Inbound Travel Accident Insurance


Ministry of Planning and Finance / August 16, 2024

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

          ပြည်ပမှမြန်မာနိုင်ငံသို့ (Visit/ Business) ဖြင့် လာရောက်မည့် ပြည်ပနိုင်ငံသားများအတွက် နိုင်ငံအတွင်း ခရီးလှည့်လည်နေထိုင်စဉ် Covid-19 ကူးစက်ခံရခြင်းနှင့် မတော်တဆထိခိုက်နစ်နာမှု များအတွက် အကာအကွယ်ပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။ အသက် ၁နှစ် မှစ၍ အသက် အရွယ် အကန့်အသတ်မရှိ ထားရှိနိုင်ပါသည်။

ဝန်ဆောင်ခ

          အာမခံသက်တမ်း အနည်းဆုံး (၁၅) ရက်မှ အများဆုံး ရက်ပေါင်း (၃၆၀) အထိ မိမိစိတ်ကြိုက် ရွေးချယ်ထားရှိနိုင်ပြီး အသက်အရွယ်နှင့် အာမခံသက်တမ်းပေါ်မူတည်၍ ပရီမီယံနှုန်းထား ကွာခြားပါ သည်။

လိုအပ်သောစာရွက်စာတမ်းများ

    • အာမခံထားသူ၏ နိုင်ငံကူးလက်မှတ်မိတ္တူ
    • အာမခံထားသူ၏ အချက်အလက်များ
    • အကျိုးခံစားခွင့်ရှိသူ၏ အချက်အလက်များ

လျှောက်ထားရန်အဆင့်များ

အဆင့်(၁)

     အဆိုလွှာဖြည့်စွက်ခြင်း၊

အဆင့်(၂)

     ပရီမီယံပေးသွင်းခြင်း၊

အဆင့်(၃)

     ‌ပေါ်လစီစာချုပ်ထုတ်ပေးခြင်း၊

ဖြည့်စွက်ချက်

  • Covid-19 ကူးစက်ခံရခြင်းနှင့်ကိုယ်အင်္ဂါထိခိုက်မှုအတွက် Policy အရခွင့်ပြုထားသော အာမခံအကျိုးခံစားခွင့်များ အတိုင်းအကျိုးခံစားခွင့် ရရှိမည်ဖြစ်ပါသည်။
  • မတော်တဆမှုကြောင့်သေဆုံးပါက (USD 25,000)၊ ထာဝစဉ်မသန်မစွမ်းဖြစ်ခြင်း အတွက် (USD 25,000)၊ မြန်မာနိုင်ငံတွင် နေထိုင်စဉ် Covid-19 ရောဂါကူးစက်ခံရခြင်း ကြောင့် သေဆုံးခြင်းအတွက် အများဆုံး (USD 25,000)၊ Dead Body အား မိခင်နိုင်ငံသို့ ပြန်ပို့ခြင်းအတွက် အများဆုံး (USD 25,000)၊ အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပါသည်။
  • မြန်မာ့အာမခံလုပ်ငန်း၏ Website နှင့် Mobile Application တို့မှလည်း ဝယ်ယူရရှိ နိုင်ပါသည်။

 

  • Mobile Application and Website Address
  • Mobile App: Google Play Store and Apple Store ----> Myanma Insurance
  • Website: www.mminsurance.gov.mm