သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံကြေးအား မြန်မာ့အာမခံလုပ်ငန်း၏ Website, Mobile Application များမှတစ်ဆင့် Online/Mobile Payment စနစ်ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေငြာခြင်း


Ministry of Planning and Finance / October 15, 2021

ဖြည့်စွက်ချက်

 

နစ်နာကြေးနှုန်းမှာ လူတစ်ဦးသေဆုံးမှုအတွက် ကျပ် ၁၀ သိန်း၊ ဒဏ်ရာရရှိမှုအတွက် အများဆုံး ကျပ် ၈ သိန်းနှင့် ပစ္စည်းပျက်စီးဆုံးရှုံးမှုအတွက် အများဆုံး ကျပ် ၅ သိန်း ဖြစ်ပါသည်။ လက်ရှိ ရန်ကုန်(ရုံးချုပ်)နှင့် က.ည.န(ထောက်ကြန့်ရုံး)၊ က.ည.န(မြင်သာ)ရုံး၊ က.ည.န (အင်းစိန်) ရုံး၊ က.ည.န(ရွာသာကြီး)ရုံးနှင့် က.ည.န(တောင်ဒဂုံ)ရုံးတို့တွင် ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်၍ မော်တော်ယာဉ်ပိုင်ရှင်များသို့ ငွေလက်ခံ‌ပြေစာများ တိုက်ရိုက်ထုတ်ပေးလျက် ရှိပါသည်။

  • ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

    1. မည်သည့် စက်တပ်ယာဉ်မဆို သူတစ်ပါးထိခိုက်မှုအာမခံ မထားမနေရ နည်းဥပဒေ ပြဋ္ဌာန်းပြီး ဆောင်ရွက်ခဲ့ပါသည်။ စက်တပ်ယာဉ်ဖြင့် မတော်တဆထိခိုက်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူ၊ ပစ္စည်းပျက်စီးဆုံးရှုံးခြင်းခံရသည့် နစ်နာသူများအတွက် စက်တပ်ယာဉ်ပိုင်ရှင်မှ ပေးလျော်ရန်တာဝန်ကို မြန်မာ့အာမခံလုပ်ငန်းမှ ပခုံးပြောင်းတာဝန်ယူသည့် အာမခံစနစ် ဖြစ်ပါသည်။
  • ဝန်ဆောင်ခ

    1. အွန်လိုင်းဝန်ဆောင်ခမှာ ငွေပေးချေမှုတစ်ကြိမ်လျှင် MPU Card ဖြင့် ပေးသွင်းလျှင် ၅၀၀ ကျပ် ကျသင့်မည်ဖြစ်ပြီး Mobile Wallet များဖြင့် ပေးသွင်းလျှင် ၄၀၀ ကျပ် ကျသင့်မည် ဖြစ်ပါသည်။

လျှောက်ထားရန်အဆင့်များ

(1) သူတစ်ပါးထိခိုက်မှုအာမခံအတွက် စက်တပ်ယာဉ်ပိုင်ရှင်သည် မိမိ၏ စက်တပ်ယာဉ်ကို မှတ်ပုံတင်သည့်အချိန် (သို့) မှတ်ပုံတင်သက်တမ်းတိုး လဲလှယ်သည့်အခါ အာမခံကြေးများကို ပေးသွင်းရမည်ဖြစ်ပါသည်။ သူတစ်ပါးထိခိုက်မှုအာမခံ ပရီမီယံပေးသွင်းရန်အတွက် ယာဉ်မှတ်ပုံတင်စာအုပ် (ယာဉ်လိုင်စင်) လိုအပ်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာနှင့် ဖုန်းနံပါတ်များ

မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) အမှတ် ၆၂၇/၆၃၅၊ ကုန်သည်လမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့။ ၀၁-၃၈၄၈၆၄ ၊ ၀၁-၃၈၄၈၇၅

မြန်မာ့အာမခံလုပ်ငန်း၏ Mobile Application ကို Myanma Insurance အမည်ဖြင့် Google Play Store နှင့် Apple Store တို့တွင် လွှင့်တင်ထားပါသည်။

Website လိပ်စာ

ww

FAQs