ရေမီတာအသစ်လျှောက်ထားခြင်း
ရေမီတာအသစ်လျှောက်ထားခြင်း
Mandalay City Development Committee / October 04, 2021
၁။ ဝန်ဆောင်မှုရယူရာတွင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ပါဝင်ရမည့်အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-
(က) လုပ်ငန်းအမည် - ရေမီတာအသစ်လျှောက်ထားခြင်း
(ခ) လျှောက်ထားရမည့်နေရာ - လျှောက်ထားလိုသည့်နေအိမ်၊ စက်ရုံအလုပ်ရုံ နှင့်လုပ်ငန်းများတည်ရှိရာမြို့နယ်အတွင်းရှိ စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများ
(ဂ) ပူးတွဲတင်ပြရမည့်အချက်အလက်များ
(၁) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
(၂) အိမ်ခွန်မူရင်း
၂။ ဌာနမှစိစစ်ဆောင်ရွက်ပုံအဆင့်ဆင့်
(က) မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများတွင်လျှောက်လွှာပုံစံဝယ်ယူ၍ သတ်မှတ်ထားသည့် အထောက်အထားမိတ္တူပူးတွဲ၍ လျှောက်ထားရခြင်း၊
(ခ) လျှောက်လွှာကိုဌာနခွဲမှူးထံတင်ပြခြင်း
(ဂ) ဌာနခွဲမှူးမှ မြို့နယ်အင်ဂျင်နီယာအားကွင်းဆင်းစိစစ်စေခြင်း
(ဃ) မြို့နယ်အင်ဂျင်နီယာမှတစ်ဆင့် (surveyor)အဖွဲ့ကွင်းဆင်းစစ်ဆေးရန်တာဝန်ပေးခြင်း
(င) (surveyor)မှမြေပြင်ကွင်းဆင်းတိုင်းတာမှုနှင့်အတူပြန်လည်တွက်ချက်၍ မြို့နယ်အင်ဂျင်နီယာထံတင်ပြခြင်းတွင်
-
မိန်းပိုက်အရွယ်အစား
-
ရေဖိအား
-
အိမ်သွယ်ရေပိုက်အရွယ်အစား
-
မိန်းပိုက်နှင့်အိမ်အကွာအဝေးပါရှိပါသည်။
(စ) မြို့နယ်အင်ဂျင်နီယာမှရေမီတာအသစ်တပ်ဆင်ပေးနိုင်ရန်ကုန်ကျစရိတ်(ရေမီတာ တန်ဖိုး+ချိတ်/ချိတ်ကြိုး+ပိုက်+Saddle+လုပ်အားခ+ရေမီတာတပ်ဆင်ခ+ ကွင်းဆင်းစစ်ဆေးခ)ပေးသွင်းခွင့်ပြုပါရန်ဌာနခွဲမှူး၊ ဌာနမှူး၊ ကော်မတီထံ အဆင့်ဆင့် တင်ပြခြင်း
(ဆ) ကော်မတီခွင့်ပြုချက်ရရှိပါကအိမ်ရှင်ထံငွေပေးသွင်းခွင့်အကြောင်းကြားခြင်း
(ဇ) မြို့နယ်အင်ဂျင်နီယာမှငွေသွင်းချလန်နှင့်အတူရေမီတာအသစ်တပ်ဆင်ရန် ပစ္စည်းထုတ်ယူခွင့်အားဌာနခွဲမှူး၊ဌာနမှူးထံတင်ပြခြင်း
(ဈ) ဌာနမှူးခွင့်ပြုချက်ရရှိပါကအိမ်ရှင်ထံသို့ပစ္စည်းထုတ်ယူနိုင်ပြီးဖြစ်ကြောင်း အကြောင်းကြားခြင်း
(ည) အိမ်ရှင်မှသိုလှောင်ရုံတွင် ပစ္စည်းထုတ်ယူပြီးပြန်လည်အကြောင်းကြားပါက မြို့နယ်အင်ဂျင်နီယာမှသက်ဆိုင်ရာပိုက်ဆက်အားစေလွှတ်၍ရေမီတာအသစ် တပ်ဆင်ပေးခြင်း
(ဋ) ပိုက်ဆက်မှ မီတာတပ်ဆင်ပြီးဖြစ်ကြောင်း အိမ်ရှင်လက်ခံရရှိကြောင်းလက်မှတ်ထိုးနှင့်အတူပြန်လည်တင်ပြခြင်း
(ဌ) မြို့နယ်အင်ဂျင်နီယာမှ ပြီးစီးမှုအား စစ်ဆေး၍ အတည်ပြုလက်မှတ်ရေးထိုး ခြင်း
(ဍ) ရေခွန်ဌာနခွဲသို့ရေခွန်ပို့စာရင်းတွင် ရေမီတာအသစ်တပ်ဆင်ပြီးကြောင်း ရေမီတာနံပါတ်နှင့်အတူ ပေးပို့အကြောင်းကြားခြင်း