ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲအခမ်းအနား ကျင်းပ

Ministry of Home Affairs/ နေပြည်တော် / October 29, 2025

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက် နံနက် ၈ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သွေးလှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများရှိ ဝန်ထမ်း အမျိုးသား ၅ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၉ ဦးတို့မှ သွေးလှူဒါန်းနေမှုအား ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေ လှည့်လည်ကြည့် ရှု၍ အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။