ပြည်ပတင်ပို့ငါးသယ်လိုင်စင်လျှောက်ထားခြင်း
-
TOPICS
- Health
- Education & Research
- Social
- Economy
- Agriculture
- Labour & Employment
- Livestock
- Law & Justice
- Security
- Hotel & Tourism
- Citizen
- Natural Resources & Environment
- Industries
- Construction
- Science
- Technology
- Transportation
- Communication
- Information & Media
- Religion, Art & Culture
- Finance & Tax
- SMEs
- Natural Disaster
- Power & Energy
- Sports
- Statistics
- Insurances
- City Development
- Visas & Passports
ပြည်ပတင်ပို့ငါးသယ်လိုင်စင်လျှောက်ထားခြင်း
Ministry of Agriculture, Livestock and Irrigation / April 09, 2018
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
(က) လုပ်ကိုင်သူသည် မြန်မာနိုင်ငံသားဖြစ်ရမည်။
( ခ ) နိုင်ငံခြားသားပိုင်ဆိုင်မှုကင်းရှင်းရမည်။
လိုအပ်သောစာရွက်စာတမ်းများ
(က) လိုင်စင်လျှောက်ထားလာသည့် ကမ်းဝေးငါးသယ်ရေယာဉ်အတွက် ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးထားသည့် ရေယာဉ်ဂရမ်မူရင်းနှင့် မိတ္တူ။
( ခ ) ငါးသယ်ရေယာဉ်၏ဝဲယာအနေအထား(၂)မျိုးနှင့်တစ်မျိုးလျှင် ဓါတ်ပုံ(၂)ပုံစီ။
( ဂ ) ရေယာဉ်ဂရမ်တွင်ဖော်ပြထားသည့် ပိုင်ရှင်၏ ဓါတ်ပုံ (၁)ပုံနှင့်အတူ ရေယာဉ်အား မိမိပိုင်ဆိုင်ကြောင်းကတိသစ္စာပြုလွှာနှင့် နိုင်ငံခြားသားအကျိုးစီးပွားပိုင်ဆိုင်မှုပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူသည်အထိ အရေးယူခံရမည်ကို သိရှိကြောင်းကတိဝန်ခံချက်။
(ဃ) ရေယာဉ်သည် ယခင်နှစ်များတွင် ငါးလုပ်ငန်းများလုပ်ကိုင်ခဲ့ပါက ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပေးထားသည့် ငါးသယ် လိုင်စင်မူရင်း နှင့် မိတ္တူ။
ဝန်ဆောင်ခ
အခမဲ့
လျှောက်ထားရန်အဆင့်များ
(က) တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ငါးလုပ်ငန်းဦးစီးဌာနများသို့ သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် လျှောက်ထားရမည်။
( ခ ) တိုင်းဒေသကြီး/ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယ်ရေယာဉ် ဂရမ် မူရင်းနှင့် မိတ္တူများအား စိစစ်၍ တိုင်းဒေသကြီးဦးစီးဌာနမှူး ထံ တင်ပြ ရမည်။
( ဂ ) ငါးလုပ်ငန်းဦးစီးဌာနမှ သတ်မှတ်ထားသည့် ပြည်ပတင်ပို့ ငါးသယ်လိုင်စင်ခအတွက် 5 US$ /GRT/ Trip + Registration Fees 50US$ ပေးဆောင်ရမည်။
(ဃ) ပြည်ပတင်ပို့သည့် ငါးသယ်လိုင်စင်ရရှိပြီးမှသာ ရေထွက်ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရမည်။
Website လိပ်စာ
Applying Import/Export License with Fully Online Licensing System (Allowed (43) Types)
Ministry of Commerce / April 09, 2018
အကောက်ခွန်သက်သာခွင့်ခံစားခွင့်ရှိသော CO FORM ပုံစံများ
Ministry of Commerce / September 30, 2021
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ခြင်း(ထသက) နှင့် စီးပွာရေးအကျိုးဆောင်မှတ်ပုံတင်ခြင်း
Ministry of Commerce / April 09, 2018
