နေရောင်ကာတပ်ဆင်ခွင့် လျှောက်ထားခြင်း
နေရောင်ကာတပ်ဆင်ခွင့် လျှောက်ထားခြင်း
Yangon City Development Committee / September 29, 2021
နေရောင်ကာတပ်ဆင်ခွင့် လျှောက်ထားခြင်း
၁။ Online မှနေရောင်ကာတပ်ဆင်ခွင့်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေ ဖြင့်အောက်ဖော်ပြပါအချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
- နေရောင်ကာပုံကြမ်း။
- နေရောင်ကာတပ်ဆင်မည့် ဆိုင်ခန်းဓါတ်ပုံ။
- နေရောင်ကာအရွယ်အစား။
- တာဝန်ခံအရာရှိ၏စစ်ဆေးချက်။
- ဆိုင်ခန်းနေရာချထားခြင်း(ပါမစ်)မိတ္တူ။
- ဆိုင်ခန်းငှားရမ်းထားပါက စာချုပ်မိတ္တူ။
၂။ နေရောင်ကာတပ်ဆင်ရာတွင် အောက်ပါစည်းကမ်းချက်များလိုက်နာဆောင်ရွက်ရန်-
- သပ်ရပ်စနစ်ကျသောနေရောင်ကာဖြစ်စေရန်။
- နေရောင်ကာတပ်ဆင်ခြင်းကို နေရောင်ခြည်ကျရောက်ခြင်းမှ ကာကွယ်ရန်အတွက်သာပြုလုပ်ရန်။
- စည်ပင်မြေပေါ်တွင် နေရောင်ကာအမိုးတိုင်စိုက်ထူခြင်း၊ ဘေးတစ်ဘက်တစ်ချက်အကာအရံပြုလုပ်ခြင်းဖြင့် အခန်းဖွဲ့ကျူးကျော်မှုများ မပြုလုပ်ရန်။
- ဌာနမှညွှန်ကြားပါက(၂၄)နာရီအတွင်း ဖြုတ်သိမ်းဖယ်ရှားရန်။
- နေရောင်ကာတပ်ဆင်ပြီးစီးမှုအား ဓာတ်ပုံမှတ်တမ်းနှင့်တကွ ပြန်လည်တင်ပြရန်။
၃။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာစခန်းကွပ်ကဲမှုရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ကွင်းဆင်းစစ်ဆေးစဉ်ထပ်မံတင်ပြရန် အထောက်အထားများလိုအပ်ပါက တစ်ပြိုင်တည်းတောင်းခံပါမည်။
၄။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက ယင်းရက်မှ(၁)ပတ်အတွင်း (ရုံးပိတ်ရက်မပါ) နေရောင်ကာတပ်ဆင်ခွင့်ပြုကြောင်းအကြောင်းကြားမည်။