ကလောမြို့နယ်ရှိ အထင်ကရနေရာများသို့ ပြည်တွင်းခရီးသွားများလည်ပတ်မှု အဆက်မပြတ်ရှိနေ

ကလောမြို့နယ်ရှိ အထင်ကရနေရာများသို့ ပြည်တွင်းခရီးသွားများလည်ပတ်မှု အဆက်မပြတ်ရှိနေ


Ministry of Information/ Naypyitaw / February 01, 2024
image_latest


ရန်ကုန် ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ် ကလောမြို့နယ်ရှိ အထင်ကရနေရာများသို့ ပြည်တွင်းခရီးသွားများ လည်ပတ်မှု အဆက်မပြတ်ရှိနေကြောင်း ကလောမြို့ကားအငှားဝန်ဆောင်မှုလုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။

“ကလောမှာ လည်စရာအတော်များတယ်။ ကလောမှာ အထင်ကရနေရာတွေဖြစ်ပြီး နာမည်ကြီးနေတဲ့ လူအသွားများတာက ဗျိုက်တောင်တို့၊ မနက်အစောကြီးတိမ်ပင်လယ် ကြည့်တဲ့နေရာနဲ့ ပလောင်တောင်ဗျူးပွိုင့်ပေါ့။ ပလောင်လူမျိုးတွေနေတဲ့ ဗျူးပွိင့်ပေါ့။ အဲဒီနေရာတွေ အသွားများကြတယ်။ လာတဲ့သူက အဆက်မပြတ်တော့ ရှိနေတယ်”ဟု ကလောမြို့ ကားအငှားဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

ထို့အပြင် အခြားလည်ပတ်စရာများ၊ သဘာဝစိုက်ခင်းများ၊ မြစ်နဒီသဘာဝလိုဏ်ဂူ စသည့်နေရာများသို့လည်း လာရောက်လည်ပတ်မှုများလည်း အဆက်မပြတ်ရှိကြောင်း ဒေသခံအချို့ထံမှသိရသည်။

ကိုဗစ်ကပ်ရောဂါ မဖြစ်မီကာလများ၌ ကလောမြို့နယ်သည် ပြည်ပခရီးသွားများ လာရောက်လည်ပတ်မှုများပြားပြီး ပြည်ပခရီးသွားများအနေဖြင့် ကလောမြို့ရှိ ဟိုတယ်၊ မိုတယ်များတွင် အထိုင်ချကာ အင်းလေးနှင့် ပလောင်တောင်ဗျူးပွိုင့်များသို့ ခြေကျင်ညအိပ်ခရီးများဖြင့်သွားရောက်လည်ပတ်မှုများ ရှိခဲ့သည်။

ကလောမြို့၏ အစည်ကားဆုံးပွဲတော်မှာ တန်ဆောင်တိုင်မီးထွန်းပွဲဖြစ်ပြီး လက်ရှိကာလတွင် ရိုးရာရှင်ပြုပွဲများအပါအဝင် ရိုးရာပွဲတော်များကို ပြုလုပ်လေ့ရှိကြကြောင်းဒေသခံများ ထံမှသိရသည်။

သစ်တော်