ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်လျှောက်ထားခြင်း - ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်လျှောက်ထားခြင်း
ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်လျှောက်ထားခြင်း
Ministry of Hotels, Tourism and Culture / April 09, 2018
ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ
လုပ်ငန်းလိုင်စင်လျှောက်ထားသူသည် အောက်ပါအခြေအနေများနှင့်ပြည့်စုံရမည်ဖြစ်ပါသည် -
(က) ဟိုတယ် သို့မဟုတ် တည်းခိုရိပ်သာအဖြစ် အသုံးပြုရန် သင့်လျော်သည့် အဆောက်အအုံ ကို ပိုင်ဆိုင်၍ဖြစ်စေ၊ ငှားရမ်း၍ဖြစ်စေ ရှိပြီးဖြစ်ရမည်။
(ခ) အပိုဒ်ခွဲ(က)ပါ အဆောက်အအုံ၏ တည်နေရာနှင့် ပရိဝုဏ်သည်လုပ်ငန်းသဘာဝနှင့် သင့်တင့်လျောက်ပတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော အခြေအနေရှိရမည်။
(ဂ) အပိုဒ်ခွဲ(က)ပါအဆောက်အအုံကို သက်ဆိုင်ရာဒေသ စည်ပင်သာယာရေးအဖွဲ့တွင် မှတ်ပုံတင်ပြီးဖြစ်ရမည်။
(ဃ) အပိုဒ်ခွဲ(က)ပါအဆောက်အအုံသည် ဟိုတယ်ဖြစ်ပါက အနည်းဆုံးအိပ်ခန်း(၂၀)ခန်း ဖွဲ့စည်းထားရှိရမည်ဖြစ်ပြီး ၊ အိပ်ခန်းအကျယ်အဝန်း မှာ (၁၂ ပေ x ၁၂ပေ x ၉ပေ) နှင့် ရေချိုးခန်း/အိမ်သာ အကျယ်အဝန်းမှာ (၆ပေ x ၆ပေ x ၉ပေ) ရှိရမည်။
(င) ဟိုတယ်ဖြစ်ပါက ဧည့်သည်များစားသုံးရန် အနည်းဆုံး နံနက်စာစီစဉ်ပေးနိုင်ရမည် ဖြစ်ပြီး၊ စားသောက်ခန်းနှင့် စားဖိုဆောင်ကိုသီးခြားဖွဲ့စည်းထား ရှိရမည်။
(စ) ကူးစက်ရောဂါကင်းရှင်းပြီး ကျန်းမာသည့် ဝန်ထမ်းများကိုသာခန့်ထား အသုံးပြုရမည်။ ခန့်ထားသည့် ဝန်ထမ်းများသည် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်းများ တက်ရောက် ပြီးသော သူများသာရွေးချယ်ခန့်ထားရမည်။ အိပ်ခန်းအရေအတွက်နှင့်အညီ ဝန်ထမ်း များခန့်ထားရမည်။
(ဆ) အပိုဒ်ခွဲ(က)ပါအဆောက်အအုံသည် (၃)ထပ်နှင့်အထက်ဖြစ်ပါက အရေးပေါ်လှေကား တပ်ဆင်ထားရှိရမည်။
ဟိုတယ်လုပ်ငန်းလိုင်စင်ကြေး
(ပြည်တွင်း)
(က) အခန်း ၂၀ ထိ ၂၅၀၀၀၀ ကျပ်
(ခ ) အခန်း ၂၁-၅၀ ထိ ၄၅၀၀၀၀ ကျပ်
(ဂ ) အခန်း ၅၁-၁၀၀ထိ ၇၀၀၀၀၀ ကျပ်
(ဃ) အခန်း ၁၀၀ အထက် ၉၅၀၀၀၀ ကျပ်
(ပြည်ပ/ဖက်စပ်)
(က) အခန်း ၅၀ ထိ USD - ၂၅၀၀ နှင့် ညီမျှသောကာလ ပေါက်စျေး မြန်မာငွေ
(ခ) အခန်း ၅၁-၁၀၀ ထိ USD - ၃၅၀၀ နှင့် ညီမျှသောကာလ ပေါက်စျေး မြန်မာငွေ
(ဂ) အခန်း ၁၀၀ အထက် USD - ၄၅၀၀ နှင့် ညီမျှသောကာလ ပေါက်စျေး မြန်မာငွေ
တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်ကြေး
(က) အခန်း ၁၀-၂၀ ထိ ၁၀၀၀၀၀ ကျပ်
(ခ) အခန်း ၂၁-၅၀ ထိ ၁၂၅၀၀၀ ကျပ်
(ဂ) အခန်း ၅၁ အထက် ၁၅၀၀၀၀ ကျပ်
ဝန်ဆောင်ခ
ဟိုတယ် သို့မဟုတ် တည်းခိုရိပ်သာ (ပြည်တွင်း)
ဟိုတယ်/ တည်းခိုရိပ်သာအမည်/ ကုမ္ပဏီအမည်လုပ်ငန်းရှင်အမည်/ပိုင်ဆိုင်မှုပြောင်းခြင်း/လုပ်ငန်း အမျိုးအစား ပြောင်းလဲခြင်း/လိုင်စင်ပျက်စီး/ပျောက်ဆုံးခြင်း ( သတ်မှတ်လိုင်စင်နှုန်း၏ ၅၀% )
ရက်လွန်ဒဏ်ကြေး(တစ်ရက်)
ဟိုတယ်/တည်းခိုရိပ်သာ (ပြည်တွင်း) - ၂၀၀၀ ကျပ်
ဟိုတယ်(ပြည်ပ/ဖက်စပ်) - USD -၁၃ နှင့် ညီမျှသော ကာလပေါက်စျေးမြန်မာငွေ
လိုအပ်သော စာရွက်စာတမ်းများ
- ဝန်ကြီးဌာနမှသတ်မှတ်ထားသည့် အဆိုပြုလျှောက်လွှာ
- ဤဝန်ကြီးဌာန၏ တည်ဆောက်ခွင့်ပြုမိန့်
- တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ထောက်ခံချက်
- ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထောက်ခံချက်
- မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထောက်ခံချက်
- မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ထောက်ခံချက်
- မြို့နယ်ရဲစခန်း ထောက်ခံချက်
- မြို့နယ်မီးသတ်ဦးစီးဌာန ထောက်ခံချက်
- မြို့နယ်ကျန်းမာရေးဦးစီးဌာန ထောက်ခံချက်
- ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ထောက်ခံချက်
- ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက်
- ဘေးပတ်ဝန်းကျင်နေအိမ်များ မှ သဘောတူညီကြောင်း လက်မှတ်
- မြေပိုင်ဆိုင်မှု အထောက်အထား (ဂရန်မိတ္တူ/ စာချုပ်စာတမ်းမိတ္တူ)
- မတည်ရင်းနှီးငွေသည် ငွေဖြူဖြစ်ကြောင်း ဝန်ခံကတိပြုချက်
- ဆောက်လုပ်ပြီး အဆောက်အဦနှင့် အိပ်ခန်း ဓါတ်ပုံများ။ (CD)
- ဝန်ထမ်းအင်အားစာရင်း
- အင်းလေးဒေသကဲ့သို့ သဘာဝပန်ဝန်းကျင်ကာကွယ်ထိန်းသိမ်းထားသော ဒေသများတွင် ဆောင်ရွက်ပါက သံယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ထောက်ခံချက် ပုဂံဒေသကဲ့သို့ ယဉ်ကျေးမှုအမွေအနှစ်ဒေသများတွင် ဆောင်ရွက်ပါက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ထောက်ခံချက်နှင့် ကမ်းခြေဒေသများ အတွက် ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာန ၏ ကမ်းခြေဒေသ ရေရှည်တည်တံ့ ခိုင်မြဲရေး အတွက်လိုက်နာဆောင်ရွက်ရန် အမိန့်နှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံ ကတိပြုချက်
ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်လျှောက်ထားပုံအဆင့်ဆင့်
- လုပ်ငန်းလိုင်စင်လျှောက်လွှာနှင့်အတူ လိုအပ်သောစာရွက်စာတမ်း များဖြင့် လျှောက်ထား နိုင်ပါသည်။
- Online System ဖြင့် စာရွက်စာတမ်းများ ပြည့်စုံစွာဖော်ပြလျှက်လုပ်ငန်းလိုင်စင် လျှောက်ထားနိုင်ပါသည်။
- စာရွက်စာတမ်းများပြည့်စုံပါက ဦးစီးဌာန မှ သတ်မှတ်ဖွဲ့စည်းပေး ထားသော နယ်မြေခံ ရုံးခွဲတာဝန်ခံ အဖွဲ့အား ညွှန်ကြားချက်များ နှင့် အညီ စစ်ဆေးစေပြီး စစ်ဆေးချက် မှတ်တမ်း ၊ ဓါတ်ပုံမှတ်တမ်းများဖြင့် ပြန်လည်တင်ပြစေပါသည်။
- စစ်ဆေးချက်မှတ်တမ်းပြန်လည်တင်ပြလာမှုအပေါ် ဦးစီးဌာန လိုင်စင် ကော်မတီ အစည်း အဝေးသို့ တင်ပြဆောင်ရွက်၍ အစည်းအဝေး ဆုံးဖြတ်ချက်နှင့်အညီ ယာယီလိုင်စင်အား ဦးစွာခွင့်ပြုပေးပါသည်။
- ယာယီလိုင်စင်ခွင့်ပြုပြီးပါက အစောဆုံးပြုလုပ်သည့် ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေး သို့ တင်ပြ၍ သက်တမ်း(၂)နှစ်ရှိ လိုင်စင်ကို ခွင့်ပြုဆောင်ရွက်ပေးပါသည်။
ဆက်သွယ်ရမည့်လိပ်စာ
နေပြည်တော်
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)
ဖုန်း ၊ ၀၆၇-၃၄၀၆၀၆၀ ၊ ၀၆၇-၃၄၀၆၀၆၂ ၊ ၀၆၇-၃၄၀၆၁၃၁
ရန်ကုန်တိုင်းဒေသကြီး (အောက်မြန်မာပြည်ရုံးခွဲ)
ဖုန်း ၊ ၀၁-၂၅၆၅၆၁ ၊ ၀၁-၂၅၆၇၄၇
မန္တလေးတိုင်းဒေသကြီး (အထက်မြန်မာပြည်ရုံးခွဲ)
ဖုန်း ၊ ၀၂-၃၅၇၂၆ ၊ ၀၂-၆၆၆၂၄ ၊ ၀၂-၆၆၆၂၅
ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာ
နေပြည်တော်
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)
ဖုန်း ၊ ၀၆၇-၃၄၀၆၀၆၀ ၊ ၀၆၇-၃၄၀၆၀၆၂ ၊ ၀၆၇-၃၄၀၆၁၃
ရန်ကုန်တိုင်းဒေသကြီး (အောက်မြန်မာပြည်ရုံးခွဲ)
ဖုန်း ၊ ၀၁-၂၅၆၅၆၁ ၊ ၀၁-၂၅၆၇၄၇
မန္တလေးတိုင်းဒေသကြီး (အထက်မြန်မာပြည်ရုံးခွဲ)
ဖုန်း ၊ ၀၂-၃၅၇၂၆ ၊ ၀၂-၆၆၆၂၄ ၊ ၀၂-၆၆၆၂၅
Website လိပ်စာ
မရှိပါ
Health and Safety Protocol Certification System
Ministry of Hotels, Tourism and Culture / April 20, 2023
ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ လိုင်စင်များအပါအဝင် အခြားဝန်ဆောင်ခများကို Online မှ လျှောက်ထားနိုင်ရန်နှင့် သက်တမ်းတိုးခြင်းများ ဆောင်ရွက်နိုင်ရန် (e-License System)
Ministry of Hotels, Tourism and Culture / April 20, 2023
ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ လိုင်စင်များအပါအဝင် အခြားဝန်ဆောင်ခများကို Online မှ တစ်ဆင့် ငွေပေးချေမှုစနစ် (e-Payment System)
Ministry of Hotels, Tourism and Culture / April 20, 2023
