ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ CDF-Zoland အမည်ခံ အကြမ်းဖက်အဖွဲ့က ပညာရေးဝန်ထမ်း တစ်ဦးအား အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ CDF-Zoland အမည်ခံ အကြမ်းဖက်အဖွဲ့က ပညာရေးဝန်ထမ်း တစ်ဦးအား အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်


Ministry of Home Affairs/ Naypyitaw / August 26, 2025


   လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းများကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။

   ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၅ ရက် မွန်းလွဲ ၁ နာရီတွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆိုင်းဇန်ကျေးရွာ၌ ပညာရေးဝန်ထမ်း တစ်ဦးအား CDF-Zoland အမည်ခံ အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၉ နာရီ ၃၀ မိနစ်တွင် အဆိုပါကျေးရွာနေ ဆိုင်းဇန်ကျေးရွာအခြေခံပညာ အထက်တန်းကျောင်းမှ ခေတ္တကျောင်းအုပ်ဖြစ်သူ ဒေါ်ကျင်းဆန်းကိမ်း(ခ)သီတာဆန်း(၃၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် CDF-Zoland အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ) ရောက်ရှိလာပြီး “သတင်းပေး/ဒလန်” ဟုပြောဆို၍ အကြမ်းဖက် ဖမ်းဆီး‌ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

  အထက်ပါဖြစ်စဉ်မှ နိုင်ငံ့ဝန်ထမ်းများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူအား ပြန်လည်ကယ်တင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။