မြန်မာနိုင်ငံတွင် e-Government စနစ်အား လက်ရှိ အကောင်အထည်ဖော်ဆောင်နေမှု အခြေအနေ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန | Apr 18, 2018

မြန်မာနိုင်ငံတွင် e-Government စနစ်အား လက်ရှိ အကောင်အထည်ဖော် ဆောင်နေမှု အခြေအနေနှင့်ပတ်သက်၍ သင်၏ထင်မြင်ယူဆချက်ကို ဆွေးနွေးနိုင် ပါသည်။


M

Maung Maung Khin

7 Months Ago

We're hoping to get one stop service in every ministry department. Its time saving.

30
Reply

Thetka Moenyo

6 Months Ago

e-government ဖြစ်ဖို့ ကြာဦးမယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ၁- လက်ရှိ policy maker level ဟာ digital illiterate တွေ ဖြစ်နေတယ်။ e-government ရဲ့ အနှစ်သာရကို မသိဘူး။ နောက်တခုက မီဒီယာကို ကြောက်တယ်။ သတင်းပေါက်ကြားခြင်းနဲ့ သတင်းထုတ်ပြန်ခြင်းကို မကွဲဘူး

၂- ဌာနတွေမှာ e-government အတွက် သီးသန့် တာဝန်ပေးထားတဲ့သူ ရှားတယ်။ စိတ်ဝင်စားတဲ့သူလည်း နည်းတယ်။ တကယ်က ဒါမျိုးဟာ သီးသန့် အချိန်ပေးပြီး လုပ်ရတဲ့ ရေရှည်အလုပ်ပါ။ အခုတော့ တခြားတာဝန်တွေနဲ့ လုံးလည်လိုက်နေသူက တွဲကိုင်နေရတယ်။

၃- ဌာနတွေမှာ ငွေကုန်ကြေးကျခံပြီး e-government သင်တန်းတက်ထားသူတွေ ရှိတယ်။ ဒါပေမယ့် တကယ်လုပ်တော့ ပြန်မထည့်ဘူး။ (ဘယ်သူတွေ တက်ထားမှန်းတောင် မသိကြတော့ဘူး) ဒီတော့ အချိန်၊ လုပ်အားတွေ ဆုံးရှုံးတယ်။ တကယ်လုပ်နေသူတွေက e-government ကို အကျွမ်တဝင် ဖြစ်မှု အားနည်းတယ်

၄- ပြည်သူ ပူးပေါင်းပါဝင်မှု နည်းတယ်။ (ဖိတ်ခေါ်တာ နည်းတာကိုး၊) ပြည်သူမပါဝင်တဲ့ အပြောင်းအလဲဟာ အောင်မြင်ဖို့ ခက်ပါတယ်။

50
Reply
P

PhyoThant

6 Months Ago

အစဉ်အမြဲ အချိန်နှင့်တပြေးညီ Update ဖြစ်ရန်လိုအပ်ပါသည်။ ချိတ်ဆက်ဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းသည်ဟု ထင်မြင်ယူဆမိပါသည်။

20
Reply
P

Pyae Sone Aung

3 Months Ago

Youths need to take in the leading roles of e-governmentalization of Myanmar as they are more digitally literate.

00
Reply

Thiha

2 Days Ago

ForumForum မှာအခြားခေါင်းစဉ်တွေပါတင်ပေးမယ်ဆိုရင် လိုအပ်တဲ့ အကြံညဏ်တွေထောက်ပြနိင်တာတာပေါ့ Blog လဲဖွင့်ပေးပါ တင်မယ့် အချက်အလက်တွေမကြိုက်ရင် ဖျက်ပေါ့ E gov က ချက်ခြင်း အုံဖွတော့ ဘယ်ဖြစ်မလဲ ဒီလိုပဲ တဖြည်းဖြည်း စရတာပေါ့ဗျာ လောလောဆယ် mm.gov မှာတင်ထားတဲ့ အချက်အလက်တွေ သဘောကျတယ် ဒါပေမယ့် ရှာရတာနည်းနည်းခက်နေသေးတယ် ဒီ ကနေပဲ အစပြုလိုက်နောက်တဖြည်းဖြည်း Develop ဖြစ်လာလိမ့်မယ် Zawgyi ရိုက်လဲ Uni - Myanmar3 ပေါ် တဲ့ နည်းပညာလုပ်ပေးအုံး 

00
Reply