စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ (CPU) ၏ ညှိနှိုင်းအစည်းအဝေး ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ (CPU) ၏ ညှိနှိုင်းအစည်းအဝေး ကျင်းပ


Ministry of Information/ Naypyitaw / April 25, 2024
image_latest


နေပြည်တော် ဧပြီ ၂၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့ (CPU) ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးရုံးအစည်း အဝေးခန်းမ၌ကျင်းပရာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြသည်။

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက အဂတိလိုက်စားမှု တိုက်ဖျက်ရေး၏ အနှစ်သာရနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မိမိတို့ဝန်ကြီးဌာနအောက်ရှိဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများ သိရှိလိုက်နာနိုင်ကြရန် တာဝန်ရှိသူအဆင့်ဆင့်က အသိပညာပေးထိန်းကျောင်း ကြပ်မတ်ရန်လိုကြောင်း၊ အများပြည်သူ အကျိုးစီးပွားကာကွယ်ပေးရန်နှင့် အဂတိကင်းစင်သော လူအဖွဲ့ အစည်းဖြစ်စေရန် မိမိတို့အားလုံး တစ်ညီတစ်ညွတ်တည်း ကြိုးပမ်းသွားကြရန်နှင့် မိမိတို့နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် ပြည်သူများ၏ ယုံကြည်မှုကိုရရှိပြီး ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ် ကို ဖြစ်ပေါ်စေရေး စနစ်တကျဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် နိုင်ငံတော်ကချမှတ်ထားသော နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း၊ ကျင့်ဝတ်စံနှုန်းများနှင့်အညီ ဖြောင့်မတ်တည်ကြည်စွာဖြင့် တာဝန်ဝတ္တရားများ ထမ်းဆောင်နိုင်ကြစေရန် မြှင့်တင်နိုင်ရေး အသိပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် ကိစ္စရပ်များ၊ နိုင်ငံတော်၏မူဝါဒများနှင့် ဆန့်ကျင်ပြီး ပုဂ္ဂိုလ်ရေးအကျိုးအမြတ် ရယူဆောင်ရွက်မှုများနှင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်၊ ဦးတည်ချက်များကို သွေဖည်ပြီး နိုင်ငံတော် သစ္စာဖောက်ဖျက်မှုများကို ကျူးလွန်မှုမဖြစ်ပေါ်စေရန်ဦးစီးဌာနအလိုက် အသိပညာပေးဟောပြောခြင်းများ ပုံမှန်ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 သတင်းစဉ်

HOT NEWS
January 4,