Outbound Travel Accident Insurance


Ministry of Planning and Finance / August 16, 2024

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

          ပြည်ပသို့ ပညာသင်သွားရောက်မည့်သူများ၊ Business Trip သွားမည့်သူများ၊ အလုပ်သွား ရောက် လုပ်ကိုင်မည့်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ သွားရောက်မည့်သူများ အတွက် ပြည်ပတွင်ရောက်ရှိနေထိုင်စဉ် Covid-19 ရောဂါပိုးကူးစက်ခံရခြင်းနှင့် မတော်တဆထိခိုက်မှု များအတွက် ဆေးဝါးကုသစရိတ်ရရှိစေရန်အတွက် အကာအကွယ်ပေးသော အာမခံအမျိုးအစားဖြစ်ပါ သည်။အသက် ၁ နှစ်မှစ၍အသက်အရွယ်အကန့်အသတ်မရှိ ထားနိုင်ပါသည်။

 

ဝန်ဆောင်ခ

          အာမခံသက်တမ်း အနည်းဆုံး (၅) ရက်မှ အများဆုံး ရက်ပေါင်း (၁၈၀) အထိ မိမိစိတ်ကြိုက် ရွေးချယ်ထားရှိနိုင်ပါသည်။ အာမခံထားငွေ အမေရိကန်ဒေါ်လာ (၁၀,၀၀၀/၃၀,၀၀၀/၅၀,၀၀၀) ဟူ၍ အမျိုးအစားသုံးမျိုးခွဲထားပြီး မြန်မာကျပ်ငွေဖြင့် ဝယ်ယူပါက အာမခံထားငွေ (၃၀,၀၀၀,၀၀၀ / ၉၀,၀၀၀,၀၀၀ / ၁၅၀,၀၀၀,၀၀၀)  ဟူ၍အမျိုးအစား ခွဲခြားသတ်မှတ်ထားပါသည်။ အသက်အရွယ်နှင့် အာမခံသက်တမ်းပေါ်မူတည်၍ ပရီမီယံနှုန်းထား ကွာခြားပါသည်။

 

လိုအပ်သောစာရွက်စာတမ်းများ

    • အာမခံထားသူ၏ နိုင်ငံကူးလက်မှတ်မိတ္တူ
    • အာမခံထားသူ၏ အချက်အလက်များ
    • အကျိုးခံစားခွင့်ရှိသူ၏ အချက်အလက်များ

 

လျှောက်ထားရန်အဆင့်များ

အဆင့်(၁)

     အဆိုလွှာဖြည့်စွက်ခြင်း၊

အဆင့်(၂)

     ပရီမီယံပေးသွင်းခြင်း၊

အဆင့်(၃)

     ‌ပေါ်လစီစာချုပ်ထုတ်ပေးခြင်း၊

 

ဖြည့်စွက်ချက်

  • မတော်တဆမှုကြောင့် ကိုယ်အင်္ဂါအစိတ်အပိုင်းအလိုက် ကိုယ်အင်္ဂါထိခိုက်မှုအတွက် အကာအကွယ် (၇၄) မျိုးပါရှိသော အကျိုးခံစားခွင့်နှုန်ထားဇယားအတိုင်းလည်း အကာ အကွယ်ပေးထားပါသည်။ ထို့ကြောင့် အာမခံထားသူအနေဖြင့် ကိုယ်အင်္ဂါထိခိုက် ဒဏ်ရာရရှိခဲ့လျှင် ဆေးရုံတက်စရိတ်အပြင် ကိုယ်အင်္ဂါထိခိုက်မှုအတွက်လည်း ထပ်မံ အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပါသည်။
  • အာမခံထားသူက ပြည်ပနိုင်ငံကို ရောက်ရှိနေထိုင်စဉ်အတွင်း မတော်တဆထိခိုက် ဒဏ်ရာရ၍ဖြစ်စေ၊ Covid-19 ကူးစက်ခံရ၍ဖြစ်စေ ပြည်ပဆေးရုံသို့ တက်ရောက် ကုသမှုခံယူနေစဉ်အတွင်း cashless ဝန်ဆောင်မှုကို ရယူလို၍ဖြစ်စေ၊ လျော်ကြေး တောင်းခံသူကိုယ်တိုင်ဖြစ်စေ (သို့မဟုတ်) ဆေးရုံရှိ တာဝန်ရှိသူမှဖြစ်စေ (သို့မဟုတ်) လူနာအား လိုက်လံစောင့်ရှောက်သူမှဖြစ်စေ insurance certificate ရှိ claim website (သို့မဟုတ်) ဖုန်းနံပါတ်သို့ ဆက်သွယ်၍ LOG (Letter of Guarantee) ထုတ်ပေးရန် တောင်းဆိုနိုင်ပါသည်။ LOG (Letter of Guarantee) ရရှိလာပါက ပေါ်လစီအရခွင့်ပြု ထားသော ဆေးကုသစရိတ်များအတိုင်း ပြည်ပတွင် cashless service ဖြင့် ဝန်ဆောင် မှုကို ၂၄ နာရီ ရယူနိုင်ပါသည်။
  • မြန်မာ့အာမခံလုပ်ငန်း၏ Website နှင့် Mobile Application တို့မှလည်း ဝယ်ယူရရှိ နိုင်ပါသည်။

 

Mobile Application and Website Address

Mobile App: Google Play Store and Apple Store ----> Myanma Insurance

Website: www.mminsurance.gov.mm