ပြင်ပ ယာဉ်ငယ်မောင်း / ယာဉ်ကြီးမောင်း / ယာဉ်ပြင် လက်တွေ့ လေ့ကျင့်သင်ကြားပေးခြင်း။
-
TOPICS
- Health
- Education & Research
- Social
- Economy
- Agriculture
- Labour & Employment
- Livestock
- Law & Justice
- Security
- Hotel & Tourism
- Citizen
- Natural Resources & Environment
- Industries
- Construction
- Science
- Technology
- Transportation
- Communication
- Information & Media
- Religion, Art & Culture
- Finance & Tax
- SMEs
- Natural Disaster
- Power & Energy
- Sports
- Statistics
- Insurances
- City Development
- Visas & Passports
ပြင်ပ ယာဉ်ငယ်မောင်း / ယာဉ်ကြီးမောင်း / ယာဉ်ပြင် လက်တွေ့ လေ့ကျင့်သင်ကြားပေးခြင်း။
Ministry of Transport and Communications / April 11, 2018
ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ
ယာဉ်ငယ်မောင်း
- လျှောက်ထားလိုသူသည် အသက်(၁၈)နှစ် ပြည့်ပြီးဖြစ်ရမည်။
- သင်လိုင်စင် သက်တမ်း(၃)လ ပြည့်မြောက်သည့်အချိန်ရောက်လျှင်“ခ”ယာဉ်မောင်းလိုင်စင်ကို ထုတ်ပေးမည်။
ယာဉ်ကြီးမောင်း
- လျှောက်ထားလိုသူသည် အသက်(၂၀)နှစ် ပြည့်ပြီးဖြစ်ရမည်။
- အထူးကိစ္စတစ်ရပ်အဖြစ် “ခ” လိုင်စင်သက်တမ်း( ၃ )နှစ် ပြည့်ပြီးသူများအား စိစစ်ရွေးချယ် သင်ကြားလေ့ကျင့်ပေးမည်ဖြစ်ပြီး “င”ယာဉ်မောင်းလိုင်စင်ကို ထုတ်ပေးမည်။
ဝန်ဆောင်ခ
- ယာဉ်ငယ်မောင်းသင်တန်းကြေး - ၉၀၀၀၀ကျပ်
- ယာဉ်ကြီးမောင်းသင်တန်းကြေး - ၂၃၀၀၀၀ကျပ်
- ယာဉ်ပြင်သင်တန်းကြေး - ၅၀၀၀၀ကျပ်
လိုအပ်သောစာရွက်စာတမ်းများ
ယာဉ်ငယ်/ယာဉ်ပြင် သင်တန်းအတွက် လိုအပ်ချက်
(က) နိုင်ငံသားစိစစ်ရေးကတ် (သို့) မှတ်ပုံတင်(မိတ္တူ-၃စောင်)
(ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာ
(ဂ) ဓါတ်ပုံ(၈)ပုံ (နောက်ခံအပြာရောင် ၊ နက်ကတိုင်)
ယာဉ်ကြီးမောင်း သင်တန်းအတွက် လိုအပ်ချက်
(က) နိုင်ငံသားစိစစ်ရေးကတ် (သို့) မှတ်ပုံတင်(မိတ္တူ-၃စောင်)
(ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာ
(ဂ) ဓါတ်ပုံ(၈)ပုံ (နောက်ခံအပြာရောင် ၊ နက်ကတိုင်)
(ဃ) “ခ”လိုင်စင်မူရင်း
လျှောက်ထားရန် အဆင့်များ
ပြင်ပယာဉ်ငယ်မောင်း/ ယာဉ်ကြီးမောင်း/ ယာဉ်ပြင်သင်တန်းတက်ရောက်ရန် လျှောက်ထားခြင်း
အဆင့်-၁
ပြင်ပယာဉ်ငယ်မောင်း/ ယာဉ်ကြီးမောင်း/ ယာဉ်ပြင်သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းထားခြင်း။
ပြင်ပယာဉ်ငယ်မောင်း/ ယာဉ်ကြီးမောင်း/ ယာဉ်ပြင်သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းရာတွင် ပြင်ပသင်တန်းလက်ခံဌာန ( ၁ ) ခု ဖွင့်လှစ်၍ လက်ခံပေးလျှက်ရှိပါသည်။ လူတိုင်းလေ့ကျင့် သင်ကြားနိုင်ရန် သင်ကြားမှု/ သင်ယူမှု ပစ္စည်းများကို ပြည့်စုံစွာ စီစဉ်ပေးထားပါသည်။
အဆင့်-၂
သင်တန်းမစတင်မီ (၁)ပတ်ကြိုတင်၍ လာရောက်သတင်းပို့ရပါမည်။
အဆောင်ကြေး အခမဲ့ဖြစ်ပါသည်။
ဆက်သွယ်ရမည့်လိပ်စာ
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း ကျောက်ပန်းတောင်းလမ်း ၊ မိတ္ထီလာမြို့
ပြင်ပယာဉ်မောင်း/ယာဉ်ပြင်သင်တန်း
ဖုန်းနံပါတ်- ၀၉-၄၉၂၉၃၇၃၇
- ၀၆၄-၂၃၅၄၅(လိုင်းခွဲ-၁၁၅) / ၀၉-၄၀၂၆၄၅၅၀၃
ယာဉ်ကြီးမောင်းသင်တန်း
ဖုန်းနံပါတ်- ၀၆၄-၂၃၅၄၅(လိုင်းခွဲ-၁၁၅) / ၀၉-၄၄၄၀၃၄၆၈၉
E-mail - citc.motc@gmail.com
ဖြည့်စွက်ချက်
(က) သင်တန်းဖွင့်လှစ်ရန်အတွက် လက်ကမ်းစာစောင်များဖြင့်ကြော်ငြာပေးခြင်း၊
(ခ) သင်တန်းလက်ခံရာဌာနရှိ ကြော်ငြာသင်ပုန်းတွင် ကြော်ငြာပေးခြင်း၊
(ဂ) ဝဘ်ဆိုက်လိပ်စာ ဖြင့် ကြော်ငြာပေးခြင်း။
Website လိပ်စာ