ပရီမီယံတစ်ကြိမ်ပေးနှစ်တိုချေးငွေအသက်အာမခံ


Ministry of Planning and Finance / August 16, 2024

 

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

အသက် ၁၈နှစ် မှ ၆၂ နှစ်အတွင်းရှိသူဖြစ်ရမည်။

ဝန်ဆောင်ခ

အာမခံထားငွေ (၁)သိန်း မှ အများဆုံး သန်း(၁၀၀) အထိ အာမခံထားနိုင်သည်။ အာမခံသက်တမ်းသည် (၁)နှစ် သို့မဟုတ် (၂)နှစ်ဖြစ်ပြီး အသက်(၆၄)နှစ်ရှိသူဖြစ်ပါက (၁)နှစ်သက်တမ်းသာ အာမခံထားရှိနိုင်မည်ဖြစ်သည်။

လိုအပ်သောစာရွက်စာတမ်းများ

အာမခံထားငွေသိန်း(၃၀)အထိ ကျန်းမာကြောင်းဝန်ခံချက်၊ အာမခံထားငွေသိန်း(၃၀) အထက် ထားရှိမည်ဆိုလျှင် ကျန်းမာရေးစစ်ဆေးမှုခံယူရန်လိုအပ်ပါသည်။ အာမခံထားသူနှင့် ပေါ်လစီရှင်၏မှတ်ပုံတင် မိတ္တူ (သို့) အိမ်ထောင်စုစာရင်းမိတ္တူ ပေးရန်လိုအပ်ပါသည်။

လျှောက်ထားရန်အဆင့်များ

အဆင့်-၁

          အဆိုလွှာ

အဆင့်-၂

ပရီမီယံတစ်ကြိမ်တည်းပေးသွင်းရမည်။

အဆင့်-၃

လက်ခံလွှာထုတ်ပေးခြင်း

အဆင့်-၄

ပေါ်လစီစာချုပ်ထုတ်ပေးခြင်း

ဖြည့်စွက်ချက်

    • အာမခံထားငွေကို တဖြည်းဖြည်းလျှော့ချသည့် (Decreasing Sum Insured) ပုံစံဖြင့်လည်းကောင်း၊ ပုံသေ (Fixed Sum Insured)ပုံစံဖြင့် လည်းကောင်း နှစ်မျိုးဝယ်ယူနိုင်သည်။
    • ပေါ်လစီရှင်များသည် ငွေထုတ်ချေးသည့် ဘဏ် (သို့) ငွေရေးကြေးရေး အဖွဲ့အစည်းမှသတ်မှတ်သည့် ချေးငွေပမာဏအတိုင်းအာမခံထားရှိရပါမည်။
    • ပေါ်လစီရှင်များသည် ငွေထုတ်ချေးသည့် ဘဏ် (သို့) ငွေရေးကြေးရေး အဖွဲ့အစည်းသို့သာ အကျိုးခံစားခွင့်လွှဲပြောင်းပေးရပါမည်။