ယစ်မျိုးသက်၀င်ပစ္စည်းများ သယ်ယူခွင့်(Permit)လုပ်ငန်း လုပ်ကိုင်ရန် ဝန်ဆောင်မှု

ယစ်မျိုးသက်၀င်ပစ္စည်းများ သယ်ယူခွင့်(Permit)လုပ်ငန်း လုပ်ကိုင်ရန် ဝန်ဆောင်မှု

ယစ်မျိုးသက်၀င်ပစ္စည်းများ သယ်ယူခွင့်(Permit)လုပ်ငန်း လုပ်ကိုင်ရန် ဝန်ဆောင်မှု


Chin State Government / October 04, 2021

ယစ်မျိုးသက်၀င်ပစ္စည်းများကို သယ်ယူခွင့်များကို အောက်ပါအချက်အလက် များဖြင့် လျှောက်ထားစေ၍ အရက်သယ်ဆောင်မည့်အရေအတွက်နှင့် သယ် ဆောင်သည့် ကာလများ မှန်ကန်မှုရှိ/မရှိ စိစစ်၍ သယ်ဆောင်ခွင့်ပါမစ်များ ၀န်ဆောင်မှုဆောင်ရွက်ပေးလျက် ရှိပါသည်-

          (၁)     သယ်ယူခွင့်ပြုသည့် အရက်အမျိုးအစား၊

          (၂)      သယ်ယူခွင့်ပြုသည့် အရေအတွက်၊

          (၃)     စတင်သယ်ဆောင်မည့်ရင်းမြစ်လိုင်စင်ရရှိသူ၊ အမည်၊ လိုင်စင်အမျိုး အစား၊ မြို့နယ်၊

          (၄)     လက်ခံမည့်လိုင်စင်ရရှိသူ အမည်၊ လိုင်စင်အမျိုးအစား၊ မြို့နယ်၊

          (၅)     စတင်သယ်ဆောင်ခွင့်ပြုသည့်ရက်၊

          (၆)     သယ်ဆောင်ခွင့်ကုန်ဆုံးသည့် နေ့ရက်၊

          (၇)     သယ်ဆောင်မည့် ယာဉ်အမှတ်၊

          (၈)     သယ်ဆောင်မည့် လမ်းကြောင်း၊

                   လက်ခံမည့်မြို့နယ်သို့ရောက်ရှိပါက ယင်းမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနသို့ သတင်းပေးပို့ရန် ဖြစ်ပါသည်။

Website လိပ်စာ

https://www.chinstate.gov.mm/

FAQs

HOT NEWS
April 28,

Subcribe to us

Government Directory