဦးဆောင်မှုတို့ဖြင့် သမဝါယမ ဦးစီးဌာန၊ သမဝါယမအသင်းနှင့် အသင်းသားပြည်သူများက ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဆောင်ပုဒ်ဖြစ်သော “Cooperatives Build a Better Future for All” “အနာဂတ်ဘဝ ပိုမိုကောင်းမွန်ရေး သမဝါယမက ဆောင်ရွက်ပေး” ဆောင်ပုဒ်နှင့်အညီ  ဆောင်ရွက်မှုအခြေအနေများအား အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုရင်း အစီရင်ခံတင်ပြလိုက်ရပါသည်။

 

အောင်သူရ (သမဝါယမ)