ကျုံမငေးမြို့အတွင်းရှိ ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးလျက်ရှိ

ကျုံမငေးမြို့အတွင်းရှိ ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးလျက်ရှိ


Ministry of Information/ Naypyitaw / November 08, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၇

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ရှိ စွယ်တော်ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။

ကြည့်ရှုအားပေး

အဆိုပါဘုရားပရိဝုဏ်အတွင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကျုံမငေးမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပျက်စီး/ ပျောက်ဆုံးသွားသူများနှင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူ ပြည်သူများကို ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် စိစစ် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများက ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ရရှိရေးအတွက် ဥပဒေနှင့်အညီ စိစစ်ကာ One Stop Service ဖြင့် လုပ်ငန်းစဉ်အဆင့်အဆင့်ဆောင်ရွက်ပေးနေမှုအခြေအနေများကိုလည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ် ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှုအခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများအား လုပ်ငန်းဆိုင်ရာ အခက်အခဲများကို မေးမြန်း၍ ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီးနောက် One Stop Service ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID နံပါတ်ပါကတ်တို့ကို သက်ဆိုင်ရာ ကာယကံရှင်များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,