စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေး

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေး


Ministry of Information/ Naypyitaw / September 19, 2024
image_latest


ဘားအံ စက်တင်ဘာ ၁၉

ကရင်ပြည်နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင် ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ကျောင်းစာကြည့်တိုက်များ၊ ပြည်သူ့စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်အောင်၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားတိုးတက်လာအောင် လုပ်ဆောင်ကြရမည့်နည်းလမ်းများကို သိရှိနားလည်လာမည်ဖြစ်ပြီး စာကြည့်တိုက်မှူးများ၊ စာကြည့် တိုက်ကော်မတီဝင်များအနေဖြင့် မိမိတို့ဆောင်ရွက်ကြရသည့် စာကြည့်တိုက်များတွင် တွေ့ကြုံနိုင်သည့်အတွေ့အကြုံများ၊ အခက်အခဲများ ကို ဆွေးနွေးအကြံပြုဆောင်ရွက်ပေးကြစေလိုကြောင်း၊  ထိုသို့ဆွေးနွေးအကြံပြု ဆောင်ရွက်ခြင်းဖြင့် ယခုအလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသည့်အကျိုးရလဒ်များ၊ အတွေးအခေါ်များကို မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်စေရန်၊ စာကြည့်တိုက်များ အစဉ်ရှင်သန်စေရန်၊ စာဖတ်ရှိန်မြင့်မားကြစေရန် ဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အလုပ်ရုံဆွေးနွေးပွဲအတွက် ငွေကျပ် ၅၇၅၅၀၀ဝိ/-(ငါးဆယ်ခုနှစ်သိန်းငါးသောင်းငါးထောင်ကျပ်)ကို ထောက်ပံ့ပေးအပ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက အလုပ်ရုံဆွေးနွေးပွဲလုပ်ငန်းစဉ်ကို ရှင်းလင်းတင်ပြကာ ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက အခြေခံပညာကျောင်းများ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးစာတမ်း၊ ရပ်ကွက်/ကျေးရွာပြည်သူ့စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးစာတမ်း၊ စာဖတ်ရှိန်မြှင့်တင်ရေးစာတမ်းတို့ကို ဖတ်ကြားတင်ပြကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြမည့်သူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြသည်။

ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် လူမှုရေးအသင်းအဖွဲ့များ၊ လူငယ်ကိုယ်စားလှယ်များ၊ စာရေးဆရာအသင်းမှ ကိုယ်စားလှယ်များ၊ ကရင်၊ မွန်၊ ရှမ်း၊ ဗမာ၊ ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများမှ ကိုယ်စားလှယ်များ၊ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များမှတာဝန်ခံများ၊ အခြေခံပညာကျောင်းစာကြည့်တိုက်များမှ တာဝန်ခံများကအုပ်စု ()စုခွဲ၍ အခြေခံပညာကျောင်းများ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ကွက်/ကျေးရွာပြည်သူ့စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာများကို အုပ်စုလိုက်ဆွေးနွေးသွားမည်ဖြစ်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့ထိ ၂ ရက်ကြာ ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရ သည်။

အလားတူ  ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများသည် နေ့လယ်ပိုင်းက  ဘားအံမြို့နယ်၊ ဒုံရင်းအခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများနှင့်အတူ အထူးနေ့လယ်စာကို သုံးဆောင်ခဲ့ကြသည်။

ထိုသို့ အထူးနေ့လယ်စာသုံးဆောင်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ၏စားရေရိက္ခာဖူလုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် အားကိုးအားထားပြုရသော စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးတတ်သိပညာရှင်များ၊ ကျွမ်းကျင်ဝန်ထမ်းများ ဖြစ်လာကြမည့် ကျောင်း သား၊ ကျောင်းသူများကို အသိအမှတ်ပြုတန်ဖိုးထားသောအားဖြင့် ယခုကဲ့သို့ အထူးနေ့လယ်စာကိုအတူတကွ လာရောက် သုံးဆောင်ခြင်းဖြစ်ကြောင်း၊ အဆောင်နေခွင့်ပေးထားပြီး နေထိုင်စားသောက်စရိတ် အခမဲ့ဖြင့် ပညာရှင်များကို မွေးထုတ်ပေးနေခြင်းဖြစ်သည့်အတွက် ကျောင်းစည်းကမ်း၊ အဆောင်စည်းကမ်းများကိုလိုက်နာပြီး အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ဖြင့် ပညာကိုဆည်းပူးလေ့လာသင်ယူ ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အထူးနေ့လယ်စာအတွက် ငွေကျပ် ၅၉၈၅၀ဝိ/-(ငါးသိန်းကိုးသောင်းရှစ်ထောင်ငါးရာ)ကို ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်ပြီး ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးက သင်ကြားရေးအထောက်အကူပြု ဝက်() ကောင်၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးက ဟင်းသီးဟင်းရွက်များကို ထောက်ပံ့ပေးအပ်ကာ အဆိုပါအထက် တန်းကျောင်းရှိ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး ကျောင်းသား၊ ကျောင်းသူ ၉၄ ဦး၊ ဆရာ၊ ဆရာမ ၁၈ ဦးတို့နှင့်အတူ အထူးနေ့လယ်စာကိုအတူတကွ သုံးဆောင်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ စားဖိုဆောင်နှင့် School Garden ၀ ဒဿမ ၅၀ ဧကတို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)