ကရင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၁၂)ခုဖြင့် ကျောင်းသား၊ကျောင်းသူ ၃၅၄၅ ဦး ဝင်ရောက် ဖြေဆိုမည်

ကရင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၁၂)ခုဖြင့် ကျောင်းသား၊ကျောင်းသူ ၃၅၄၅ ဦး ဝင်ရောက် ဖြေဆိုမည်


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ / February 21, 2025


ဘားအံ ဖေဖော်ဝါရီ ၂၁

ကရင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၁၂)ခုဖြင့် ကျောင်းသား၊ကျောင်းသူ ပေါင်း ၃၅၄၅ ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် အလယ်တန်းအဆင့်နှင့်အထက်တန်းအဆင့် သင်ယူတတ်မြောက်မှု ဆန်းစစ်ခြင်း ကျောင်းတွင်းစာမေးပွဲဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည် များမှာကြားကာ အဆိုပါကျောင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ပညာရေးဝန်ထမ်းများအတွက် အထွေထွေ အသုံးစရိတ်ငွေကျပ် ၃ သိန်းကို ကျောင်းအုပ်ဆရာမကြီးထံ ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ မြန်မာ့စီးပွားရေးဘဏ်၊ ဘားအံခရိုင်ဘဏ်ခွဲတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်စားများအား စနစ်တကျပင်စင်လစာထုတ်ပေးနေမှုအခြေ အနေ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား တစ်ဦးလျှင် စားသုံးဆီ တစ်ပိဿာခွဲနှုန်းကို လွင်မောင်မောင်ကုမ္ပဏီမှသက်သာသောနှုန်းထားဖြင့် ရောင်းချပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ကျောင်းသူများ အောင်ချက်မြင့်မားရေးနှင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်ချက်များ၊ ထပ်မံဖြည့်ဆည်းပေးရမည့်ကိစ္စရပ် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်ဖြစ်ပြီး နယ်မြေဒေသအခြေအနေကိုလည်းထည့်သွင်းဆွေးနွေးပေးစေလိုကာ အောင်ချက်မြင့်မားရေးအတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကော်မတီဝင်များက ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ် အစိုးရအဖွဲ့ဝင်များက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ကျောင်းသား၊ကျောင်းသူများ၏ ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ စာရင်းဇယားမှန်ကန် ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးက ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင် စွာကျင်းပနိုင်ရေးနှင့်အောင်ချက်မြင့်မားရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးတင်ပြပြီး ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးတင်ပြကြကာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေး တင်ပြ ကြသည်။

ထိုသို့ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

HOT NEWS
January 4,