စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပ


Ministry of Information/ Naypyitaw / July 15, 2025
image_latest


နေပြည်တော် ဇူလိုင် ၁၄

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးဒေါ်သန်းသန်းလင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ငါးမျိုးစိုက်ထည့်ပွဲတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာထမ်းများနှင့်အမှုထမ်းများက မင်္ဂလာကန်အတွင်းသို့ ကြီးထွားနှုန်းမြန်ဆန်သည့် ငါးခုံးမနှင့်ငါးမြစ်ချင်း သားပေါက်ကောင်ရေ ၂၀၀၀၀ ကျော် စိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။                

သတင်းစဉ်