ပျားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရန် မွေးမြူမှုလိုင်စင် ထုတ်ပေးခြင်း
-
TOPICS
- Health
- Education & Research
- Social
- Economy
- Agriculture
- Labour & Employment
- Livestock
- Law & Justice
- Security
- Hotel & Tourism
- Citizen
- Natural Resources & Environment
- Industries
- Construction
- Science
- Technology
- Transportation
- Communication
- Information & Media
- Religion, Art & Culture
- Finance & Tax
- SMEs
- Natural Disaster
- Power & Energy
- Sports
- Statistics
- Insurances
- City Development
- Visas & Passports
ပျားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရန် မွေးမြူမှုလိုင်စင် ထုတ်ပေးခြင်း
Ministry of Agriculture, Livestock and Irrigation / April 18, 2018
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
(က) ပုဂ္ဂလိကပျားမွေးမြူသူတစ်ဦးသည် ပျားလုပ်ငန်းဌာနမှ ဖွင့်လှစ်သော သင်တန်းတစ်ခုခုသို့ တက်ရောက်ပြီးသူ ဖြစ်ရပါမည်။ ပျားမွေးမြူရေးအား စိတ်ပါဝင်စားသူ ဖြစ်ရပါမည်။
( ခ ) ပုဂ္ဂလိကပျားမွေးမြူမှုလိုင်စင်လျှောက်ထားသူအား မြို့နယ် ဦးစီးမှူးများ ပါဝင်သောအဖွဲ့မှ ပျားမွေးမြူရေးအတတ်ပညာ စစ်ဆေးပြီး တက်မြောက်ကြောင်း လက်ခံနိုင်မှသာ လိုင်စင်ထုတ်ပေးပါမည်။
( ဂ ) ပျားမွေးမြူမှုလိုင်စင်လျှောက်ထားလိုသူသည် ပျားအုံများအား ဝယ်ယူ၍ ကိုင်တွယ်မွေးမြူမည်ဆိုပါက ပုဂ္ဂလိကပျားမွေးမြူမှုလိုင်စင်စာအုပ် ပြုလုပ်ထားရှိမှသာ မွေးမြူရမည်ဖြစ်ပါသည်။
(ဃ) ပုဂ္ဂလိကပျားမွေးမြူမည်ဆိုပါက အနည်းဆုံးပျားအုံ(၂၀)အုံရှိမှသာ မွေးမြူခွင့်လိုင်စင် ပြုလုပ်ပေးမည် ဖြစ်ပါသည်။
( င ) ပုဂ္ဂလိကပျားမွေးမြူမှုလိုင်စင်အား သက်တမ်း(၁)နှစ်သာ ပေးထား ဘဏ္ဍာနှစ်အလိုက်ဧပြီလမှ မတ်လကုန် အထိ သတ်မှတ်ထားသောကြောင့် (၁)နှစ်လျှင် တစ်ကြိမ် သက်တမ်းတိုးရပါမည်။
ဝန်ဆောင်ခ
၁၅၀၀ ကျပ်
လိုအပ်သောစာရွက်/စာတမ်းများ
(က) မှတ်ပုံတင်မိတ္တူနှင့် လိုင်စင်ဓါတ်ပုံ(၂)ပုံ
( ခ ) အိမ်ထောင်စုစာရင်းမိတ္တူ(၁)စောင်
( ဂ ) ပျားသင်တန်း တက်ရောက်ပြီးစီးမှု သက်သေခံလက်မှတ် မိတ္တူ (၁)စောင်
(ဃ) ကိုယ်ရေးအချက်အလက် အကျဉ်းချုပ်
( င ) ပျားအုံ စတင်မွေးမြူသည့် ရက်စွဲ၊ ပျားအုံ အရေအတွက်၊ မွေးမြူမည့် မြို့နယ်/တိုင်းဒေသကြီး/ ပြည်နယ်
( စ ) ဌာနမှထုတ်ပြန်ထားသော မွေးမြူရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာနိုင်ခြင်း ရှိ/မရှိ
(ဆ) တိုင်းဒေသကြီး/ပြည်နယ်/မြို့နယ်ဦးစီးမှူးများ၏ ထောက်ခံ ချက်စာ( မူရင်း )
ဆက်သွယ်ရမည့်လိပ်စာ
နေပြည်တော်
ရုံးအမှတ်-၃၆၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာန။
( သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ်များမှ တစ်ဆင့် )
Website လိပ်စာ
မရှိပါ
Applying Import/Export License with Fully Online Licensing System (Allowed (43) Types)
Ministry of Commerce / April 09, 2018
အကောက်ခွန်သက်သာခွင့်ခံစားခွင့်ရှိသော CO FORM ပုံစံများ
Ministry of Commerce / September 30, 2021
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ခြင်း(ထသက) နှင့် စီးပွာရေးအကျိုးဆောင်မှတ်ပုံတင်ခြင်း
Ministry of Commerce / April 09, 2018
