MI’s Health Care


Ministry of Planning and Finance / August 16, 2024

 

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

        မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် မမျှော်လင့်သော ဖြစ်ရပ်များကြောင့် ကျန်းမာရေးစောင့် ရှောက်မှုလိုအပ်နေသည့် ပြည်သူများဆေးရုံ/ ဆေးခန်း တက်ရောက်ကုသမှုခံယူသည့်အခါ မြင့်မားသော ကုန်ကျစရိတ်များအတွက် သောကငြိမ်းအေးစေရန် ရောင်းချပေးလျက်ရှိသောအာမခံအမျိုး အစားဖြစ်ပါသည်။ မွေးကင်းစမှ (၆၅) နှစ်အထိ ထားရှိနိုင်ပြီး အသက်(၆၅)နှစ် အထက်ဝယ်ယူလိုပါက ‌ရှေ့နှစ်တွင်တစ်ဆက်တည်း အာမခံ(၅)နှစ်ထားရှိရန်လိုအပ်ပြီး အသက်(၇၅)နှစ်အထိ သက်တမ်းဆက် ထားရှိခွင့်ရရှိမည်ဖြစ်ပါသည်။

 

ဝန်ဆောင်ခ

          Bronze Plan ၊ Silver Plan ၊ Gold Plan နှင့် Platinum Plan ဟူ၍ အာမခံထားသူ နှစ်သက်သလို ရွေးချယ်ဝယ်ယူ နိုင်မည်ဖြစ်ပါသည်။ အသက်အရွယ် ကျား/မ အလိုက် ပရီမီယံနှုန်းထား များ ကွာခြားနိုင်ပါသည်။ ဝယ်ယူထားသော အာမခံplanပေါ်မူတည်၍ အကျိုးခံစားခွင့်များလည်း ကွာခြား နိုင်ပါသည်။ အာမခံအမျိုးအစားအနေဖြင့် (၁)ဦးချင်း ထားရှိရမည်ဖြစ်ပြီး အာမခံသက်တမ်း(၁)နှစ် အတွက် ကျသင့်ပရီမီယံအား တစ်ကြိမ်တည်းပေးသွင်းမည် ဖြစ်ပါသည်၊၊ အခြေခံအားဖြင့် ဖွင့်ဟကြေငြာ လွှာဖြင့် လက်ခံဆောင်ရွက်မည်။ အသက်(၄၆)နှစ်အထက် Gold Plan နှင့် Platinum Plan၊ အသက် (၅၆)နှစ်အထက် Silver Plan နှင့် အသက်(၆၁)နှစ်အထက် Bronze Plan အာမခံထားရှိပါက ဆေးစစ် ချက်တင်ပြရန် လိုအပ်ပါသည်။ ဆေးစစ်ခြင်းအတွက် ကုန်ကျစရိတ်ကို မြန်မာ့အာမခံလုပ်ငန်းမှ ကျခံပါ မည်။

 

လိုအပ်သောစာရွက်စာတမ်းများ

    • အာမခံထားသူ၏ အချက်အလက်များ
    • ကျန်းမာရေးဖွင့်ဟဝန်ခံချက်
    • အကျိုးခံစားခွင့်ရှိသူ၏ အချက်အလက်များ

 

လျှောက်ထားရန်အဆင့်များ

အဆင့်(၁)

     အဆိုလွှာဖြည့်စွက်ခြင်း၊

 

အဆင့်(၂)

     ပရီမီယံပေးသွင်းခြင်း၊

အဆင့်(၃)

     ‌ပေါ်လစီစာချုပ်ထုတ်ပေးခြင်း၊

 

ဖြည့်စွက်ချက်

  • သာမန်ရောဂါများအတွက် ဆေးဝါးကုသစရိတ်ကုန်ကျငွေ အပြည့်အဝအကာအကွယ် ရရှိမည့်အပြင် ပြင်းထန်ရောဂါ (၁၀) မျိုးအတွက်လည်း ကျန်းမာရေးစောင့်‌ရှောက်မှု အကာအကွယ်ရရှိနိုင်မည်ဖြစ်ပြီး မတော်တဆမှုကြောင့် သေဆုံးပါက သတ်မှတ်ထား သည့် အကျိုးခံစားခွင့်ရရှိမည့်အပြင် မတော်တဆထိခိုက်ဒဏ်ရာရရှိခဲ့ပါကလည်း ဆေးကုသ စရိတ်အပြင် သတ်မှတ်ထားသော အကျိုးခံစားခွင့်ဇယားတွင် ပါဝင်သည့် မတော်တဆမှု များအားဝယ်ယူသည့် Plan အမျိုးအစားအလိုက် သတ်မှတ်ငွေပမာဏကို ထပ်မံခံစားခွင့် ရရှိမည် ဖြစ်ပါသည်၊၊       



FAQs