ဘိလပ်မြေစက်ရုံ(နေပြည်တော်)

စည်ပင်သာယာရေး





ဘိလပ်မြေစက်ရုံ(နေပြည်တော်)

စက်ရုံတည်ဆောက်မှု သမိုင်းအကျဉ်းချုပ်

ဘိလပ်မြေစက်ရုံ(နေပြည်တော်)အား ၂၀၀၇ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့တွင် အမှတ်(၁) စက်မှု ဝန်ကြီးဌာန၊မြန်မာ့ ကြွေထည်မြေထည်လုပ်ငန်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊Jiangsu Pengfei Group Co;Ltd၊Jတို့ စက်ပစ္စည်းပေးသွင်းရေး သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး စက်ရုံအား(၁.၇.၂၀၀၈)ရက်နေ့တွင် တည်ဆောက်ခဲ့ ပါသည်။၂၀၀၉ခုနှစ်၊အောက်တိုဘာလ (၃၁)ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။

ရည်ရွယ်ချက်

        (က)   နိုင်ငံတော်၏ဘိလပ်မြေလိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ရန်

        ( ခ )   နေပြည်တော်တည်ဆောက်ရေးလုပ်ငန်းများအတွက်လိုအပ်သောဘိလပ်မြေကို အနီးကပ် ဖြည့်ဆည်းပေးနိုင်ရန်

        ( ဂ )   ပြည်တွင်းဖြစ်သယံဇာတများကို အကျိုးရှိစွာအသုံးပြုနိုင်ရန်

        (ဃ)   နေပြည်တော်ပတ်ဝန်းကျင်တွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်

        ( င )   နိုင်ငံတော်ဖွံ့ဖြိုးမှုနှင့်အတူ နယ်မြေအတွင်း လုပ်သားပြည်သူများ

အလုပ်အကိုင်အခွင့်အလမ်းများ ရှိစေရန်

ဘိလပ်မြေစက်ရုံ(နေပြည်တော်)၏ စက်ရုံဆိုင်ရာအချက်အလက်များ

(က)    တည်နေရာ - နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးရွာမှ (၈/၆)မိုင် အကွာ အောင်စည်လာကျေးရွာ၊ တောင်ဖီလာထုံး ကျောက်တောင် အနီး မြေပုံညွန်း

( ခ )    မြေနေရာအကျယ်အဝန်း - ၂၇၆.၉၉ဧက

( ဂ )    စတင်တည်ဆောက်သည့်နေ့ရက် - ၁.၇.၂၀၀၈

(ဃ)    တည်ဆောက်ပြီးစီးသည့်နေ့ရက် - ၃၁.၁၀.၂၀၀၉

( င )    ထုတ်လုပ်မှုနည်းစဉ် - အစိုနည်းစဉ်(Wet Process)

( စ )    စက်စွမ်းအား - ဘိလပ်မြေ ၅၀၀ တန်/ နေ့

(ဆ)    စံချိန်စံညွှန်း - EN 197-1 (2000) Strength Class 525 (52.5 N/mm2)

( ဇ )    သုံးစွဲသည့်လောင်စာ - သဘာဝဓါတ်ငွေ့၊ကျောက်မီးသွေး

( ဈ )   စွမ်းအင် - လျှပ်စစ်-စက်ရုံမှ(၁၂.၈၉)မိုင်ကွာဝေးသည့်သဲဖြူဓါတ်အားခွဲရုံမှ ဗို့အားမြင့်ဓါတ်အားလိုင်းဖြင့် သွယ်တန်းရရှိပါသည်။

          (၁)   ကျောက်မီးသွေး-မင်းဘူးနှင့်ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှဝယ် ယူအသုံးပြုပါသည်။

          (၂)    သဘာဝဓါတ်ငွေ့-(၁၀.၆.၂၀၁၄)ရက်နေ့မှစတင်၍ မြန်မာ့ရေနံ နှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းမှရယူသုံးစွဲလျှက်ရှိပါသည်။

          (၃)   တစ်ရက်လျှင်0.4ကုဗပေသန်းအား ကျောက်မီးသွေးနှင့် ရောစပ် မီးထိုး အသုံးပြုလျှက်ရှိပါသည်။

(ည)    ရေ - စက်ရုံအနီးရှိ မဲဟော်ချောင်းရေကို ရေစုပ်စက်ဖြင့်မောင်းတင်ပြီး နေ့စဉ်ပျမ်းမျှ ဂါလံ(၂၀၀၀၀၀)ခန့် ရယူသုံးစွဲလျှက်ရှိသည်။

( ဋ )   အဓိကအသုံးပြုသည့်ကုန်ကြမ်း-

         (၁) ထုံးကျောက် - အဓိကကုန်ကြမ်းဖြစ်သော ထုံးကျောက်အား စက်ရုံအနီးရှိ တောင်ဖီလာ ထုံးကျောက်တောင်မှ ထုတ်ယူရရှိပါသည်။

         (၂) သံကျောက် - စက်ရုံအနီး ပတ်ဝန်းကျင်နယ်မြေများမှ တူးဖော်ရရှိပြီး အရည်အသွေး ကောင်းမွန်သည့် သံကျောက်များကို ပြင်ဦးလွင်သံကျောက် လုပ်ကွက်များမှ ဝယ်ယူသုံးစွဲပါသည်။

        (၃) ရွှံ့စေး - စက်ရုံအနီးပတ်ဝန်းကျင်မှ ရယူသုံးစွဲလျှက်ရှိပါသည်။

        (၄) ဂေါဒန်ကျောက် - အမှတ်(၃)သတ္တုတွင်းလုပ်ငန်း၊ သီပေါဂေါဒန်ကျောက်နှင့်ရှမ်းပြည်နယ်၊ မောက်မယ်ဒေသထွက် ဂေါဒန်ကျောက်များအား ဝယ်ယူ အသုံးပြုလျက် ရှိပါသည်။

လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

Website လိပ်စာ

မရှိပါ။



အထူးသတင်း
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •