ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တောင်သူအကျိုးစီးပွားနှင့်ကိုက်ညီသည့် တိရစ္ဆာန်ကောင်ရေတိုးတက်မွေးမြူနိုင်ရေး ဘားအံမွေးမြူရေးဇုန်အား ကြည့်ရှုအားပေး
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တောင်သူအကျိုးစီးပွားနှင့်ကိုက်ညီသည့် တိရစ္ဆာန်ကောင်ရေတိုးတက်မွေးမြူနိုင်ရေး ဘားအံမွေးမြူရေးဇုန်အား ကြည့်ရှုအားပေး
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / May 07, 2025

ဘားအံ - မေ (၇)
ကရင်ပြည်နယ်အတွင်း အသား၊ နို့ နှင့်ဥအမျိုးမျိုးထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေပြီး ဒေသတွင်း စားသုံးမှုကိုဖူလုံပိုလျှံစေကာ ပြည်တွင်းပြည်ပဈေးကွက်များသို့ မွေးမြူရေးထုတ်ကုန်များတင်ပို့ရောင်းချနိုင်ရေး မွေးမြူ ရေးဇုန်များကို ဖော်ထုတ်မွေးမြူစေခဲ့ရာ မေလ ၇ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန် ရှိသူများသည် ဘားအံမြို့နယ်၊ စံဖရီးကျေးရွာအုပ်စုရှိ ဘားအံမွေးမြူရေးဇုန်၌ မွေးမြူရေးတောင်သူများတိုးချဲ့မွေးမြူ နိုင်ရေး သွားရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမွေးမြူရေးဇုန်ရှင်းလင်းဆောင်၌ မွေးမြူရေးတောင်သူများ နှင့်တွေ့ဆုံရာ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါက်တာ တင်နွယ်ရီက ဘားအံမွေးမြူရေး ဇုန်၏ ဧရိယာ ၁၃၇ ဒဿမ ၄၆ ဧကအတွင်း မွေးမြူထားရှိမှုအခြေအနေ၊ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ် အသား၊ ဥ နှင့် နို့ ထုတ်လုပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဇုန်ကော်မတီဥက္ကဋ္ဌနှင့် မွေးမြူရေးတောင်သူများက လျှပ်စစ်မီး နှင့်သောက်သုံးရေရရှိရေးဆိုင်ရာလိုအပ်ချက်များ၊ ဇုန်တွင်းလမ်းနှင့်ပတ်လမ်း ပြင်ဆင်ထိန်းသိမ်းနိုင်ရေးကိစ္စရပ်များ၊ မျိုးကောင်းမျိုးသန့်နှင့်တိရစ္ဆာန်အစာကို သက်သာသောနှုန်းထားဖြင့်ရရှိနိုင်ရေး တင်ပြဆွေးနွေးကြကာ ပြည်နယ် ဝန်ကြီးချုပ်က တောင်သူအကျိုးစီးပွားနှင့်ကိုက်ညီသည့်တိရစ္ဆာန်အမျိုးအစားများကို သတ်မှတ်ကောင်ရေထက် နှစ်ဆ တိုးချဲ့မွေးမြူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြား၍ တောင်သူတင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမွေးမြူရေးဇုန်ရှင်းလင်းဆောင်ပရဝုဏ်အတွင်း မွေးမြူ ရေးဇုန်ရန်ပုံငွေ ၁၇ ဒဿမ ၆၈ သန်းကျပ်ဖြင့် တစ်နာရီရေ ၁၂၀၀ ဂါလံထွက်ရှိသော ၂၄၀ ပေ အနက်ရှိ အဝီစိတွင်းကို တူးဖော်၍ ၅၈၅ မဂ္ဂဝပ် ဆိုလာပြား ၈ ချပ်ဖြင့် ဂါလံ ၄၀၀၀ ဆံ့အုတ်ရေကန်အတွင်းရေစုပ်တင်ပြီး ရေပေးဝေနိုင်ရေး စီစဉ်ဆောင်ရွက်ထားမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးဦးဝင်းနိုင်နှင့်တာဝန်ရှိသူများက ဇုန်အတွင်းရေပေးဝေနိုင်ရေးစီမံဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်း တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူဦးသိန်းမြင့်၏ နွားမွေးမြူရေးခြံ၊ တောင်သူဦးထိန် လင်းမျိုး၏ဆိတ်မွေးမြူရေးခြံ၊ တောင်သူဦးသူရလွင်၏နွားမွေးမြူရေးခြံ၊ တောင်သူဦးပိုင်ဝင်း၏ဥစားကြက်မွေးမြူရေး ခြံတို့ကို ကြည့်ရှုအားပေးပြီး တိရစ္ဆာန်ကောင်ရေ နှစ်ဆ တိုးတက်မွေးမြူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိ သူများအားမှာကြားခဲ့ပါသည်။