"ဝတ်ဆင်ရေးအဆင်ပြေဖို့ ဝါသီးနှံတိုးချဲ့စိုက်ပျိုးစို့"

Ministry of Cooperatives and Rural Development | Jul 22, 2024

အတိတ်ရဲ့ငယ်ဘဝကို ပြန်မြင်ယောင်နေမိသလို ခံစားမိပါသည်။ စာရေးသူတို့နေထိုင်ရာ ဒေသမှာ ယခုကဲ့သို့ သင်္ကြန်ပြီးခါစကာလမှာ ဝါခင်းတွေကို ပေါင်းပေါက်ခဲ့ကြရသည့်အလုပ်က လက်လုပ်လက်စားများအဖို့ အလုပ်အကိုင်အခွင့်အလမ်း ရရှိနေခဲ့ခြင်းဖြစ်ပါသည်။ ဇွန်-ဇူလိုင်တွင် ဝါတွေကောက်ကြရတဲ့အခါမှာလည်း ရွာလုံးကျွတ်ကိုယ်စီ ဝါကောက်ထွက်ကြရသည့်အလုပ်က ပျော်မွေ့ဖွယ်ကောင်းလှပါသည်။ ရာသီဥတုလည်းမှန် တောင်ပုလုဆည်ရေသောက်လည်းဖြစ် တော့ မိုးစပါးပြီးလျှင် ဝါစိုက်ကြပြီး ဝါပြီးလျှင် စပါးပြန်စိုက်ကြသည့်အတွက် တစ်နှစ်ပတ်လုံး လယ်မြေတွေမှာ အအားအလပ်မရှိ စိုက်ပျိုးခဲ့ကြသည်ကို မှတ်မိနေပါသည်။ ကိုယ့်ဒေသမှာစိုက်တဲ့ ဝါကိုပဲ တစ်နိုင်ငံလုံး စိုက်ပျိုးကြတယ်လို့ ထင်ခဲ့မိပေမယ့် မြန်မာနိုင်ငံတွင် ဝါစိုက်ပျိုးမှုနှင့် ပတ်သက်၍ မိုးကြိုဝါ၊မိုးဝါ၊ မိုးနှောင်းဝါဟူ၍ စိုက်ပျိုးကာလမတူ နေရာဒေသကွဲပြားစွာ စိုက်ပျိုး နေကြသည်ကို လေ့လာသိရှိရပါသည်။ ဝမ်းတွင်းမြို့နယ် အနောက်ခြမ်းဒေသတွင် ဖေဖော်ဝါရီ၊ မတ်လတို့တွင် စိုက်ပျိုးကြသည့်ဝါမှာ မိုးကြိုဝါဖြစ်သည်ဟု သိရှိရပါသည်။ မိုးဝါကို မေလလယ်မှ ဇွန်လကုန်ထိလည်းကောင်း၊ မိုးနှောင်းဝါကို ဩဂုတ်လမှ စက်တင်ဘာလထိလည်းကောင်း စိုက်ပျိုးကြပါသည်။ နိုင်ငံအတွင်း နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် ဝါကို အဓိကစိုက်ပျိုးကြပြီး မိုးနှောင်းဝါကို အများဆုံးစိုက်ပျိုးကြသည်ဟု သိရှိရပါသည်။

          ဝါပင်မှ ဝါအသီးသီးသည်အထိ ရက်ပေါင်း(၁၄၀)မှ (၂၀၀)ခန့်ကြာအောင် ပြုစုပျိုးထောင် ကြရပြီး ဝါတစ်ပင်လျှင် (၂)ကြိမ်မှ (၃)ကြိမ်ထိ ဝါကောက်ရသည်။ ဝါတွင် ချည်မျှင်ရှည်ဝါနှင့် ချည်မျှင်တို ဝါဟူ၍(၂)မျိုးစိုက်သော်လည်း မြန်မာနိုင်ငံတွင် ချည်မျှင်ရှည်ဝါကိုသာ အများဆုံး စိုက်ပျိုးကြပါသည်။ ဝါသီးနှံစိုက်ပျိုးရာတွင် သီးလုံးဖောက်ပိုးဒဏ်ခံနိုင်သော အထွက်တိုးမျိုး စိုက်ရန်လိုအပ်ပြီး ပျမ်းမျှအပူချိန် ၂၅⁰C မှ ၃၀⁰C ကြား စိုက်ပျိုးနိုင်သည်။ မြေယာပြုပြင်ခြင်းကို ထယ်ရေးနက်၍ ထွန်ရေးညက်အောင် ထယ်(၁)စပ်၊ ထွန်(၄-၆)စပ်ထွန်ရန်၊ မိုးကြိုရာသီ မြေအစိုဓါတ်ရှိချိန်၌ ထယ်ထိုးရန် မြေခြောက်ပါက ရေသွင်းပြီးမှ မြေအထန့်တွင် ထယ်ထိုးရန်နှင့် မိုးနှင့် မိုးနှောင်းစိုက်မည့်မြေကို နွေထယ်ရေးခံထားရန် (သို့မဟုတ်)ပထမသီးနှံအပြီးတွင် ထယ်ထိုး၊ ထယ်မွှေထားရန် လိုအပ်ပါသည်။

ရေလိုအပ်မှုမှာ ဝါပင်များသည် ပန်းပွင့်ချိန်၊ ဝတ်မှုန်ကူးချိန်နှင့် အစေ့အဆံထည့်ချိန်တွင် ရေငတ်ဒဏ်မခံနိုင်ပါ၊ အပင်ကြီးထွားချိန်တွင် ရေငတ်ပါက အပင်ပု၊ အရွက်သေးပြီး အထွက်နှုန်း ထိခိုက်နိုင်ပြီး ဝတ်မှုန်ကူးချိန်တွင် မိုးရွာသွန်းမှုများလွန်းပါကလည်း အထွက်နှုန်းလျော့ကျစေနိုင် ၍ ဂရုပြုသင့်ပါသည်။ မိုးကြိုဝါတွင် ရေသွင်းခြင်းကို မြေပြင်ချိန်၊ စိုက်ချိန်၊ ပန်းစပွင့်ချိန်၊ ပန်းပွင့် ဖြိုင်ချိန်နှင့် ဝါသီးကြီးထွားချိန်တို့တွင် ဆောင်ရွက်ရမည်။ မိုးနှောင်းဝါတွင် ပန်းစပွင့်ချိန်မှ ဝါသီး ကြီးထွားချိန်အထိ (၂)ကြိမ်မှ(၃)ကြိမ်အထိ ရေသွင်းရမည်။ မိုးဝါတွင် ပန်းစပွင့်ချိန်နှင့် ပန်းပွင့်ဖြိုင် ချိန်၊ အသီးကြီးချိန်တွင် ရေလိုအပ်ပါက သွင်းပေးရန်နှင့် ရေသွင်းပြီးတိုင်း ကြားပေါင်းလိုက်၍ မြေဆွပေးရမည်ဖြစ်ပေသည်။ ဝါပင်အားစိုက်ပြီး (၁၅-၂၀)ရက်အတွင်း ရွက်ဆစ်(၃-၄)ရွက် ထွက်ချိန် တွင် သားခွဲရမည်ဖြစ်ပြီး သားခွဲနောက်ကျပါက သီးကိုင်းအထွက်နည်းနိုင်မည်ဖြစ်၍ တောင်သူ များအ‌နေဖြင့် အလေးထားလုပ်ဆောင်ကြရမည်ဖြစ်ပေသည်။

          ဝါစိုက်တောင်သူများအနေဖြင့် ယနေ့အချိန်အခါတွင် ဝါအထွက်နှုန်းတိုးသည့် ရွှေတောင် (၁၀)နှင့် Raka 666 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြပြီး ပန်းတိုင်အထွက်နှုန်း (၁)ဧကလျှင် (၇၀၀) ပိဿာထွက်ရှိအောင် စတင်စိုက်ပျိုးသည်မှ ခူးဆွတ် (ဝါကောက်)သည်အထိ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဝါယမစိုက်ထုတ်လုပ်ကိုင်ကြမှသာ ပန်းတိုင်အထွက်နှုန်းကို ရရှိနိုင်ကြမှာ ဖြစ်ပါသည်။ သွင်းအားစုထည့်သွင်းရမည့်အချိန်နှင့် လိုအပ်ချက်များကို အပြည့်အဝထည့်သွင်းပေး နိုင်ပါက အထွက်နှုန်းပိုမိုထွက်ရှိလာနိုင်မည်ဖြစ်ပါသည်။ မိရိုးဖလာစိုက်ပျိုးနေကြ၍ ဝါအထွက်နှုန်း ပုံမှန်အနေအထားရှိနေခြင်းမှ ဝါအထွက်နှုန်း ပိုမိုထွက်ရှိလာနိုင်စေရန် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဝါသီးနှံစိုက်ပျိုးရေး စီမံကိန်းကို သမဝါယမကဏ္ဍမှ အားသွန်ခွန်စိုက် လုပ်ဆောင်နေသည်ဟု ကြားသိရ၍ ဝမ်းသာ ပီတိဖြစ်မိပါသည်။

          သမဝါယမကဏ္ဍမှ ဝါသီးနှံပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဘယ်လိုအခန်းကဏ္ဍမှ ကူညီ ပံ့ပိုးပေးနေသည်ကို စောကြောမိချင်ပါသည်။ ဝါစိုက်ပျိုးသည့် နယ်မြေဒေသရှိ ဝါစိုက်တောင်သူ များအား စည်းရုံးဆွေးနွေးပြီး တောင်သူတစ်ဦးချင်းအလိုက် စိုက်ပျိုးသည့်ဧက၊ ဝါမျိုးကောင်းမျိုးသန့် လိုအပ်မှု၊ သွင်းအားစုလိုအပ်ချက်များကို အသေးစိတ်စာရင်းဇယားများပြုစုပြီး ကျေးရွာကို အခြေခံ၍ ယခင်ဖွဲ့စည်းပြီး အသင်းရှိနေပါက အသင်းသားသစ်များအဖြစ်ပါဝင်နိုင်ရေး၊ အသင်း သစ်ဖွဲ့စည်းရန် လိုအပ်ပါက တည်ဆဲဥပဒေနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ပေးလျက်ရှိပါသည်။ လုပ်ငန်း ကြီးကြပ်မှုကော်မတီအဆင့်ဆင့်ဖွဲ့စည်းပြီး Raka 666 ကဲ့သို့ အထွက်နှုန်းကောင်းသည့် ဝါမျိုးကောင်း မျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ မြေဩဇာများအချိန်အလိုက် စနစ်တကျ ထည့်သွင်းနိုင်ရေး အပင် ကြီးထွားမှုအဆင့်အလိုက် ပြုစုဆောင်ရွက်နိုင်ရေး၊ ဝါသီးနှံစိုက်ပျိုးရာတွင် လိုအပ်သည့် အသိပညာ၊ ဗဟုသုတများတိုးပွားစေရန် သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များနှင့် ပူးပေါင်း၍ ဝါပင်တွင် ကျရောက်တတ်သည့် ပိုးမွှားနှင့်ရောဂါဒဏ်ကာကွယ်နိုင်ရေး ပညာပေး သင်တန်းများ၊ ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ စတင်စိုက်ပျိုးသည်မှ ဝါထွက်ရှိသည်အထိ သတ်မှတ် ရက်အလိုက် လုပ်ဆောင်ကြရမည့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရှိရ၍ ဝါစိုက်ဧကများ ပိုမိုတိုးတက်လာပြီး စိုက်ပျိုးသည့်ဧကတိုင်း ပန်းတိုင် အထွက်နှုန်းအတိုင်း ပြည့်မီပြီး ဝါစိုက်တောင်သူများ ဝင်ငွေပိုမိုရရှိနိုင်တော့မည်ဖြစ်ပါသည်။

          ဝါတစ်ဧကစိုက်ပျိုးသည့်အခါ ငွေကျပ် ၇ သိန်းမှ ၁၀ သိန်းခန့် ကုန်ကျနိုင်ပြီး ပန်းတိုင် အထွက်နှုန်း ထွက်ရှိပါက လက်ရှိဈေးကွက်ပေါက်ဈေးဖြင့် ပြန်လည်ရောင်းချပါက ဈေးကွက် တွက်ခြေကိုက်၍ စိုက်ပျိုးသင့်သည့် သီးနှံအမျိုးအစားထဲတွင် ပါဝင်နေသည်ဟု ဆို၍ရနိုင်ပါသည်။ ဝါစိုက်တောင်သူများအဖို့ မိမိတို့စိုက်ပျိုးထွက်ရှိသည့် ဝါဂွမ်းများဖြင့် ချည်ငင်၊ ချည်ထည်ဖြစ်တည် လာပြီး လူသားတို့၏ ဝတ်ဆင်ရေးတွင် အဆင်ပြေအထောက်အပံ့ဖြစ်နေသည်ဟု မှတ်ယူ၍ ဝမ်းသာပီတိဖုံးစေကာ ကုသိုလ်လည်းရ-ဝမ်းလည်းဝ ဆိုဘိသကဲ့သို့ ခံစားနိုင်ကြမည်လည်းဖြစ် ပါသည်။ မြန်မာ့ရိုးရာချည်ထည်များဝတ်ဆင်၍ ပြည်တွင်းဖြစ်ကို သုံးစွဲလာကြခြင်းအားဖြင့် ပြည်ပ သွင်းကုန်အစားထိုးခြင်းလုပ်ငန်းကို ဆောင်ရွက်နေခြင်းဖြစ်သကဲ့သို့ နိုင်ငံတော်အတွက် နိုင်ငံခြား ငွေသုံးစွဲမှုလျော့နည်းလာနိုင်တော့မည်လည်းဖြစ်ပါသည်။ ဝါစိုက်ပျိုးရေးစီမံကိန်းအရ သမဝါယမ အသင်းသားတောင်သူများအား တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှင့်ညီမျှသော မြေဩဇာများ ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ တိုင်းဒေသကြီး (၄) ခု၊ မြို့နယ် (၉၅) မြို့နယ်တို့တွင် မိုးဝါ ၁၂၆၄၂ ဧက၊ မိုးနှောင်းဝါ ၈၁၅၆၂ ဧကနှင့် မိုးကြိုဝါ ၁၇၉၆ ဧက စုစုပေါင်း ၉၆၀၀၀ ဧကအတွက် ငွေကျပ် ၁၉၂၀၀ သန်းဖိုး ထောက်ပံ့ပေးနိုင်ရေး ဖော်ပြပါဇယားအတိုင်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သမဝါယမကဏ္ဍမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဝါစိုက်ပျိုးရေးဆောင်ရွက်မည့် လျာထားဧကစာရင်း

စဉ်


တိုင်း/
ဒေသကြီး

မြို့
နယ်

မိုးကြို

မိုး

မိုးနှောင်း

စုစုပေါင်း

ပံ့ပိုးငွေ
လိုအပ်ချက် (ကျပ်သန်း)

စိုက်ပျိုး

ရေး
လျာ

ထား

သမဝါယမမှ

ဆောင်ရွက်ရန်
လျာထား

စိုက်ပျိုး

ရေး
လျာ

ထား

သမဝါယမမှ
ဆောင်ရွက်ရန်
လျာထား

စိုက်ပျိုး

ရေး
လျာ

ထား

သမဝါယမမှ
ဆောင်ရွက်ရန်
လျာထား

စိုက်ပျိုး

ရေး
လျာ

ထား

သမဝါယမမှ
ဆောင်ရွက်ရန်
လျာထား

ရာ

ခိုင်

နှုန်း

ဧက

ရာခိုင်

နှုန်း

ဧက

ရာခိုင်

နှုန်း

ဧက

ရာခိုင်

နှုန်း

ဧက

နေပြည်တော်

 

 

 

၅၁၂၃

၂၈%

၁၄၃၄

၅၁၉၁

၃၀%

၁၅၆၆

၁၀၃၁၄

၂၉%

၃၀၀၀

၆၀၀.၀၀

ပဲခူး

 

 

 

 

 

 

၁၈၁၂၀

၁၇%

၃၀၀၀

၁၈၁၂၀

၁၇%

၃၀၀၀

၆၀၀.၀၀

မကွေး

၂၄

၆၀၀

 

 

၁၆၀၆၀

၂၁%

၃၃၇၃

၂၄၃၇၆၁

၁၉%

၄၆၆၂၇

၂၆၀၄၂၁

၂၁%

၅၀၀၀၀

၁၀၀၀၀.၀၀

မန္တလေး

၂၀

၁၁၂၀၀

၁၆%

၁၇၉၆

၃၁၃၄၀

၂၅ %

၇၈၃၅

၁၆၁၄၇၄

၁၉%

၃၀၃၆၉

၂၀၄၀၁၄

၂၀%

၄၀၀၀၀

၈၀၀၀.၀၀

စုစုပေါင်း

၅၁

၁၁၈၀၀

၁၆%

၁၇၉၆

၅၂၅၂၃

၂၄%

၁၂၆၄၂

၄၂၈၅၄၆

၁၉%

၈၁၅၆၂

၄၉၂၈၆၉

၁၉%

၉၆၀၀၀

၁၉၂၀၀.၀၀

သမဝါယမကဏ္ဍမှ ဝါသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးလိုအပ်သော သွင်းအားစုများ ထောက်ပံ့ ပေးနိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(ပြည်ထောင်စု/တိုင်းဒေသကြီး)၊ သမဝါယမအသင်း ပိုင်ငွေကြေးများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် စီမံထားကြောင်း သိရှိရပါသည်။ မည်သို့ပင်ဆိုစေ ဝါစိုက်တောင်သူများအတွက် ဝါဂွမ်းပိုမိုထွက်ရှိလာစေရေး လိုအပ်သော သွင်းအားစုများအား သီးနှံပေါ်ပေးစနစ်ဖြင့် ပေးချေရမည်ဖြစ်ခြင်းနှင့် ထွက်ရှိလာသော ဝါဂွမ်းများ အား ဈေးကွက်ချိတ်ဆက်ပေးခြင်းကို သမဝါယမအသင်းများမှ ကူညီဆောင်ရွက်ပေးသွားမည်ဟု သိရှိရ၍ ဝင်ငွေတိုးပွားရရှိလာမည်မှာ မလွဲဧကန် ဖြစ်ပါသည်။

          ဝါစိုက်ပျိုးရေးစီမံကိန်းဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ကြမည့် ကုမ္ပဏီများ အဝယ်ဒိုင်များ၊ သမဝါယမအသင်းများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ခြင်းနှင့် ထွက်ရှိ လာသော ဝါကုန်ကြမ်းများကို ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ရေး စိတ်ပါဝင်စားမှုရှိပြီး ဖြစ်မြောက် အောင် ဦးဆောင်လုပ်ကိုင်နိုင်မည့် သမဝါယမအသင်းများ/အသင်းသားများထံသို့ ဝါကြိတ်စက်၊ ဝါဖန်စက်၊ ဝါဂွမ်းဖိစက်၊ ဝါလိပ်စက်၊ ဝါစေ့ဆီစက်များကို တည်ထောင်ဆောင်ရွက်နိုင်ရန် စီမံ ဆောင်ရွက်ပေးသွားမည်ဟု သိရှိရ၍ ဝါဈေးကွက်မှာ တောင်သူများကြိုက်နှစ်သက်သည့် ဈေးကောင်း များရရှိကာ ဝင်ငွေကိုယ်စီတိုးမြှင့်ရရှိလာနိုင်တော့မည်ဖြစ်ပါသည်။

          အချုပ်အားဖြင့်ဆိုရသော် နိုင်ငံတော်မှ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည့် စီးပွားရေးဦးတည်ချက်များအား သမဝါယမကဏ္ဍမှ တတ်စွမ်းသည့်ဘက်မှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့်နည်းတူ ဝန်ကြီးဌာန၏မျှော်မှန်းချက်ဖြစ်သော ကျေးလက်နေပြည်သူများ ၏ ဝင်ငွေတိုးပွားလာစေရေးကို အကောင်အထည်ဖော်သည့်အနေဖြင့် ဝါစိုက်တောင်သူများအား လိုအပ်သောမျိုးကောင်းမျိုးသန့်၊ သွင်းအားစုဓါတ်မြေဩဇာများ ထောက်ပံ့ပေးနိုင်ရေး စီမံဆောင်ရွက် သွားမည့် ဝါစိုက်ပျိုးရေးစီမံကိန်းကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ဝတ်ဆင်ရေး အဆင်ပြေချောမွေ့လာနိုင်ခြင်းနှင့် တောင်သူများ ဝင်ငွေပိုမိုရရှိနိုင် မည်ဖြစ်ခြင်းတို့ကြောင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။

 

ကိုးကား၊

စိုက်ပျိုးရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနမှ စာရင်းအချက်အလက်

 

 K ဇင်သစ်

 (မန်းတက္ကသိုလ်)