ဘိလပ်မြေစက်ရုံ(နေပြည်တော်) - ဘိလပ်မြေစက်ရုံ(နေပြည်တော်)
ဘိလပ်မြေစက်ရုံ(နေပြည်တော်)
Naypyitaw Development Committee / April 19, 2018
စက်ရုံတည်ဆောက်မှု သမိုင်းအကျဉ်းချုပ်
ဘိလပ်မြေစက်ရုံ(နေပြည်တော်)အား ၂၀၀၇ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့တွင် အမှတ်(၁) စက်မှု ဝန်ကြီးဌာန၊မြန်မာ့ ကြွေထည်မြေထည်လုပ်ငန်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊Jiangsu Pengfei Group Co;Ltd၊Jတို့ စက်ပစ္စည်းပေးသွင်းရေး သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး စက်ရုံအား(၁.၇.၂၀၀၈)ရက်နေ့တွင် တည်ဆောက်ခဲ့ ပါသည်။၂၀၀၉ခုနှစ်၊အောက်တိုဘာလ (၃၁)ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။
ရည်ရွယ်ချက်
(က) နိုင်ငံတော်၏ဘိလပ်မြေလိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ရန်
( ခ ) နေပြည်တော်တည်ဆောက်ရေးလုပ်ငန်းများအတွက်လိုအပ်သောဘိလပ်မြေကို အနီးကပ် ဖြည့်ဆည်းပေးနိုင်ရန်
( ဂ ) ပြည်တွင်းဖြစ်သယံဇာတများကို အကျိုးရှိစွာအသုံးပြုနိုင်ရန်
(ဃ) နေပြည်တော်ပတ်ဝန်းကျင်တွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်
( င ) နိုင်ငံတော်ဖွံ့ဖြိုးမှုနှင့်အတူ နယ်မြေအတွင်း လုပ်သားပြည်သူများ
အလုပ်အကိုင်အခွင့်အလမ်းများ ရှိစေရန်
ဘိလပ်မြေစက်ရုံ(နေပြည်တော်)၏ စက်ရုံဆိုင်ရာအချက်အလက်များ
(က) တည်နေရာ - နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးရွာမှ (၈/၆)မိုင် အကွာ အောင်စည်လာကျေးရွာ၊ တောင်ဖီလာထုံး ကျောက်တောင် အနီး မြေပုံညွန်း
( ခ ) မြေနေရာအကျယ်အဝန်း - ၂၇၆.၉၉ဧက
( ဂ ) စတင်တည်ဆောက်သည့်နေ့ရက် - ၁.၇.၂၀၀၈
(ဃ) တည်ဆောက်ပြီးစီးသည့်နေ့ရက် - ၃၁.၁၀.၂၀၀၉
( င ) ထုတ်လုပ်မှုနည်းစဉ် - အစိုနည်းစဉ်(Wet Process)
( စ ) စက်စွမ်းအား - ဘိလပ်မြေ ၅၀၀ တန်/ နေ့
(ဆ) စံချိန်စံညွှန်း - EN 197-1 (2000) Strength Class 525 (52.5 N/mm2)
( ဇ ) သုံးစွဲသည့်လောင်စာ - သဘာဝဓါတ်ငွေ့၊ကျောက်မီးသွေး
( ဈ ) စွမ်းအင် - လျှပ်စစ်-စက်ရုံမှ(၁၂.၈၉)မိုင်ကွာဝေးသည့်သဲဖြူဓါတ်အားခွဲရုံမှ ဗို့အားမြင့်ဓါတ်အားလိုင်းဖြင့် သွယ်တန်းရရှိပါသည်။
(၁) ကျောက်မီးသွေး-မင်းဘူးနှင့်ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှဝယ် ယူအသုံးပြုပါသည်။
(၂) သဘာဝဓါတ်ငွေ့-(၁၀.၆.၂၀၁၄)ရက်နေ့မှစတင်၍ မြန်မာ့ရေနံ နှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းမှရယူသုံးစွဲလျှက်ရှိပါသည်။
(၃) တစ်ရက်လျှင်0.4ကုဗပေသန်းအား ကျောက်မီးသွေးနှင့် ရောစပ် မီးထိုး အသုံးပြုလျှက်ရှိပါသည်။
(ည) ရေ - စက်ရုံအနီးရှိ မဲဟော်ချောင်းရေကို ရေစုပ်စက်ဖြင့်မောင်းတင်ပြီး နေ့စဉ်ပျမ်းမျှ ဂါလံ(၂၀၀၀၀၀)ခန့် ရယူသုံးစွဲလျှက်ရှိသည်။
( ဋ ) အဓိကအသုံးပြုသည့်ကုန်ကြမ်း-
(၁) ထုံးကျောက် - အဓိကကုန်ကြမ်းဖြစ်သော ထုံးကျောက်အား စက်ရုံအနီးရှိ တောင်ဖီလာ ထုံးကျောက်တောင်မှ ထုတ်ယူရရှိပါသည်။
(၂) သံကျောက် - စက်ရုံအနီး ပတ်ဝန်းကျင်နယ်မြေများမှ တူးဖော်ရရှိပြီး အရည်အသွေး ကောင်းမွန်သည့် သံကျောက်များကို ပြင်ဦးလွင်သံကျောက် လုပ်ကွက်များမှ ဝယ်ယူသုံးစွဲပါသည်။
(၃) ရွှံ့စေး - စက်ရုံအနီးပတ်ဝန်းကျင်မှ ရယူသုံးစွဲလျှက်ရှိပါသည်။
(၄) ဂေါဒန်ကျောက် - အမှတ်(၃)သတ္တုတွင်းလုပ်ငန်း၊ သီပေါဂေါဒန်ကျောက်နှင့်ရှမ်းပြည်နယ်၊ မောက်မယ်ဒေသထွက် ဂေါဒန်ကျောက်များအား ဝယ်ယူ အသုံးပြုလျက် ရှိပါသည်။
လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-
Website လိပ်စာ
မရှိပါ။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တည်းခိုခန်းများ Online စာရင်းပေးသွင်းခြင်း
Yangon Region Government / September 29, 2021
အစားအသောက်လုပ်ငန်းလိုင်စင်၊ တည်းခိုခန်းလိုင်စင်၊ အငှားအိမ်ငှားပိုင်ခွင့် လိုင်စင်၊ အသားရောင်း လုပ်ငန်းလိုင်စင် ၊အခြားလုပ်ငန်းလိုင်စင်များကို လိုင်စင်အသစ်၊ မိတ္တူ၊ပြောင်း၊ ပိတ်သိမ်း၊ ဆက်လက်ခံယူခွင့် လျှောက်ထားခြင်း
Mandalay City Development Committee / September 29, 2021