ခေါင်လန်ဖူးမြို့နယ် ခေါင်လန်ဖူး - ဆရမ်ဖာလမ်း မြေသားလမ်းနှစ်မိုင် ဖောက်လုပ်ပြီးစီး

ခေါင်လန်ဖူးမြို့နယ် ခေါင်လန်ဖူး - ဆရမ်ဖာလမ်း မြေသားလမ်းနှစ်မိုင် ဖောက်လုပ်ပြီးစီး


Ministry of Information/ Naypyitaw / April 26, 2024
image_latest


နေပြည်တော် ဧပြီ ၂၅

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ် ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၆၃ သန်းဖြင့် ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် ခေါင်လန်ဖူးမှ ဆရမ်ဖာကျေးရွာသို့ ဆက်သွယ်သည့် လမ်း ၁၂ မိုင် ၄ ဖာလုံအနက် ၂ မိုင် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်‌ရေးရုံးမှ သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၅၄၈၈ ဒသမ ၈၈၂ သန်းဖြင့် ကချင်ပြည်နယ်အတွင်း လမ်း/ တံတားလုပ်ငန်း၊ ရေရှိရေးလုပ်ငန်း၊ မီးလင်းရေးလုပ်ငန်း၊ သာသနာရေးလုပ်ငန်းနှင့် တန်ဖိုးနည်းဝန်ထမ်းအိမ်ရာတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,